ထရမ့်ပ်ကျန်းမာရေးအတွက် အစာရှောင်ဆုတောင်းခဲ့တဲ့ အိန္ဒိယအမျိုးသား သေဆုံး

twitter/ANI

အမေရိကန်နိုင်ငံသမ္မတရဲ့ကျန်းမာရေးအတွက် အစာရှောင်ဆုတောင်းပေးနေတဲ့ အိန္ဒိယအမျိုးသားတစ်ယောက်ဟာ နှလုံးရပ်ပြီးသေဆုံးသွားခဲ့ကြောင်း thehill သတင်းစာမျက်နှာကဆိုပါတယ်။ ၄င်းအမျိုးသားဟာ ကိုဗစ်ကူးစက်ခံနေရတဲ့ ကန်သမ္မတထရမ့်ပ် အမြန်ဆုံးကျန်းမာရေးကောင်းမွန်စေဖို့ အစာရှောင်ကုသိုလ်ယူခဲ့ရာ လေးရက်အကြာမှာပဲ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူအမျိုးသားနာမည်က ဘူဆာကရစ်ရှနဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက သူဟာ မိသားစုနဲ့အတူ အိမ်မှာ လက်ဖက်ရည်သောက်နေရင်းနဲ့ ရုတ်တရက်လဲကျသွားခဲ့တာပါ။ ဆေးရုံပို့တဲ့အခါမှာတော့ သူဟာ အသက်မရှိတော့ပါဘူး။ သေဆုံးချိန်မှာ ကရစ်ရှနဟာ အသက်၃၃နှစ်ပဲရှိပါသေးတယ်။

သူနဲ့ ဝမ်းကွဲညီအစ်ကိုတော်စပ်သူ ဘီဗီဗက်ခ်ကတော့ အခုလိုဆိုပါတယ်။ “ထရမ့်ပ်က ကိုဗစ်ဖြစ်နေတဲ့သတင်းကြားပြီး သူစိတ်ဓာတ်တွေကျနေတာ။ အစားအသောက်လည်း သေချာမစားဘူး။ ကျွန်တော်တို့ သူ့ကို ဆေးရုံပို့တော့ ဆရာဝန်တွေက သူဆုံးသွားပြီလို့ ပြောတယ်။ နှလုံးရပ်သွားတာ။”

READ
သင့်ကို တဏှာစိတ်ကြောင့်သာ တွဲနေတဲ့ယောကျာ်းမှန်း သိသာစေမဲ့ အချက်များ

ကန်သမ္မတထရမ့်ပ်ဟာ အောက်တိုဘာ၁ရက်နေ့တုန်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီလို့ ကြေညာခဲ့တာပါ။ သူဟာ အမျိုးသားစစ်တပ်ဆေးစင်တာမှာ ဆေးကုသမှုခံယူနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စနေတုန်းကတော့ သမ္မတထရမ့်ပ်မှာ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားနိုင်ခြေမရှိတော့ဘူးလို့ အိမ်ဖြူတော်က ကြေညာခဲ့ပေမယ့် ဗိုင်းရပ်စ် negative ဖြစ်နေပြီလို့တော့ မကြေညာခဲ့ပါဘူး။

ကရစ်ရှနဟာ ထရမ့်ပ်ကို ၄င်းအိပ်မက်ထဲမှာမြင်မက်ပြီးနောက်ပိုင်း သူ့ဘုရားအဖြစ် ထရမ့်ပ်ကိုကိုးကွယ်ခဲ့တာပါ။  သူဟာ ထရမ့်ပ်ကိုဂုဏ်ပြုတဲ့အနေနဲ့ အမြင့် ၆ပေရှိတဲ့ထရမ့်ပ်ရုပ်ထုကို ထုထားပါသေးတယ်။ သူနေတဲ့အိမ်ကိုလည်း ထရမ့်ပ်ရဲ့ဘုရားကျောင်းဆိုပြီး ခရစ်ရှနကသမုတ်ထားပါတယ်။ သူဟာ ယခုနှစ်အစောပိုင်းက ထရမ့်ပ်မွေးနေ့မှာလည်း သူ့အိမ်ကိုအလှဆင်ထားခဲ့ပါသေးတယ်။

READ
ဘယ်လိုနေရာမှာမဆို ပုံကောင်းကောင်းရအောင် ရိုက်နိုင်တဲ့ ဓာတ်ပုံဆရာမလေးရဲ့လက်ရာများ

ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက အိန္ဒိယကိုထရမ့်ပ်လာတဲ့အချိန်မှာလည်း ကရစ်ရှနက ထရမ့်ပ်နဲ့တွေ့ဆုံဖို့ မျှော်လင့်ခဲ့ပါသေးတယ်။ ”ကျွန်တော့ဘုရားက အိန္ဒိယကြွလာမှာ ဂုဏ်ယူမိတယ်။ ကျွန်တော်က ထရမ့်ကို ဘုရားလိုကိုးကွယ်ပါတယ်။ ဒါကြောင့်မကြာခင် သူနဲ့တွေ့ရဖို့မျှော်လင့်တယ်။ သူက အကြမ်းဖက်ဝါဒကို ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့တာ။” လို့သူမသေခင်က ပြောခဲ့ဖူးကြောင်းလည်း သိရပါတယ်။

လင်းလင်း

SHARE