အမေရိကန်တစ်နိုင်ငံလုံးပတ်ပြီး စစ်ပြန်ကြီးတွေကို အကူအညီပေးနေတဲ့ အမျိုးသား

Twitter/iamrodneysmith

အမေရိကန်နိုင်ငံသား ရောဘတ်စမစ်ဂျူနီယာဟာ တစ်နိုင်ငံလုံးကိုပတ်ပြီး စစ်အတွင်းမှာ နိုင်ငံအတွက် အသက်ပေးတိုက်ခိုက်ခဲ့တဲ့ စစ်ပြန်ကြီးတွေကို အကူအညီပေးခဲ့ကြောင်း wsfa12 သတင်းအရ သိရပါတယ်။ တကယ်တော့ ရောဘတ်ဟာ မြက်ခင်းရိတ်သမားတစ်ယောက် ဖြစ်ပါတယ်။

သူဟာ Raising Men Lawn Care Service အမည်ရတဲ့ ဖောင်ဒေးရှင်းတစ်ခုကို ထူထောင်ထားပြီး အမေရိကန်တစ်လွှား ပြည်နယ်တစ်ခုကနေ တစ်ခုကို သွားကာ စစ်ပြန်ကြီးတွေအတွက် မြက်အလကားရိတ်ပေးတဲ့ ၀န်ဆောင်မှုကို ပေးနေခဲ့တာပါ။ အခုဆိုရင်တော့ ရောဘတ်ဟာ အမေရိကန်ထဲက ပြည်နယ်ပေါင်း (၅၀) ကို သွားရောက်ခဲ့ပြီးနောက်မှာ သူနေထိုင်ရာ အလယ်ဘားမားပြည်နယ်က ဟန့်စ်ဗီးလ်မြို့ကို ပြန်လည်ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ရောဘတ်ဟာ နောက်ဆုံးအနေနဲ့ အမေရိကန်မှာ သွားစရာပြည်နယ်တွေဆိုလို့ အလက်စကာနဲ့ ဟာဝိုင်ယီနှစ်ခုသာ ကျန်ပါတော့တယ်။ ရောဘတ်ဟာ သူ့ရဲ့ မြက်ရိတ်ဝန်ဆောင်မှုကို အသက်အရွယ်ကြီးရင့်နေသူတွေ၊ မသန်စွမ်းသူတွေ၊ Single mother တွေနဲ့ စစ်ပြန်ကြီးအတွက် အခကြေးငွေမယူပဲ အလကားလုပ်ကိုင်ပေးနေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ခရစ္စမတ်ကာလတွေမှာလည်း အိမ်ရာမဲ့တွေကို သူက လက်ဆောင်တွေ ဝေငှခဲ့ပါသေးတယ်။

READ
နွမ်းပါးသူတွေကို ဘူးခွံ/ ပုလင်းခွံတွေနဲ့ အိမ်လိုက်ဆောက်ပေးနေတဲ့ ဘိုလီးဗီးယန်းသူ

နိုင်ငံတစ်လွှားက ပြည်နယ်ပေါင်းအတော်များများကို ခရီးထွက်ပြီးနောက်မှာတော့ ရောဘတ်က စစ်ပြန်ကြီးတွေနဲ့ သူတို့ရဲ့ အတွေ့အကြုံတွေကို မျှဝေသိရှိရတာတွေကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။ သူ့အနေနဲ့ နိုင်ငံအတွက် တစ်ချိန်က ဂုဏ်ဆောင်ပေးခဲ့ကြတဲ့ စစ်သားဟောင်းကြီးတွေကို အခုလို မြက်တွေရိတ်ပြီး ကူညီခွင့်ရတဲ့အတွက်လည်း ၀မ်းသာမိကြောင်း ဆိုခဲ့ပါသေးတယ်။

အောက်မှာတွေ့ရမှာကတော့ စေတနာဖြူစင်လှတဲ့ ရောဘတ်ရဲ့ မြက်ရိတ်ဝန်ဆောင်မှုပေးနေတဲ့ ဗီဒီယိုလေးပါ။ ရောဘတ်ဟာ မသန်စွမ်းကောင်လေး ဆားလ်ကို ဘယ်လိုမြက်ရိတ်ရမလဲဆိုတာ သင်ပေးနေခဲ့တာကို ကြည်နူးဖွယ်တွေ့ရမှာ ဖြစ်ပါတယ်။

READ
အိန္ဒိယနိုင်ငံအတွက် မှတ်ကျောက်တင်နိုင်ခဲ့သူ ခြေချောင်း(၁၂)ချောင်းပိုင်ရှင် Swapna Barman

 

လင်းလင်း (ShweMom)

SHARE