Joker လိုမျိုး အရယ်မရပ်နိုင်တဲ့ Pathological Laughter Disorder ခံစားနေရသူ

YouTube- Insider, Joker (2019)

Joker ဇာတ်ကောင်ဟာ comic ကစတဲ့ ဇာတ်ကောင်တစ်ကောင်ဖြစ်ပေမယ့်လို့ Batman နဲ့ပူးတွဲပြီးရုပ်ရှင်လောကထဲကိုရောက်လာကာ အခုအချိန်မှာတော့ Joaquin Phoenix ရဲ့ Joker solo movie ဟာလည်း ရုပ်ရှင်ရုံတွေမှာ ရုံတင်ခဲ့ပြီး တော်တော်လေးခေတ်စားနေတဲ့အခေအြနေအတစ်ခုပါ။ Joker လို့ဆိုလိုက်တာနဲ့ ကျွန်တော်တို့ ဘာအရင်ဆုံးငပြေးမြင်တတ်ကြသလဲ။ အစိမ်းရောင်ဆံပင်၊ ဖြူစွတ်နေအောင်ဆေးခြယ်ထားတဲ့ မျက်နှာမှာ အနီရောင်ဆွေးနေတဲ့ အပြံးတစ်ခုကို ရေးဆွဲထားတာပြီးရင် နောက်ဆုံးသတိထားမိတာဟာ သူ့ရဲ့ရယ်သံဖြစ်ပါတယ်။

imdb/Joker (2019)
imdb/Joker (2019)

Joker ဇာတ်ကောင်မှာ အရေးအကြီးဆုံး အသက်သွေးကြောဖြစ်တဲ့ရယ်သံဟာဆိုရင် Joaquin Phoenix နဲ့ သိပ်ကိုလိုက်ဖက်လွန်းတယ်လို့အများကသတ်မှတ်နေကြတာပါ။ ဒါပေမဲ့ ရုပ်ရှင်ထဲ၊ ဇာတ်ကောင်ထဲက ဒီရယ်သံဟာ တကယ်တော့ အပြင်မှာ ရောဂါတစ်မျိုးအဖြစ်ရှိနေတယ်ဆိုတာ သင်သိပါသလား။ စိတ်ပျော်ရင်၊ စိတ်လှုပ်ရှားရင်၊ ဒေါသထွက်ရင် စသဖြင့် စိတ်ခံစားချက်တစ်ခုကို ရုတ်တရက်မြန်မြန်ဆန်ဆန်နဲ့ပြင်းပြင်းထန်ထန် ခံစားနေရပြီဆိုရင် အဆက်မပြတ်ရယ်သံတွေထွက်လာတတ်တဲ့ဝေဒနာပါ။ အပြင်ကလူတွေကြည့်မယ်ဆိုရင်တော့ ဒီလူဘာအရုးထတာလဲ၊ ငါတို့ကိုတမင်သက်သက်များလှောင်ပြောင်နေတာလားစသည်ဖြင့် ထင်ရမှာပါ။

Joker (2019)

တကယ့်လူ့လောကမှလည်း Joker ဇာတ်ကောင်လိုမျိုး အဆုံးမသတ်နိုင်တဲ့ရယ်မောခြင်းဝေဒနာ Pathological Laughter disorder ခံစားနေရတဲ့သူတွေအများကြီးရှိလို့နေပါတယ်။ အဲဒီအထဲကမှ ဗာဂျေးနီးယားကမ်းခြေမှာနေထိုင်တဲ့ Mr. Lotan ဟာလည်း တစ်ယောက်အပါအဝင်ပါပဲ။ သူဆိုရင် တစ်ခါတစ်ခါရယ်ရင် ၁၀ မိနစ်လောက်က အနည်းဆုံးကြာတတ်တဲ့အတွက် အသက် ၄၇ နှစ်အရွယ် လူတစ်ဦးအနေနဲ့ကျတော့ အသက်ရှူရခက်လာမယ်၊ မောလာမယ် စသဖြင့် ဖြစ်စေပါတယ်။ အချိန်မဟုတ်အခါမဟုတ် အစိုးမရဘဲ ထထရယ်တတ်တာကြောင့် Mr. Lotan အနေနဲ့ စားသောက်ဆိုင်တွေမှာ တော်ရုံသွားမစားရဲ၊ သူငယ်ချင်းတွေနဲ့ အပြင်ထွက်ပြီးသောက်စားပြန်လို့ ထရယ်မိရင်လည်း ဘေးဝိုင်းတွေက သူတို့ကိုလှောင်ပါတယ်၊ သက်သက်ရန်စပါတယ်ဆိုပြီး အထင်လွဲကာ အထိုးခံရပေါင်း၊ ရန်ဖြစ်ရပေါင်းလည်း များနေပြီဖြစ်တဲ့အတွက်ကြောင့် အိမ်ထဲကနေအိမ်ပြင်ကိုဆို မလိုအပ်ဘဲမထွပ်တဲ့အထိ ယုံကြည်မှုတွေ ကျဆင်းနေခဲ့တာပါ။

READ
ထုတ်ချင်းပေါက်မြင်ရတဲ့အဝတ်စားနဲ့ အစီအစဉ်တင်ဆက်ခဲ့လို့ဝေဖန်ခံနေရတဲ့အမျိုးသမီး

အခုလည်း အင်တာဗျူးအစီအစဉ်မျာ မောဟိုက်သည်အထိရယ်မောနေတာကိုပဲကြည့်။ ဒီဝေဒနာစတင်ခဲ့တာဟာ ၂၀၀၃ ခုနှစ်တုန်းကပါ။ အဲဒီနှစ်တုန်းက Mr. Lotan ဟာ ချစ်သူနဲ့စေ့စပ်ပြီးပြီးချင်း အိမ်အပြန်လမ်းမှာပဲ အရက်မူးနေတဲ့ကားသမားကနေ ချစ်သူရော၊ အမေရောကိုပါ ဝင်တိုက်ခဲ့ပါတယ်။ စေ့စပ်ပြီးခါစချစ်သူလေးကတော့ နေရာမှာတင်ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး မိခင်ဖြစ်သူကတော့ ၃ ရက်အကြာမှာ သေဆုံးသွားခဲ့ပါတယ်။ အဲဒီကစပြီး Mr. Lotan တစ်ယောက် အကြီးအကျယ်စိတ်ထိခိုက်သွားခဲ့ကာ PBA ဖြစ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ဆယ်စုနှစ်တစ်ခုကျော်ကြာနေထိုင်ခဲ့အပြီး Joker လည်း ရုံတင်ရော Mr. Lotan တစ်ယောက် သူ့ဘဝအကြောင်း ရိုက်ပြထားသလို၊ သူ့ကိုယ်သူမှန်ထဲပြန်မြင်နေရသလိုခံစားရတဲ့အတွက် အခုလိုထုတ်ပြောခဲ့ခြင်းပါဆိုဆိုပြီး Lad Bible မှာ ဖော်ပြလာခဲ့ပါတယ်။

YouTube- Insider

လူတွေက သူ့ရဲ့အတောမသတ်နိုင်တဲ့ ရယ်မောမှုတွေကြောင့် အရူးတစ်ယောက်လို ရယ်နေတာကြောင့် ဒီလူကဆေးသမားလား၊ အရက်ကြောင်ကြောင်နေတာလား၊ ရူးများနေသလားစသဖြင့် အထင်သေးကြောက်ရွံ့တဲ့မျက်လုံးတွေနဲ့ အကြည့်ခံခဲ့ရာတာကြောင့် သူ့ဘဝကြီးသူ စိတ်ပျက်ရပေါင်းလည်း များနေပါပြီတဲ့။ တစ်ခါတစ်ခါရယ်ပြီးတိုင်း လည်ချောင်းကြီးတွေနာပြီး ခေါင်းတွေလည်းနာတယ်၊ မောလည်းမောလွန်းတာကြောင့် မခံနိုင်တော့ပါဘူးလို့လည်း ခံစားနေရတဲ့နာကျင်မှုတွေကို ထုတ်ပြလာခဲ့ပါတော့တယ်။ ချစ်သူနဲ့ကလေးတွေကျန်ခဲ့တာကြောင့်တော့ တွယ်တာစရာလေးတွေရှိနေပေမယ့်လည်း တစ်ခါတစ်လေမှာ သူတို့လေးတွေနဲ့ စကားပြောတိုင်းလည်း အခက်အခဲဖြစ်ရတာတွေရှိပမေယ့်လည်း အနားက သူ့ရောဂါကို သိနေတဲ့သူတချို့ကြောင့်တော့ စိတ်သက်သာရာရှိနေပါတော့တယ်။

READ
ပရိသတ်အချစ်တော် ကမ္ဘာကျော်ဘောလိဝုဒ်သရုပ်ဆောင် Aamir Khan ရဲ့ဘ၀အကြောင်း

Penny

SHARE