မတော်တဆမှုကြောင့် ဦးနှောက်တစ်ခြမ်းပျက်ခဲ့ပေမယ့် ကျောင်းဆရာဖြစ်လာခဲ့သူ

@SP1DERBOI/Twitter

လူ့ဘဝမှာ လမ်းသွားလမ်းလာရင်းနဲ့ ကြုံခဲ့ဆုံခဲ့ရတဲ့အဖြစ်အပျက်တွေ များစွာရှိတတ်ပါတယ်။ minionman ဆိုတဲ့ Twitter account ပိုင်ရှင်ကတော့ ရထားစီးနတေုန်း သူဝတ်ထားတဲ့အင်္ကျီကို မိုက်တယ်ဆိုပြီး လာချီးကျူးတဲ့ သူစိမ်းအမျိုးသားတစ်ယောက်နဲ့ စကားလက်ဆုံကျသွားခဲ့ပြီး အဲဒီအမျိုးသားရဲ့ ဖြတ်သန်းခဲ့တဲ့ အံ့သြဖွယ်ဘဝအကြောင်းကို သိသွားကာ Twitter မှာ အခုလိုပဲ ပြန်လည်မျှဝေခဲ့ပါတယ်။

ထူးဆန်ုးပြီးရယ်စရာနည်းနည်းကောင်းနတဲ့ သူစိမ်းအမျိုးသားဟာ အသက် ၄၉ နှစ်အရွယ် Takalah Tan ပါတဲ့။ Tan ဟာ ၁၉၉၄ ပတ်ဝန်းကျင်လောက်တုန်းက အခုလိုမျိုးပုံစံမဟုတ်ဘဲ တည်တည်ကြည်ကြည်နဲ့ သွက်သွက်လက်လက်ဖျတ်လတ်နေတဲ့ လူငယ်လေးတစ်ယောက်ပါ။ မလေးရှားရဲ့ အနာဂတ်ငွေကြယ်ပွင့် ဖြစ်လာနိုင်ဖို့ အလားအလာတွေလည်း အများကြီးရှိလို့နေခဲ့တာပါ။ ပျောက်ကျားစစ်သား၊ lightweight ဘောက်စင်ချန်ပီယံ၊ အပြေးသမားနဲ့ ရေကူးရာမှာလည်း ကျွမ်းကျင်အဆင့် အားကစားသမားတို့ ဖြစ်ခဲ့တဲ့အပြင်ကိုမှ စင်္ကပူအမျိုးသားတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး ဝင်ခွင့်ရဖို့ခက်ခဲလွန်းတဲ့ ကုမ္ပဏီတစ်ခုမှာ လူအယောက် ၇ ထောင်လောက်ကို ကျော်ဖြတ်ကာ တစ်ဦးတည်း အရွေးခံခဲ့ရတဲ့သူလည်း ဖြစ်ခဲ့ပါသေးတယ်လို့ Red Cross မှာ ဖော်ပြထားခဲ့ပါတယ်။

အလုပ်မဆင်းခင် တစ်ပတ်အလိုမှာပဲ ကံဆိုးစွာနဲ့ သူမောင်းလာတဲ့မော်တော်ဆိုင်ကယ်နဲ့ ကားနဲ့ဝင်တိုက်ခဲ့ရာမှ အသက်အန္တာယ်ရှိတဲ့ ဒဏ်ရာတွေအပြည့်ရခဲ့ကာ အရေးပေါ်ခန်းထဲရောက်သွားခဲ့ပါတယ်။ ဆိုင်ကယ်မှောက်တဲ့အရှိန်ကြောင့် လေထဲကို မီတာ ၇၀ လောက်အထိ မြောက်တက်ကာ လမ်းမပေါ် ပြန်ကျသွားခဲ့ပါတော့တယ်။ ကံကောင်းချင်တော့ ဦးထုပ်ဆောင်းထားတဲ့အတွက် ဦးခေါင်းဟာ အပြင်ပိုင်းဘာမှထိခိုက်မှုမရှိခဲ့ပေမယ့်လည်း အတွင်းမှာတော့ ကတ္တရာလမ်းမနဲ့ဆိုင်ကယ်ဦးထုပ်တို့ကြား အရှိန်နဲ့သွားညပ်သလိုဖြစ်သွားခဲ့တာကြောင့် ဦးနှောက်မှာ သွေးယိုကာ  cerebral hemisphere တစ်ခုလုံး ခွဲစိတ်ကာဖယ်ထုတ်ပစ်ခဲ့ရသူပါ။ ဘယ်ဖက်ပုခုံး အဆစ်လွဲ၊ ညာနံရိုးသုံးချောင်းကျိုးတဲ့အပြင် ခန္ဓာကိုယ်ညာဖက်မှာရှိတဲ့ အရေပြားတွေအကုန် စုတ်ပြတ်သွားတဲ့အတွက် ပြန်ချပ်ခဲ့ရပါသေးတယ်။

နွေးထွေးလွန်းတဲ့ မိသားစုနဲ့မိတ်ဆွေတွေကြောင့်ပဲ အသက်အန္တာယ်မှ လွတ်မြောက်လာသည့်တိုင်အောင် စကားပြန်ပြောနိုင်၊ လမ်းပြန်လျှောက်နိုင်ခဲ့ကာ လူ့လောကထဲတစ်ဖန်ပြန်ဝင်လာနိုင်ခဲ့ပြီး အခုဆိုရင်တော့ ကျောင်းဆရာတစ်ယောက်အဖြစ်တောင် အသက်မွေးဝမ်းကျောင်းပြုနေခဲ့ပါပြီ။ အခုရထားစီးတာကလည်း သူ့လိုပဲ ဦးနှောက်ဒဏ်ရာရလို့ ဆေးရုံတင်ကုသနေရတဲ့ ကောင်မလေးတစ်ယောက်ကို သွားရောက်အားပေးစကားပြောဖို့ သွားနေတာလို့လည်း Twitter account ပိုင်ရှင်က တင်ထားခဲ့ပါသေးတယ်။

READ
မွန်မြတ်တဲ့အလုပ်အတွက် အအိပ်ဆင်းရဲခံကြရတဲ့ လေးစားဖွယ်ဆရာဝန်များ

Tan ကတော့ ဦးနှောက်တစ်ခြမ်းလောက် မရှိတော့ပေမယ့်လည်း လူနှစ်ယောက်စာလောက် ပမာဏနဲ့ ကြင်နာနွေးထွေးတတ်တဲ့ နှလုံးသားကြီးကို ပိုင်ဆိုင်ထားသူလေးပါပဲ။

Penny

SHARE