တွေ့သမျှ မိန်းမတိုင်းကို သတ်ပစ်မယ် ခြိမ်းခြောက်ခဲ့လို့ အမှုရင်ဆိုင်နေရတဲ့ FA လူငယ်

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလတုန်းက Christopher Cleary ဆိုသူအမျိုးသားရဲ့ Facebook page တစ်ခုကြောင့် နောက်ထပ်အစုလိုက်အပြုံလိုက် လူသတ်မှုကျူးလွန်နိုင်သူတစ်ယောက်လို့ ယူဆမိခဲ့ကြပြီး ဖမ်းဆီးထိန်းသိမ်းခြင်းပြုလုပ်ခဲ့ပါတယ်။

အကြောင်းကတော့ Christopher ဟာ Facebook ပေါ်မှာ အမျိုးသမီးတွေကို ရည်ရွယ်ကာ အသက်အန္တရာယ်ခြိမ်းခြောက်မှုပြုနေတဲ့ ပိုစ့်တစ်ခုကို တင်ထားခဲ့ပါတယ်။ ဒါတင်မကသေးဘဲ အဲဒီမတိုင်ခင်တုန်းကလည်း account ထဲမှာ ရှိသမျှမိန်းကလေးတွေရော friend မဖြစ်သေးတဲ့ မိန်းကလေးတွေကိုရောပါ message box ကနေပြီး “သတ်ပစ်မယ်” ဆိုတဲ့ စာတွေ တောက်လျှောက်ပို့နေခဲ့ပါတယ်။

ဒါဟာ နိုင်ငံဥပဒေအရဆိုရင်တော့ တတိယအဆင့် အကြမ်းဖက်မှုတစ်ခု ဖြစ်စေဖို့အတွက် ဦးတည်နေတာကြောင့် ပြစ်ဒဏ်ချမှတ်မယ်ဆိုရင် ထောင်ဒဏ် ၅ နှစ်အထိ ကျနိုင်တဲ့ အနေအထားမှာရှိနေပါတယ်။

AP

ဒီအပြင် Christopher ဟာ ၂၀၁၂ ခုနှစ်ကတည်းက အမျိုးသမီး ၈ ယောက်လောက်ကို လိုက်လံချောင်းမြောင်းတာတွေ၊ နောက်ယောင်ခံတာတွေမျိုး ပြုလုပ်ခဲ့တဲ့အတွက် ခဏခဏရဲအတိုင်ခံရဖူးပါတယ်။ ၂၀၁၆ ခုနှစ်တုန်းကလည်း ဆေးခြောက်အမှုနဲ့ ထိန်းသိမ်းခံခဲ့ရပြီး အာမခန့ နေနေတုန်းမှာတင် အွန်လိုင်းမှာတွေ့ခဲ့တဲ့ ဆယ်ကျော်သက်ကောင်မလေးနှစ်ယောက်ကိုလည်း အရှေ့ကလိုမျိုး ထပ်လုပ်ခဲ့တဲ့အတွက် သတိပေးခံခဲ့ရပါသေးတယ်။ ၂၀၁၇ ခုနှစ်မှာလည်း သူ့အမှုတွေကို ကိုင်တွယ်ဖြေရှင်းနေတဲ့ အရာရှိအမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုတွေပြုလုပ်ခဲ့တာကြောင့်လည်း အထိန်းသိမ်းခံခဲ့ရပါသေးတယ်။

READ
ရွှေပြားခင်းထားတဲ့ ရေကူးကန်နဲ့ မြေအောက် Spa တွေပါဝင်တဲ့ ပူတင်ရဲ့ စံနန်းတော်အသစ်
Facebook

သို့ပေမယ့် ဒီတစ်ခေါက်မှာတော့ အသက် ၂၇ နှစ်ရှိနေပြီဖြစ်တဲ့ Christopher Cleary ဟာ ဘဝသက်တမ်း ၃၀ နားကပ်နေပြီဖြစ်နေပေမယ့်လည်း အခုအချိန်အထိ ရည်းစားမထားဖူးသေးတဲ့အတွက်ကြောင့် ဒီလိုလုပ်ခြင်းအားဖြင့် သူ့ကို ပြန်စိတ်ဝင်စားမယ့် အမျိုးသမီးများ ရှိမလားဆိုပြီး လုပ်မိတာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ဒီလိုစကားတစ်ခွန်းတည်းကြောင့်နဲ့ တရားရုံးကနေပြီး လုပ်ခဲ့သမျှ ပြစ်ဒဏ်တွေအကုန်လုံးကို ပယ်ဖျက်ပေးဖို့အတွက် အခြေအနေများနေတယ်လို့ သိနေရပါတယ်။

Source: Independent

Penny

SHARE