ဓားနဲ့ (၁၃) ချက်ထိုးခဲ့တဲ့ချစ်သူကို တရားရုံးမှာလက်ထပ်ခွင့်တောင်းခဲ့တဲ့ အမျိုးသား

Shakur အမည်ရှိ အမျိုးသားဟာ ချစ်သူအမျိုးသမီးရဲ့ ဓားချက်တွေအောက်ကနေ မနည်းရုန်းထွက်လွတ်မြောက်ခဲ့လို့ ကံကောင်းထောက်မစွာနဲ့ အသက်မသေခဲ့တာဖြစ်ပါတယ်။

အခင်းမဖြစ်ပွားခင်အချိန်တုန်းက တရားခံအမျိုးသမီးဟာ အရက်သေစာသောက်သုံးထားခဲ့ပါတယ်။ နောက်မှာတော့ လက်ထပ်ဖို့စီစဉ်ထားတဲ့ အတူနေအမျိုးသားချစ်သူအား ချွန်ထက်သောဓားနှင့် လိုက်လံထိုးခဲ့တာပါ။

အမျိုးသားဟာ အငိုက်မိသွားခဲ့တဲ့အတွက်ကြောင့် ဓားထိုးချက်တွေမှာ ခေတ္တမရှောင်နိုင်ခဲ့ပါဘူး။ ခန္ဓာကိုယ်အနှံ့မှာ ဓားဒဏ်ရာပေါင်း (၁၃) ချက်ရရှိခဲ့ပြီး ထွက်ပြေးလွတ်မြောက်စဉ်မှာ ဆေးဝါးအကူတွေနဲ့ အချိန်မီတွေ့ခဲ့လို့သာ အသက်ရှင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒဏ်ရာဒဏ်ချက်တွေကြောင့် ဆေးရုံမှာ (၃) ပတ်တိတိအနားယူခဲ့ရပြီး သက်သာအောင်လုပ်ခဲ့ရပါတယ်။ Shakur တစ်ယောက်သက်သာလာပြီဆိုကာမှ တရားခံချစ်သူအမျိုးသမီးကို ရုံးတင်စစ်ဆေးခဲ့ပါတယ်။ ထောင်ဒဏ် (၆) နှစ်ကျခံနိုင်ဖွယ်ရာရှိတယ်လို့ ခန့်မှန်းရပြီး နောက်ဆုံးမှာတော့ အဆုံးသတ်စီရင်ချက် ချမယ့်နေ့ရက်သို့ရောက်ရှိလာခဲ့ပါတယ်။

east2west news

အဲဒီနေ့မှာ Shakur ဟာ ဘယ်သူမှမထင်မှတ်ထားတဲ့လုပ်ရပ်ကို စီရင်ချက်ချခါနီး မိနစ်ပိုင်းအလိုမှာ ရုတ်တရက်ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

east2west news

သေစေနိုင်လောက်တဲ့ ဓားချက်တွေကို ထိုးသွင်းခဲ့သူချစ်သူကိုမှ ရုတ်တရက်လက်ထပ်ခွင့်တောင်းခဲ့တာပါ။ တရားသူကြီးကိုလည်း သူတို့လက်ထပ်မင်္ဂလာပွဲကို ထပ်ပြီးရက်ရွှေ့ချင်တော့လို့ လျှော့လျှော့ပေါ့ပေါ့နဲ့ စီရင်ချက်စေချင်ကြောင်း၊ သူ့ရဲ့ချစ်သူဟာ အရက်မူးနေလို့သာ ဒီလိုလုပ်ရပ်မျိုးကို စိတ်လွတ်ပြီး လုပ်မိတာဖြစ်ကြောင်း အသနားခံခဲ့ပါတယ်။

READ
အဆော့သန်တဲ့ကလေးတွေကြောင့် ငိုရမလားရယ်ရမလား မသိတော့ဘူးဆိုတဲ့မိခင်
east2west news

Shakur ရဲ့ ချစ်သူ အမျိုးသမီးဟာ ပြစ်မှုထင်ရှားတဲ့အတွက် ထောင်ဒဏ်သေချာပေါက် ကျခံရမှာ ဖြစ်ပေမယ့် သူ့ရဲ့ တောင်းဆိုမှုကြောင့် အမိန့်ချမှတ်မယ့် တရားသူကြီးအတွက် အကြတ်ရိုက်စေခဲ့တယ်လို့ သိရပါတယ်။အခုအချိန်မှာတော့ စီရင်ချက်ချမှတ်မယ့်ရက်ကို ထပ်မံရွှေ့ပြောင်းခဲ့ကာ ရပ်ဆိုင်းထားတယ်လို့ဆိုပါတယ်။

Source: Daily Mail

Penny

SHARE