ဆေးရုံကို ဆီးအိမ်စစ်ဖို့အသွား လူမှားပြီး ခွဲစိတ်ခံလိုက်ရတဲ့ အမျိုးသား

အမျိုးသားတစ်ဦးဟာ ဆေးရုံဆီအသွား ဆရာဝန်တွေရဲ့ လူမှားပြီး ခွဲစိတ်မှုပြုလုပ်တာကို ခံလိုက်ရပါတယ်။ အမည်မဖော်လိုသူ ၄င်းအမျိုးသားဟာ ဆေးရုံမှာ ဆီးအိမ်တွင်း ကင်မရာထည့်ရိုက်ပြီး ရောဂါရှာတဲ့ cystoscopy ကို ပြုလုပ်ဖို့ စာရင်းသွင်းထားတာပါ။

ဒါပေမယ့် လူနာစာရင်းတွေ အမှားမှားအယွင်းယွင်းဖြစ်ပြီး ဆီးအိမ်စစ်ဖို့ရောက်လာတဲ့သူကို လိင်တံထိပ်ပိုင်း အရေပြားဖြတ်ပစ်ခဲ့တာ ဖြစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ နှစ်တုန်းက University Hospital of Leicester NHS မှာ ဖြစ်ပွားခဲ့တာပါ။ လူနာမှားယွင်းရုံတင်မကပဲ လူနာရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို မှားယွင်းပြီး ဖြတ်တောက်မိတဲ့အတွက် လူနာအတွက်ရော ဆေးရုံအတွက်မှာပါ ဆုံးရှုံးမှုတွေ ရှိခဲ့ရပါတယ်။

PA

ဒီအဖြစ်နဲ့ ပတ်သက်လို့ Leicestershire Live က ထိုအမျိုးသားရဲ့ အသက်ကို မေးတဲ့အခါ ဆေးရုံကော်မတီက လူနာဟာ အရွယ်ရောက်ပြီးသူ အမျိုးသားတစ်ဦး ဖြစ်တယ်ဆိုတာကလွဲလို့ များများစားစား မဖြေဆိုခဲ့ပါဘူး။ ဘာကြောင့် ဒီလိုအမှားမျိုး ပေါ်လာရသလဲဆိုတာလည်း ရေရေရာရာ မပြောပြခဲ့ဘူးလို့ သိရပါတယ်။

READ
ကလေးလိုချင်ပေမယ့်ဆန္ဒမပြည့်ဝရှာတဲ့ ကမ္ဘာ့တတိယအရပ်ရှည်ဆုံးအမျိုးသား

Leicester City Clinical Commissioning Group (LCCCG) က ဖော်ပြထားချက်အရတော့ အရင်တုန်းကလည်း ၄င်းဆေးရုံမှာ ကလေးတစ်ယောက်ကို နှာခေါင်းပိုင်းခွဲစိတ်ကုသရာမှာ နှာခေါင်းထဲ ဂွမ်းတုတ်ကျန်ခဲ့တယ်လို့ ဆိုပါတယ်။ ဧပြီလမှာလည်း လူနာနာမည်တူအမျိုးသားတစ်ယောက်ကို မှားယွင်းပြီး ခွဲစိတ်ခဲ့ပါသေးတယ်။ လူနာတစ်ယောက်ဆိုရင်တော့ တင်ပါးအစားထိုးရာမှာ တင်ပါးဘက်မှားပြီး အစားထိုးခံခဲ့ရတာတွေ ရှိကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: Dailymail

SHARE