ဘုရားကျောင်းတာဝန်ခံ အမျိုးသမီးကို ဓားနဲ့(၂၁)ချက်အထိ ၀င်ခုတ်တဲ့အမျိုးသား

အိန္ဒိနိုင်ငံ Kolar မြို့က Kotilingeshwara အမည်ရတဲ့ ဘုရားကျောင်းမှာ ပြီးခဲ့တဲ့အောက်တိုဘာ 19 ရက်နေ့က ဓားခုတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ဓားခုတ်ခံရတဲ့ အမျိုးသမီးဟာ Kumari လို့ သိရပြီး အဲဒီဘုရားကျောင်းရဲ့ တာဝန်ခံလို့ ဆိုပါတယ်။ ဓားနဲ့ ၀င်ရောက်ခုတ်ခဲ့သူကတော့ အသက် 24 နှစ်အရွယ်သာ ရှိသေးတဲ့ Santosh လို့ အမည်ရတဲ့ အမျိုးသားဖြစ်ပါတယ်။

ဓားကိုင်သောင်းကျန်းသူဟာ ပညာတတ်အင်ဂျင်နီယာဘွဲ့ရတစ်ယောက်ဖြစ်ပြီး၊ ရဲတပ်ဖွဲ့ကိုတော့ အခုအချိန်ထိ ဘာလို့ အမျိုးသမီးကို အညှိုးတကြီး ဓားနဲ့ခုတ်ခဲ့ရခြင်းအကြောင်းကို ရှင်းရှင်းလင်းလင်း ပြောကြားခြင်း မရှိသေးပါဘူး။ ဒါပေမယ့် တစ်ရွာတည်းနေ နီးစပ်တဲ့အသိုင်းအ၀ိုင်းကတော့ သူတို့မိသားနှစ်စုကြားမှာ ကြီးမားတဲ့ ပြိုင်ဆိုင်ခြင်းတွေ ရှိတယ်လို့ သိရပါတယ်။

အဲဒီကမှတစ်ဆင့် တစ်ဦးသာရင် တစ်ဦးက မနာလိုဖြစ်လိုက်၊ ငြူစူစောင်းမြောင်းလိုက်နဲ့ ရန်ညှိုးရန်စဟာ ပိုမိုကြီးထွားလာ
ခဲ့ကြပါတယ်။ ဒါဟာ ဓားခုတ်မှုရဲ့ အခြေခံအချက်တစ်ခုအဖြစ် ပါဝင်နိုင်ပါတယ်။

READ
သားမက်ဖြစ်သူ ဖွင့်ပေးတဲ့ ဓာတ်လှေကားထဲဝင်ပြီးနောက် ပြုတ်ကျ သေဆုံးသွားခဲ့တဲ့ အဖိုးအို

အခုဖြစ်ရပ်မှာ ဓားခုတ်ခံရတဲ့ အမျိုးသမီးဟာ ဘုရားကျောင်းနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို လက်မှတ်ထိုးပေးနေ
တယ်လို့ ယူဆရပြီး မကြာမီမှာ ဧရာမဓားကိုကိုင်ထားတဲ့ အမျိုးသား ရောက်လာပြီး ဆက်တိုက်ခုတ်ခဲ့ပါတယ်။ အမျိုးသမီးဟာ ထွက်ပြေးဖို့ကြိုးစားပေမယ့် နံရံထောင့်မှာပဲ ပိတ်မိပြီး အမျိုးသားကို စိတ်ကြိုက်ဓားခုတ်ခွင့် ပေးလိုက်သလို ဖြစ်သွားပါတယ်။

နောက်ပိုင်းမှာ ဘုရားကျောင်းကို လာတဲ့သူတွေ ရောက်လာခဲ့ပြီး ဓားသမားကို ၀ိုင်းဝန်းထိုးကြိတ်ကန်ကျောက်ကာ ရဲတွေမလာခင်အထိ ဖမ်းဆီးချုပ်နှောင်ထားလိုက်ပါတယ်။ ကာယကံရှင်အမျိုးသမီးကိုတော့ ဆေးရုံကို ချက်ချင်းပို့ခဲ့ပြီး ဓားနဲ့ 21 ချက်အထိ ခုတ်ခံခဲ့ရလို့ အရေးပေါ်ကယ်ဆယ်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။ အခုအခါမှာတော့ ကာယကံရှင်အမျိုးသမီးဟာ အသက်အန္တရာယ် မစိုးရိမ်ရတော့ပါဘူး။

မဒီလေး (Shwemom)

source : thesun.co.uk

SHARE