စကားဝှက်မေ့နေတာကြောင့် အမေရိကန်ဒေါ်လာ(၂၄၅)သန်းကို ဆုံးရှုံးရတော့မယ့် အမျိုးသား

Pixabay-mohamed_hassan [email protected]

ကိုယ်သုံးထားတဲ့ စကားဝှက်ကို လူတွေက တစ်ခါတလေမှာ သတိမေ့တတ်ကြပါတယ်။ ဥပမာ- facebook အကောင့် password တို့၊ ATM card ရဲ့ password တို့ အစရှိတာတွေကို ရုတ်တရက် မေ့တတ်ကြပါတယ်။ အဲဒီ Password တွေမေ့သွားရင်က ပြန်ပြီး တစ်ခုခုပြန်လုပ်ပြီး Password အသစ်ကို ထားနိုင်ပါတယ်။ တစ်နည်းအားဖြင့် ဆုံးရှုံးမှုဆိုတာ သိပ်မများပါဘူး။ အခုပြောပြချင်တဲ့ အမျိုးသားတစ်ယောက်ကတော့ မေ့နေတဲ့ password တစ်ခုကြောင့် ကမ္ဘာပျက်မတက်ကို ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီ password ကို မဖော်နိုင်ခဲ့ရင်တော့ အဲဒီအမျိုးသားဟာ အမေရိကန်ဒေါ်လာ ၂၄၅ သန်းကျော်ကို ချက်ချင်းဆုံးရှုံးရတော့မှာကြောင့်ပဲ ဖြစ်ပါတယ်။

[email protected]

အဆိုပါ အမျိုးသားကတော့ ဂျာမနီနိုင်ငံသားတစ်ယောက်ဖြစ်တဲ့ Stefan Thomas ပဲ ဖြစ်ပါတယ်။ Stefan ဟာ ကွန်ပျူတာ ပရိုဂရမ်မာတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ အမေရိကန်နိုင်ငံ၊ California ပြည်နယ်ရှိ San Francisco မြို့မှာ နေထိုင်နေတာပဲ ဖြစ်ပါတယ်။ Stephan ဟာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်တုန်းက Animation  ဗီဒီယိုတစ်ခုကို ဖန်တီးခဲ့တဲ့ အတွက် Bitcoin ၇,၀၀၂ ခုကို လက်ခံရရှိခဲ့ပါတယ်။ Bitcoin ဆိုတာကတော့ Digital money တစ်မျိုး ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းကတော့ Stephan ဟာ အဆိုပါ Bitcoin တွေကို Hard drive တစ်ခုထဲမှာ password ခံပြီး သိမ်းဆည်းထားကာ password ကိုတော့ စာရွက်တစ်ရွက်နဲ့ ချမှတ်ပြီး ရေးသားခဲ့ပါတယ်။

READ
ပေါင်(၇၀၀)အလေးချိန်ရှိ တူနာငါးကြီးကို (၁၀)နာရီကြာ ဖမ်းဆီးခဲ့ရတဲ့ ဆယ်ကျော်သက်မလေး
Pixabay-MichaelWuensch

အခုအချိန်မှာတော့ အဆိုပါ Bitcoin တစ်ခုဟာ အမေရိကန်ဒေါ်လာ ၃၄,၀၀၀ ကျော် တန်ဖိုးရှိနေခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် Stephan ဟာ သူ့ရဲ့ Hard drive ထဲက Bitcoin တွေကို ပြန်ထုတ်ရောင်းဖို့ ကြံစည်ခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က အဆိုပါ Hard drive ရဲ့ password ကို ချရေးထားတဲ့ စာရွက်ဟာ ပျောက်ဆုံးသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Stephan ဟာ အဲဒီအချိန်တုန်းက သူပြုလုပ်ခဲ့တဲ့ password ကို သူကိုယ်တိုင် မေ့နေတာပဲ ဖြစ်ပါတယ်။

ကံထပ်ဆိုးချင်တော့ အဆိုပါ Hard drive ဟာ password ရိုက်သွင်းတာ ၁၀ခါအထိ မှားနေရင် အထဲက Data တွေဟာ သူ့အလိုလို ပျက်ဆီးသွားမှာ ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၄၅ သန်းကျော်တန်တဲ့ Bitcoin တွေဟာလည်း သူ့အလိုလို ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ လက်ရှအချိန်အထိတော့ Stephan ဟာ password အမှားတွေကို ၈ ကြိမ်တိုင် ရိုက်ထားပြီးဖြစ်ပြီး ၂ ကြိမ်သာ ထပ်မံကြိုစားခွင့် ကျန်တော့မှာပဲ ဖြစ်ပါတယ်။

READ
Influencer အမည်ခံတွေဟာ ခေတ်သစ်သူတောင်းစားတွေလို့ ဖောင်းထုခဲ့တဲ့ အမျိုးသား

 

Pyi Hein Kyaw

SHARE