(၃)နှစ်အတွင်း ဒေါ်လာ(၄)သန်းဆု ထီနှစ်ကြိမ် ပေါက်ခဲ့တဲ့ ကံထူးရှင် အမျိုးသား

Image:IG/Michigan Lottery

လူသန်း ပေါင်းများစွာ အများကြီးရှိတဲ့ အထဲကမှ ထီ ပေါက်ဖို့ ဆိုတာ တော်တော် ကို မလွယ်တဲ့ ကိစ္စပါ။အရမ်းကံ ထူး သူမို့ သာ ထီ ဆု တွေ ကို ကံထူး ခွင့် ရတာပါ။တစ်ချို့ ကံ ထူး ရှင် တွေ ကျ တော့ လည်း ထီကို ဆက်တိုက် ဆိုသလို ကံထူး တဲ့ အဖြစ် မျိုးတွေ တောင်ရှိပါတယ်။ရှားရှားပါးပါး ကံ ထူး ရှင်တွေ ထဲကမှ ကံထူး သူ အမျိုးသား တစ်ယောက်ရဲ့ အ ကြောင်းကို ဖော်ပြ ပေးချင်ပါ တယ်။သူက တော့ ဒေါ်လာ (၄)သန်း ကို နှစ်ကြိမ် ကံ ထူးခဲ့တာပါ။ဒီ အကြောင်းကိုတော့  people မှာ တော့ ဖော်ပြ ထားပါတယ်။

Image:IG/Michigan Lottery

အသက် (၅၀)ရှိနေတဲ့ အဲ့ဒီ အမျိုးသား ကတော့ အ မေရိကန် ပြည် ထောင်စု၊ Michigan ပြည် နယ်က ပါ။သူ က တော့ ဒေါ်လာ (၄)သန်း ဖိုး jackpot ကို ဒီလ မှာ ပေါက်ခဲ့တာပါ။သုံးနှစ် အတွ င်းမှာ  ဒါနဲ့ ပါ ဆိုရင် ပေါက်တာ (၂)ခါ ရှိပါပြီ။ပထမ တစ်ခါ က တော့ (၂၀၁၇) ဒီဇင်ဘာ တုန်းက ဖြစ်ပြီး  ဒေါ်လာ (၄)သန်း ဖြစ်ပြီး ထပ် ပေါက် တာ လည်း (၄)သန်း ပါပဲ။ဒေါ်လာသန်း ပေါင်းများစွာကို တစ်ခါ တောင် ပေါက်မယ်လို့ ကိုယ့်ကိုယ် ကို ထင်ထားမှာ မဟုတ်ပဲ နှစ်ခါ ပေါက် ဖို့ ဆိုတာ မျိုး က တော့ ဘယ်တုန်းကမှ တွေးဖူးမှာ မဟုတ် ကြောင်း Clark က ပြော ပါတယ်။လက်ရှိ သူ့ရဲ့  ခံစားချက်ကို စကားလုံးနဲ့  တောင် ဖော်ပြလို့ မရ နိုင် ဘူးလို့ ပြောခဲ့ပါတယ်။စတိုင်းဆိုင်ထဲက လက်မှတ် ကို  လွန်ခဲ့တဲ့ (၁၀)နှစ်တုန်းက အ ဖေ့ ဆီက ရတဲ့ အကြွေ စေ့နဲ့ ခြစ်ခဲ့ ကြောင်း၊ဖခင်ဖြစ်သူ ဆုံးပါးသွားတာ တော့ တစ်နှစ် လောက်ရှိပြီ လို့ ပြော ခဲ့ပါတယ်။အခုတော့ အ ဖေ့ဆီက ရတဲ့ အကြွေ စေ့ လေး က ကံ ကောင်း စေတာ ဖြစ်မယ်လို့ ပြောခဲ့ပါတယ်။ဆု ကိုတော့ တ ခါ တည်း အပြည့် ထုတ်ယူခဲ့ပါတယ်။

“ကျ တော့် ဘ၀မှာ နိမ့်မြင့် တက်ကျ ပေါင်းစုံနဲ့ ကြုံ ခဲ့ဖူးတယ်။ဒါ ပေ မယ့် အဲ့ဒီ အရာတွေ အား လုံးက အခုတော့ အံ့အားသင့်စရာ တွေ ဖြစ်လာ ခဲ့တယ်..” လို့ Clark က ပြောခဲ့ပါတယ်။ ပထမ တကြိမ် ထီပေါက်ပြီးတော့ အလုပ်က နားပြီး ငါးမြှား ရင်း အချိန် တွေ ကို ကုန် လွန် ခဲ့ ကြောင်း၊ ငါးမြှားချိန် တိုင်း ဖခင် ဖြစ်သူက အနားမှာရှိ နေခဲ့တယ်လို့ ပြောခဲ့ပါတယ်။Michigan Lottery က နေ (၂၀၁၈)ခုနှစ် ဖေ ဖော်ဝါရီ တည်းက $150,000,000 Payout game ကို မိတ်ဆက် ပေးခဲ့ တာပါ။ဒေါ်လာ (၃၀) တန် လက် မှတ် တစ်ခု ကို ၀ယ်မယ်ဆိုရင်တော့ ဒေါ်လာ (၃၀) က နေ ဒေါ် လာ (၄)သန်းအထိ ကံထူးနိုင်ပါတယ်။မြန်မာ ထီ နဲ့ သ ဘောတရား ချင်းတူပါတယ်။ ထီထိုးရင် လည်း ငါးသောင်းဆု က နေ သိန်း တစ်သောင်းခွဲ အထိ ကိုယ့်ကံ အ လိုက် ကံ ထူးနိုင်ပါတယ်။

READ
စင်္ကာပူရဲ့ အကြီးဆုံး Merlion ကို အောက်တိုဘာ(၂၀) နောက်ပိုင်း ဖြိုဖျက်မည်..

#SHWEMOM

SHARE