ကြွက်ကို လှောင်အိမ်ထဲထည့်ပြီး ဆုတောင်းကန်တော့နေတဲ့ တရုတ်အမျိုးသား

facebook/情趣用品we-马来西亚

တရုတ်ရိုးရာ ပြက္ခဒိန်အရ (၂၀၂၀) ခုနှစ်ဟာ ကြွက်နှစ်ဖြစ်ပါတယ်။ မကြာခင်မှာ တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်လည်း ရောက်လာတော့မှာ ဖြစ်တဲ့အတွက် ဆိုင်ခန်းတွေ၊ ရှော့ပင်းမောလ်ကြီးတွေမှာ ကြွက်နှစ်အထိမ်းအမှတ် ပွဲတော်အဆင်အပြင်တွေကိုလည်း တွေ့မိမှာပါ။

နှစ်သစ်ကူးအခါသမယမှာတော့ တရုတ်လူမျိုးတွေဟာ ဘာသာရေးယုံကြည်မှုအရ ဘုံကျောင်းမှာသွားပြီး နတ်ဒေ၀ါတွေကို ဆုတောင်းကြပါတယ်။ လာမယ့်နှစ်တစ်လျှောက်လုံး တစ်မိသားစုလုံး အန္တရာယ်ကင်းဖို့နဲ့ လာဘ်လာဘတွေ ပေါများအောင် စောင့်ရှောက်ဖို့ အကူအညီတောင်းကြပါတယ်။ ဒါပေမယ့် worldofbuzz ကတဆင့် အခုဖော်ပြပေးမယ့် တရုတ်အမျိုးသားကတော့ နှစ်သစ်ကူးမှာ ထူးဆန်းတဲ့ ပူဇော်ပသမှုတစ်ခုကို ပြုလုပ်နေခဲ့တာပါ။

facebook/情趣用品we-马来西亚

အောက်မှာ တွေ့ရမယ့် ဗီဒီယိုထဲမှာတော့ မြေကြီးပေါ်မှာ ဒူးထောက်ထိုင်နေတဲ့ အမျိုးသားတစ်ဦးကို တွေ့ရမှာပါ။ ၄င်းအမျိုးသားဟာ အမွှေးတိုင်နဲ့ သူ့ရှေ့မှာရှိတဲ့ လှောင်အိမ်လေးတစ်ခုကို အရိုအသေပြုနေခဲ့တာ ဖြစ်ပါတယ်။ အံ့သြစရာက လှောင်အိမ်ထဲမှာ ကြွက်အရှင်တစ်ကောင် ရှိနေခဲ့တာပါ။ ဒါ့အပြင် ကြွက်လှောင်အိမ်ရှိတဲ့ နံရံအပေါ်မှာလည်း တရုတ်စာနဲ့ ကြွက်ဘုရားဆိုပြီး ရေးသားထားပါသေးတယ်။

READ
K-pop ဆန်ဆန် သီချင်းဗီဒီယိုကြောင့် လတ်တလော လူပြောများနေတဲ့ ကြော်ငြာတစ်ခု

ကြွက်လှောင်အိမ်ရဲ့ ရှေ့မှာတော့ အမွှေးတိုင်တွေ စိုက်ထူဖို့အတွက် ခွက်ကလေးတစ်ခုကိုလည်း တွေ့ရပါဦးမယ်။ ထိုသူဟာ ကြွက်နှစ်မှာ စီးပွားဥစ္စာတွေ တိုးပွားပြီး ကံကောင်းစေဖို့အတွက် ဆုတောင်းခဲ့ပါတယ်။ ပြီးတဲ့အခါမှာ သူ့ရဲ့ ကြွက်နတ်ဘုရားကို ခေါင်းညွတ်ကာ အမွှေးတိုင်နဲ့ ကန်တော့ခဲ့တာ ဖြစ်ပါတယ်။ အားလုံးပြီးစီးတဲ့အခါမှာတော့ သူဟာ ကြွက်ဘုရားရဲ့ ရှေ့မှာရှိတဲ့ ခွက်ထဲကို အမွှေးတိုင်စိုက်ထူလိုက်တာလည်း တွေ့မြင်ရမှာပါ။ ၄င်းအမျိုးသားအနေနဲ့ ဒီဗီဒီယိုကို စနောက်တဲ့အနေနဲ့ တင်တယ်လို့ ယူဆရပြီး နောက်ခံအသံမှာ တဟီးဟီးနဲ့ ရယ်သံတွေကိုလည်း ကြားရမှာ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE