ကြောင်ကိုပွေ့ပြီး ဓာတ်ပုံရိုက်တဲ့ အမျိုးသားတွေဟာ ဆွဲဆောင်မှု နည်းပါးကြောင်း သိရ

Pixabay-Pexels

ကြောင်ဆိုတဲ့သတ္တဝါလေးတွေဟာ လူတွေအနားမှာ အမြဲတမ်း ပွတ်သီးပွတ်သပ်လုပ်လေ့ရှိပြီး အမြဲတမ်း ပျင်းရိနေတတ်တဲ့ သတ္တဝါလေးတွေဆိုလည်း မမှားပါဘူး။ ဒါပေမယ့် ကြောင်ကို ပွေ့ဖက်ပြီး ဓာတ်ပုံအရိုက်ခံလေ့ရှိတဲ့ အမျိုးသားတွေဟာ အမျိုးသမီးတော်တော်များများအတွက် ဆွဲဆောင်မှု မရှိစေတဲ့အပြင် အဲဒီလိုအမျိုးသားတွေကိုလည်း အမျိုးသမီးတော်တော်များများက စိတ်ဝင်စားမှုမရှိကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pixabay-Pexels

ဒီလိုအကြောင်းအရာကို တွေ့ရှိခဲ့တာကတော့ Colorado တက္ကသိုလ်တစ်ခုကဖြစ်ပါတယ်။ အဆိုပါတက္ကသိုလ်မှ သုတေသနပညာရှင်တွေဟာ အမျိုးသမီးတွေ အများဆုံး စိတ်ဝင်စားလေ့ရှိတဲ့ ယောက်ျားလေးတွေရဲ့ ပုံစံကို နှစ်တော်တော်ကြာ သုတေသနလုပ်နေရင်းနဲ့ အမျိုးသမီးအများစု ကြိုက်လေ့မရှိတဲ့ ယောကျာ်းလေးတွေရဲ့ ပုံစံကို တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။  အဆိုပါသုတေသနမှာ ပါဝင်တဲ့ အမျိုးသမီးတွေကို သုတေသနအဖွဲ့မှ ကြိုက်တဲ့ပုံစံကို ရွေးဖို့ ယောကျာ်းကလေးဓာတ်ပုံနှစ်ပုံ ပေးခဲ့ပါတယ်။ တစ်ပုံကတော့ ယောကျာ်းတစ်ယောက်ကို ဒီအတိုင်းရိုက်ထားတဲ့ ဓာတ်ပုံဖြစ်ပြီး နောက်တစ်ပုံကတော့ အိမ်မွေးတိရစ္ဆာန်အကောင်လေးတွေကို ပွေ့ဖက်ထားတဲ့ ဓာတ်ပုံပဲ ဖြစ်ပါတယ်။

READ
စိတ်အားတက်ဖွယ်ရာ တိရစ္ဆာန်လောကထဲက ကြည်နူးဖွယ်မြင်ကွင်းလေးများ
Pixabay-Pexels

အမျိုးသမီးအများစုဟာ အိမ်မွေးတိရစ္ဆာန်လေးတွေကို ပွေ့ထားတဲ့ ဓာတ်ပုံထဲကမှ ကြောင်တစ်ကောင်ကို ပွေ့ထားတဲ့ အမျိုးသားရဲ့ ဓာတ်ပုံကိုသာ အကုန်လုံးနီးပါး ပယ်ချလေ့ရှိကြောင်း သိရပါတယ်။ “မိန်းကလေးအများစုက ကြောင်တော့ချစ်ပါတယ်။ ဒါပေမယ့် အမျိုးသားတစ်ယောက် ကြောင်တစ်ကောင်ကို ပွေ့ပြီး ဓာတ်ပုံအရိုက်ခံရင် အဲဒီအမျိုးသားဟာ ဆွဲဆောင်မှုမရှိဘူး၊ ယောကျာ်းမဆန်ဘူး၊ ကြောင်တောင်တောင်နိုင်တယ် အစရှိသဖြင့် သတ်မှတ်လေ့ရှိပါတယ်။ ပြီးတော့ Dating Application တွေမှာလည်း တစ်ဖက်အမျိုးသားရဲ့ Profile picture မှာ ကြောင်တစ်ကောင်ကို ပွေ့ပြီး ဓာတ်ပုံအရိုက်ခံလေ့ရှိတဲ့ အမျိုးသားတွေကို အမျိုးသမီးအများစုက အပြင်မှာ မဒိတ်ချင်ကြပါဘူး” လို့ Colorado University မှ သုတေသနပညာရှင်တစ်ဦးက ပြောကြားခဲ့ပါတယ်။

Pyi Heon Kyaw

SHARE