ရက်ရှည်ဝမ်းချုပ်တာ သည်းမခံနိုင်လို့ အားကုန်ညှစ်လိုက်တဲ့အမျိုးသား၊ အသက်ပါ ပါသွားခဲ့

Freepik/Tutatama

တရုတ်နိုင်ငံက အသက်ကြီးပိုင်း အမျိုးသားတစ်ယောက်ဟာ ဝမ်းကြာရှည်မသွားရတာကို သည်းမခံနိုင်တဲ့အတွက် အိမ်သာထဲမှာ အားကုန်သုံးပြီး ညှစ်ခဲ့ရာကနေ အသက် ပါသွားခဲ့တယ်လို့ တရုတ်သတင်းစာ Orient Daily ရဲ့ ဖော်ပြချက်ကြောင့် သိရပါတယ်။ အဖိုးအိုးရဲ့အမည်မှာ Zhu လို့ သိရပြီး၊ တရုတ်နိုင်ငံ၊ Wenzhou, Zhejiang မှာ နေထိုင်သူ ဖြစ်ပါတယ်။

အဖိုး Zhu မှာ နှလုံးသွေးကြောကျဉ်းတဲ့ရောဂါ အစောပိုင်းအဆင့်ကို ခံစားနေရသူဖြစ်ပါတယ်။ ဒါ့အပြင် သွေးတိုးရောဂါလည်း ရှိပြီး၊ အခု အားကုန်သုံးပြီး ကျင်ကြီးစွန့်ခြင်းက အဲဒီအခံရှိထားတဲ့ ရောဂါတွေကို အဆိုးဆုံးအဆင့်ကို ချက်ချင်းလက်ငင်း ရောက်သွားစေသလိုဖြစ်ကာ၊ သတိလစ်ပြီး လဲကျနေရှာပါတယ်။

Shutterstock/Nok Lek

အသက်(၇၂)နှစ်အရွယ် အဖိုး Zhu ဟာ ပြီးခဲ့တဲ့ဇန်နဝါရီ(၇)ရက်၊ အင်္ဂါနေ့က သေဆုံးသွားခဲ့တာပါ။ သူဟာ ဒီမတိုင်ခင်ကတည်းက ဝမ်းချုပ်နေခဲ့တဲ့ သုံးရက်တောင် ရှိနေပြီလို့ သိရပါတယ်။ အခင်းဖြစ်တဲ့ညမှာတော့ အိမ်သာထဲကို ဝင်လာတာ ပြန်ထွက်မလာတော့ပါဘူး။ သူဟာ ဝမ်းကို တအားညှစ်လိုက်ရာကနေ လဲကျသွားခဲ့ပါတယ်။ သူ့ကို ဆေးရုံအမြန်ပို့ပေးခဲ့ပေမယ့် မကြာမီမှာ သေဆုံးသွားခဲ့ပါတယ်။

ဒေါက်တာတွေရဲ့ပြောကြားချက်အရ အားအလွန်အမင်း အသုံးပြုလိုက်ရာကနေ ရုတ်တရက် နှလုံးခုန်ရပ်သွားရာကနေ အသက်သေဆုံးမှု ဖြစ်စေခဲ့တာပါ။ နောက်ပြီ့း ဒေါက်တာတွေကလည်း အခုဖြစ်စဉ်လိုမျိုး လူတိုင်း ဖြစ်နိုင်ကြောင်း သတိပေးလိုက်ပါတယ်။ မည်သူမဆို အခုလို အလွန်အမင်း အားသုံးပြီး အိမ်သာတက်ရင် ဒုက္ခရောက်နိုင်ပါသတဲ့။

သူတို့ရဲ့အပြောအရ ကျင်ငယ်စွန့်တဲ့အခါမှာလည်း ဒိအတိုင်း ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ခန္ဓာကိုယ်အတွင်း ဖိအားတွေက အာရုံကြောကို ထိခိုက်စေနိုင်ကြောင်း၊ ဒီလိုကနေ နှလုံးခုန်နှုန်း လျှင်မြန်လာပြီး၊ သွေးခုန်နှုန်း ရုတ်တရက်ကျဆင်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ သွေးဖိအား ကျဆင်းလာသည်နှင့်အမျှ နှလုံးအတွင်းကို သွေးစီးဆင်းမှု လုံးဝမရှိသလောက် ဖြစ်သွားရာကနေ နှလုံးခုန်ရပ်သွားနိုင်တယ်လို့ သိရပါတယ်။

လင်းဇော်ကို

SHARE