၁လက်မပဲရှိတဲ့ငယ်ပါကြောင့် စိတ်ကျရောဂါဖြစ်မတတ်ခံစားနေရတဲ့အမျိုးသား

အမေရိကန်နိုင်ငံက အမျိုးသားတစ်ယောက်ဟာ သူရဲ့ သေးငယ်လွန်းလှတဲ့ ငယ်ပါကြောင့် မလုံမလဲစိတ်ဖြစ်ကာ မိမိကိုယ်
ကို လူစဉ်မမီဘူးလို့ အထင်ရောက်နေပါတယ်။ သူဟာ သူလိုကိုယ်လို ကျောင်းသားဘ၀ကို ဖြတ်သန်းလာခဲ့သူပီပီ ချစ်သူ
ရည်းစား ထားခဲ့ဖူးပါတယ်။ ဒါပေမယ့် ကောင်းခန်းကို ရောက်လို့ သူရဲ့ အတွင်းခံဘောင်းဘီကို ချွတ်လိုက်တဲ့အခါတိုင်း အမျိုးသမီးတွေဟာ သူရဲ့ သေးငယ်လှတဲ့ ငယ်ပါကိုကြည့်ပြီး အူတက်မတက် ရယ်မောတာကို ခံခဲ့ရပါတယ်။

ဒီလို အတွေ့အကြုံကို သူ တစ်ခါတည်းသာ ခံစားဖူးတာ မဟုတ်ပဲ၊ ထားခဲ့သမျှ ရည်းစားတွေအားလုံးက သူ့ကို တူညီစွာနဲ့ ဟားတိုက်ရယ်မောခဲ့ကြပါတယ်။ ဒီအတွက် သူ့မှာ စိတ်ရောဂါကြီးလိုဖြစ်ပြီး လက်ရှိ အသက် (35)နှစ်ကို ရောက်သည့်
တိုင်အောင် လိင်ဆက်ဆံဘက်ချစ်သူ မရှာရဲတော့တဲ့အထိ ဖြစ်နေရှာပါတယ်။ သူ့အမည်ကို ဖော်ပြထားခြင်း မရှိပေမယ့် အခုအချိန်မှာတော့ သူဟာ ဆရာဝန်တွေနဲ့ မရှက်မကြောက် တိုင်ပင်ပြီး ဘာလုပ်သင့်သလဲဆိုတာ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

READ
ကောင်မလေးတစ်ယောက်ကို ရယ်မောအောင်ဘယ်လိုလုပ်မလဲ

သူရဲ့ ငယ်ပါ အရွယ်အစားဟာ သဘာဝအတိုင်းဆိုရင် တစ်လက်မသာ ရှိပြီး၊ စိတ်ပါလက်ပါ ရှိတဲ့အချိန်မှာတော့ 2.7
လက်မသာ ရှိတဲ့အတွက် အားငယ်မယ်ဆိုလည်း အားငယ်စရာပါဘဲ။ ကောင်မလေးတွေက ရယ်မယ်ဆိုလည်း ရယ်စရာပါဘဲ။ သူဟာ ပထမဦးဆုံးနေ့မှာပဲ အရှက်ကွဲခဲ့ရပြီး ချစ်သူကောင်မလေးက ” ဒါပဲလား”လို့ လှောင်ပြောင်ဟားတိုက်တာ ခံခဲ့ရပါတယ်။

ဒါပေမယ့် အဲဒီကျောင်းသူဟာ အလွန်လှပချောမောပြီး သူ့ကို ပထမဆုံးအကြိမ်အဖြစ် အခွင့်ပေးခဲ့ပါတယ်။ ရယ်မောတာကိုတော့ မရပ်ခဲ့ပါဘူး။ သူဟာ ရှက်ရှက်နဲ့ အကာအကွယ်ကို စွပ်တဲ့အခါမှာလည်း ဘယ်လိုမှ အဆင်မပြေခဲ့ပါဘူး။ နောက်
ဆုံး ဆက်ဆံတဲ့အချိန်ထိ အရွယ်မရောက်သေးတဲ့ ကောင်လေးတစ်ယောက်လိုပဲ ချော်နေခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ဒီကြားထဲမှာ ချစ်သူက “အထဲကို ရောက်သွားပြီးလား “လို့ စနောက်တဲ့ သဘောနဲ့ မေးတဲ့အခါတိုင်း သေချင်စိတ်ပေါက်
တယ်လို့ ၎င်းက ဆိုပါတယ်။ အခုအချိန်မှာတော့ ၎င်းဟာ ချစ်သူမရခင် စပ်ကြားမှာ ဘာတွေလုပ်ဆောင်သင့်သလဲဆိုတာကို ခွဲစိတ်ပါရဂူတွေနဲ့ တိုင်ပင်နေပြီး၊ လက်ရှိအချိန်မှာတော့ ရည်းစား မရှာရဲသေးဘူးလို့ သိရပါတယ်။

READ
မတော်တရော်နေရာတွေကိုငေးကြည့်တဲ့အခါ ရှောင်သင့်သည်များ

(အလွန်သေးငယ်တဲ့ငယ်ပါကို micropenis ဟု ခေါ်ဆိုပြီး အရွယ်အစားဟာ သဘာဝအတိုင်းဆိုရင် တစ်လက်မမှ
ထကြွချိန် 2.8 လက်မထက် မပိုပါဘူး။ အမျိုးသား 200 မှာ တစ်ယောက် ဖြစ်နိုင်ချေရှိပြီး၊ အမေရိကန်မှာ ၎င်းအခြေ
အနေကို ဟိုမုန်းအစားထိုး ပြောင်းလဲကုသခြင်းဖြင့် လိုချင်တဲ့အရွယ်အစားရောက်အောင် ကုသပေးတယ်လို့ သိရပါတယ်။ အချို့သော ငယ်ပါသေးငယ်သည့် အမျိုးသားတွေကတော့ Phalloplasty လို့ခေါ်တဲ့ လိင်ကြီးထွားစေဖို့ခွဲစိတ်မှုတိုက်ရိုက်ခံယူတာကလည်း ခေတ်စားတဲ့ ကုထုံးဖြစ်ပါတယ်။)

လင်းဇော်ကို (Shwemom)

source : thesun.co.uk

SHARE