ချစ်သူကို ကောလိပ်ပို့ဖို့ အလုပ်ကြမ်းတွေလုပ်ပြီး ငွေရှာပေးခဲ့တဲ့ အမျိုးသား

အလုပ်တွေသိမ်းကြုံးလုပ်ပြီး ကောလိတ်တက်ဖို့ ထောက်ပံ့ပေးခဲ့တဲ့ ချစ်သူကောင်မလေး ဘွဲ့ယူတော့မှာမို့ ဂုဏ်ယူကြည်နူးနေတဲ့ အမျိုးသားတစ်ဦးဟာ သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို လူမှုကွန်ယက်ပေါ်မှာ မျှဝေရင်း လူစိတ်ဝင်စားမှုမြင့်တက်နေတဲ့အပြင် အဝေဖန်လည်းခံနေရပါတယ်။

ဖိလစ်ပိုင်နိုင်ငံ၊ San Jose del Monte မှ Ador Adrian Gabrieles နဲ့ Aira Arcamo တို့ဟာ အထက်တန်းကျောင်းသားဘဝထဲက တွဲခဲ့တဲ့ သမီးရည်းစားတွေဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးဟာ မပြီးဆုံးသေးပေမယ့် အချစ်နဲ့အောင်မြင်မှုဆိုတာ တွဲလျက်ဖန်တီးယူလို့ရတယ်ဆိုတာကို သက်သေပြသွားခဲ့ပါတယ်။

Facebook

Ador နဲ့ Aira တို့ အထက်တန်းကျောင်းပြီးသွားကြတဲ့နှစ်ကစခဲ့တာပါ။ Aira ဟာ တစ်ရက် Ador ဆီလာပြီး ကောလိတ်မတက်ရတော့မယ့်အကြောင်း၊ သူ့မောင်နှမတွေအကုန်လုံး ကျောင်းအပ်ပြီးပေမယ့် Aira ကိုတော့ အိမ်ကမတတ်နိုင်လို့ဆိုပြီး ကျောင်းဆက်မတက်ခိုင်းကြောင်း ငိုပြီး ပြောလာခဲ့ပါတယ်။

ချစ်သူမျက်ရည်ကျတာကို မမြင်ရက်တဲ့ Ador အတွက် Aira ကို တက်ချင်စိတ်ရှိလားလို့ မေးခဲ့ရာ Aira က ခေါင်းငြိမ့်တဲ့အတွက် ကျောင်းသွားအပ်လိုက်၊ ဘွဲ့ရတဲ့အထိ ကျောင်းစရိတ်နဲ့ ကျူရှင်စရိတ်တွေ အကုန်ပေးမယ်ဆိုပြီး Ador တစ်ယောက် ကတိပေးခဲ့ပါတယ်။

Facebook

အဲဒီအချိန်တုန်းက Ador ဟာ ၁၈ နှစ်သာသာသာ ရှိနေသေးပြီး ပညာအရည်အချင်းကလည်း အထက်တန်းအောင်ရုံသာရှိပါသေးတယ်။ ဒီအပြင် အင်္ဂလိပ်လိုကလည်း လည်လည်ဝယ်ဝယ်မတတ်တော့ သွားသမျှအင်တာဗျူးတိုင်းမှာ လုံးဝအဆင်မပြေခဲ့ပါဘူး။

ဖိလစ်ပိုင်နို်င်ငံရဲ့ ရုံးသုံးဘာသာစကားဟာ ၉၀% လောက်က အင်္ဂလိပ်လိုဖြစ်နေတဲ့အတွက် ပြောလေ့ပြောထမရှိတဲ့ Ador အတွက်ကတော့ အရမ်းခက်ခဲခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ရာထူးခပ်နိမ့်နိမ့်ထဲက အရောင်းဝန်ထမ်းလိုမျိုး ဆိုင်တွေနဲ့ဆက်သွယ်၊ စာပေးစာယူလုပ်ရတဲ့ အလုပ်တစ်ခုကို ရသွားခဲ့ပါတယ်။

READ
နယူးဇီလန်ကမ်းခြေမှာ သောင်တင်နေတဲ့ ထူးဆန်းသည့်အရာကြီး
Facebook

သို့ပေမယ့် ပစ္စည်းတွေလည်း ထမ်းရ၊ အရပ်တကာလှည့်လည်သွားပြီး လူတွေနဲ့ဆက်ဆံရာမှာလည်း မတူသလိုမတန်သလိုတွေဆက်ဆံခံရနဲ့ လခလည်း နည်းလွန်းတာကြောင့် အဆင်မပြေခဲ့ပါဘူး။ သို့ပေမယ့် Aria ရဲ့ မျက်နှာတစ်ခုတည်းကြောင့် ဒီအလုပ်မှာ မှိန်းလုပ်ရင်း တစ်ဖက်က သူအားနည်းတဲ့ အင်္ဂလိပ်စာစကားပြောကို အပြင်းအထန်လေ့လာခဲ့ပါတယ်။

အလုပ်လုပ်ရင်း အားလပ်ရက်တွေမှာ အင်တာဗျူးတွေလိုက်ဖြေရင်းနဲ့ တစ်နေ့မှာတော့ Call center တစ်ခုမှာ အလုပ်နေရာရခဲ့ပါတယ်။ လစာလည်းအသင့်အတင့်ရှိပြီး အရင်လိုကာယအားနဲ့ ပင်ပမ်းဆင်းရဲစွာ မလုပ်ရတော့တာမို့ Ador တစ်ယောက် အလုပ်မှာ အခြေချခဲ့ပါတယ်။

အခုအချိန်မှာတော့ Aira ဟာ အင်္ဂလိပ်စာမေဂျာနဲ့ လာမယ့် ၂၀၁၉ ဧပြီလမှာ ဘွဲ့ယူတော့မှာပါ။

Facebook

Ador ဟာ သူတို့ချစ်သူနှစ်ယောက်ရဲ့ ကိစ္စကို နာမည်ကြီးပါစေတာ့ဆိုပြီး လူမှုကွန်ယက်မှာ တင်ခဲ့တာမျိုးမဟုတ်ဘဲ သူအလုပ်ကြိုးစားတာနဲ့တန်အောင် သူ့ချစ်သူလေးကလည်း တစ်နှစ်တစ်တန်း မှန်မှန်အောင်အောင်ကြိုးစားပေးပြီး လိမ်လိမ်မာမာနေပေးအတွက် ဂုဏ်ပြုချီးကျူးစာလေးတင်ခဲ့တာပါ။

GAGRADUATE NA YUNG GF KO. MAPAPAGRADUATE KO NA ANG GF KO.4 yrs ago, nakasakay kami ng jeep papuntang Marilao para…

Posted by Ador Adrian Gabrieles on Saturday, March 2, 2019

သို့ပေမယ့် လူမှုကွန်ယက်ဆိုတော့ အသုံးပြုသူတွေက သူတို့နဲ့ဆိုင်ဆိုင်မဆိုင်ဆိုင် အမြဲတမ်းဝင်ဝေဖန်ကြတာ သဘာဝတစ်ခုမဟုတ်လား။ အခုလည်း Ador ဟာ နွားကျခံပြီး ကျောင်းထားပေးပေမယ့် ကောင်မလးကအလုပ်ရတာနဲ့ Ador ကို ပစ်သွားမှာဆိုပြီး ဝိုင်းပြောနေကြပါတယ်။

READ
စက်ဘီးနဲ့ကား တိုက်မိပြီး ကားပိန်သွားလို့ လူတွေအံ့အားသင့်ကုန်ကြ
Facebook

Ador နဲ့ Aria တို့ကြား လိုလိုလားလားနဲ့ သဘောတူညီမှုတစ်ခုရှိပါတယ်။ အဲဒါကတော့ Aira ဘွဲ့ရလို့ လစာအဆင်ပြေတဲ့ အလုပ်တစ်ခုရခဲ့ရင် Ador က တစ်လှည့်အလုပ်ထွက်ပြီး ကျောင်းတက်မှာပါ။ Ador နဲ့ Aira တို့ ကြားထဲက အတွင်းရေးကို ထဲထဲဝင်ဝင်မသိဘဲ ဝေဖန်နေကြတဲ့သူတွေကိုတော့ သူတို့ချစ်သူနှစ်ယောက်ကတော့ လုံးဝလျစ်လျူရှုထားပါတယ်တဲ့။

Facebook

Let the dogs bark, the lion is still the king.

Posted by Aira Arcamo on Wednesday, March 6, 2019

Source:  Phillistar , Elite Readers

Penny

SHARE