မိုနာကိုနောက်ခံလူမန်ဒီကို ပေါင်(52)သန်းနဲ့ ခေါ်ယူခဲ့တဲ့ မန်စီးတီးနဲ့ သတင်းအတိုများ စုစည်းမှု

၁။ ပရီးမီးယားလိဂ်ကလပ် ၀က်စ်ဟမ်းအသင်းဟာ လီဗာကူဆင်အသင်းမှ မက္ကဆီကိုထိပ်တန်းဂိုးသွင်းရှင် ဂျာဗီယာဟန်နန်
ဒက်ဇ်ကို ပေါင်(၁၆)သန်းနဲ့ တရားဝင်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ၀က်စ်ဟမ်းအသင်းဟာ မန်ယူတိုက်စစ်မှူးဟောင်းဖြစ်တဲ့
ဟာနန်ဒက်ဇ်ကို တစ်ပတ်လုပ်ခပေါင်(140,000)နဲ့ (၃)နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဒါကြောင့် ဟာနန်ဒက်ဇ်ဟာ ၀က်စ်
ဟမ်းသမိုင်းတစ်လျှောက်မှာ လုပ်ခလစာ  အများဆုံးရရှိတဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။

၂။ ချယ်လ်ဆီးအသင်းကို ပေါင်သန်း(၇၀)နဲ့ရောက်ရှိလာခဲ့တဲ့ စပိန်တိုက်စစ်မှူး မိုရာတာဟာ လာမယ့်ရာသီချယ်လ်ဆီးအ
သင်းမှာ ကျောနံပါတ်(9)ကို ၀တ်ဆင်ကစားမယ်လို့ သိရပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ ကျောနံပါတ်(9)ကို တောရက်စ်၊
ဖယ်လ်ကာအို၊ ဟာနန်ခရက်စ်ပိုတို့ ၀တ်ဆင်ခဲ့ဖူးပြီး အဲဒီကျောနံပါတ်ကို ပြီးခဲ့တဲ့ရာသီက ဘယ်ကစားသမားမှ ၀တ်ဆင်ခဲ့
ခြင်းမရှိခဲ့ပါဘူး။

၃။ အခုနွေရာသီအပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေအနက် လက်အသွက်ဆုံးဖြစ်တဲ့ မန်စီးတီးအသင်း
ဟာ မိုနာကိုအသင်းမှ ပြင်သစ်လက်ရွေးစင်နောက်ခံကစားသမား မန်ဒီကို ပေါင်(52)သန်းနဲ့ တရားဝင်ခေါ်ယူခဲ့ပြန်ပြီဖြစ်
ပါတယ်။ (23)နှစ်အရွယ် မန်ဒီဟာ မန်စီးတီးနဲ့ (5)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး ကျောနံပါတ်(22)ကို ၀တ်ဆင်ကစားမှာဖြစ်ပါ
တယ်။ မန်ဒီက စာချုပ်သက်တမ်းတိုးပြီးနောက် ဂွါဒီယိုလာလက်အောက်မှာ ကစားချင်တဲ့ သူ့ရဲ့အိပ်မက်ပြည့်ဝခဲ့ပြီလို့
ပြောခဲ့ပါတယ်။ မန်ဒီဟာ မန်စီးတီးအသင်းရဲ့ အခုနွေ(7)ဦးမြောက်ကစားသမားခေါ်ယူမှုဖြစ်ပြီး ပေါင်(216)သန်းအထိ
သုံးစွဲထားပြီးပြီဖြစ်ပါတယ်။ ဒါကြောင့် မန်စီးတီးဟာ 2009ခုနှစ်က စီရော်နယ်ဒို၊ ကာကာ၊ အလွန်ဆို၊ ဘန်ဇီမာတို့ကို
ပေါင်(219)သန်းအသုံးပြုပြီး အပြောင်းအရွှေ့တစ်ခုအတွင်း စံချိန်တင်ထားတဲ့ ရီးယဲလ်ရဲ့ စံချိန်ကို ကျော်ဖြတ်ပြီး စံချိန်
သစ်တင်နိုင်ဖွယ်ရှိနေပါတယ်။

READ
အိုင်ဗရီကို့ VS ဆီနီဂေါ ပွဲစဉ် တွင် ပွဲကြည့်ပရိတ်သတ်များကွင်းထဲဝင်ရောက်လာခဲ့၍ ပွဲဖျက်ခဲ့ရ

၎။ လက်ရှိချန်ပီယံ ဂျူဗင်တပ်စ်အသင်းဟာ ဖီအိုရင်တီးနားအသင်းမှ အီတလီလက်ရွေးစင်တောင်ပံကစားသမား ဘာနာ
ဒက်ချီကို ပေါင်(36)သန်းနဲ့ခေါ်ယူခဲ့ပြီဖြစ်ပါတယ်။ ဂျူဗီဟာ အခုနှစ်နွေမှာ ဘိုင်ယန်မှ ဒေါက်ကလပ်ကော်စတာ၊ အာ
ဆင်နယ်မှ ဆက်ဇီနီ၊ အေစီမီလန်က ဒီဆစ်ဂ်လီယိုတို့ကိုခေါ်ယူထားရာ ဘာနာဒက်ချီမှာ သူတို့ခေါ်ယူတဲ့ (4)ဦးမြောက်
ကစားသမားဖြစ်လာခဲ့ပါတယ်။ ဘာနာဒက်ချီဟာ ဂျူဗင်တပ်စ်အသင်းနဲ့ (5)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး တစ်နှစ်လုပ်ခ ပေါင်
(3.6)သန်းရရှိမှာဖြစ်ပါတယ်။

၅။ ပြီးခဲ့တဲ့ရာသီက ဒေါ့တ်မွန်မှ ပေါင်(26)သန်းနဲ့ရောက်ရှိလာခဲ့တဲ့ မန်ယူတောင်ပံကစားသမား အမ်ခီတာယန်းက သူ့
အနေနဲ့ နည်းပြမော်ရင်ဟို အလိုရှိတဲ့နေရာတွေမှာ အကောင်းဆုံးအသုံးတော်ခံသွားမှာဖြစ်ကြောင်းနဲ့ ပြီးခဲ့တဲ့နှစ်ကထက်
ရာသီသစ်မှာ ပိုမိုခြေစွမ်းပြနိုင်လိမ့်မယ်လို့ ယုံကြည်တယ်လို့ ပြောဆိုခဲ့ပါတယ်။

၆။ ပြီးခဲ့တဲ့ရာသီက ဆယ်လ်တာနဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ်ဆီမီးဒု-ကျော့ပွဲစဉ်မှာ ပြိုင်ဘက်တိုက်စစ်မှူးဂူဒက်တီနဲ့ အချင်း
များခဲ့ပြီး အနီကတ်နဲ့ထုတ်ပယ်ခံခဲ့ရတဲ့ မန်ယူနောက်ခံလူ အဲရစ်ဘိုင်လီကို ယူအီးအက်ဖ်အေမှ နောက်ထပ်(2)ပွဲပယ်
ထပ်တိုးပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ဘိုင်လီဟာ အဲဒီအနီကတ်ကြောင့် ယူရိုပါလိဂ်ဖိုင်နယ်ကို လွဲချော်ခဲ့ရပါတယ်။ အခုအခါ
ထပ်တိုးပွဲပယ်ပြစ်ဒဏ်ကြောင့် ဘိုင်လီဟာ ရီးယဲလ်နဲ့ကစားမယ့် ဥရောပစူပါဖလားဗိုလ်လုပွဲကို လွဲချော်မှာဖြစ်တဲ့အပြင်
မန်ယူရဲ့ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်တစ်ပွဲကိုလည်း လွဲချော်မှာဖြစ်ပါတယ်။

READ
၆-၉-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

၇။ ချယ်လ်ဆီးအသင်းနည်းပြကွန်တီဟာ ဘာစီလိုနာအသင်းမှ စပိန်နောက်ခံကစားသမား ဆာဂျီရော်ဘတ်တိုကို စာချုပ်
ပါလျော်ကြေး ပေါင်(36)သန်းနဲ့ ခေါ်ယူဖို့ စီစဉ်နေပါတယ်။ ဒါ့အပြင် ကွန်တီဟာ ဆောက်သမ်တန်အသင်းနဲ့ အဆင်မပြေ
ဖြစ်နေတဲ့ နယ်သာလန်နောက်ခံလူ ဗန်ဒိုက်ကိုပါ ခေါ်ယူဖို့ ချိန်ရွယ်နေတယ်လို့ သိရပါတယ်။

၈။ အာဆင်နယ်တိုက်စစ်မှူး လူးကပ်စ်ပီရက်ဇ်ဟာ နည်းပြအာစင်ဝင်းဂါးဟာ သူ့အပေါ်လိမ်ညာသူတစ်ဦးဖြစ်တယ်လို့ စွပ်စွဲခဲ့ပြီး အသင်းကနေ ထွက်ခွာဖို့ စီစဉ်နေပါတယ်။ အာစင်ဝင်းဂါးဟာ လာကာဇက်တီကို ခေါ်ယူပြီးနောက် ပီရက်ဇ်ရဲ့
ကျောနံပါတ်(9)ကို လာကာဇာက်တီအား ပေးဝတ်စေခဲ့ပါတယ်။ ဒါကြောင့် ပီရက်စ်က အာစင်ဝင်းဂါးကို မကျေမနပ်ဖြစ်
နေပြီး စပိန်ကိုပြန်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင်
ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ဘာသာပြန်ဆောင်းပါး
များကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်
ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

M2T (Shwemom)
Source ; thesun.co.uk
SHARE