မန်စီးတီးအသင်းပိုင်ရှင် ရှိတ်မန်ဆာ အကြောင်း သင်မသိသေးတဲ့အချက်(၄)ချက်

Instagram

ရှိတ်မန်ဆာ ဆိုတဲ့အသံကို ကြားလိုက်တာနဲ့ မန်စီးတီးအသင်းကိုပဲ အရင်ဆုံးပြေးမြင်ကြမှာပါ။ အရှေ့အလည်ပိုင်းဒေသရဲ့ တော်ဝင်မျိုးနွယ်တွေထဲက နာမည်ကျော်တစ်ယောက်ဖြစ်တဲ့ ရှိတ်မန်ဆော် ဟာ ယူအေအီးနိုင်ငံရဲ့ ၀န်ကြီးချုပ်ဖြစ်ပြီး မန်စီးတီးအသင်းကို ၀ယ်ယူပြီးနောက် သူ့ရဲ့နာမည်ကို တစ်ကမ္ဘာလုံးသိအောင် လုပ်နိုင်ခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ဘီလီယံ(၃၀)လောက် ကြွယ်ဝချမ်းသာတယ်ဆိုတဲ့ ရှိတ်မန်ဆာ ဟာ မန်စီးတီးအသင်းကို ၀ယ်ယူပြီးနောက် ပထမ ဆယ်စုနှစ်တစ်ခု အတွင်းမှာပဲ အသင်းအတွက် ဒေါ်လာ သန်းပေါင်းများစွာ မြှုပ်နှံခဲ့တာဖြစ်တယ်လို့ တွက်ချက်မှုတွေကဖော်ပြပါတယ်။ ရှိတ်မန်ဆာအကြောင်းကို ဘယ်လောက်သိပြီးပြီလဲ လို့ မေးရင်တော့ မန်စီးတီးအသင်းပိုင်ရှင် ဆိုတာက လွဲရင် တခြားဘာမှ မသိသေးဘူးဆိုတာ ၀န်ခံရမှာပါ။ ကဲ…ရှိတ်မန်ဆာ နဲ့ ပတ်သက်လို့ ထူးခြားတဲ့အချက်လေးတွေကို ဖော်ပြရမယ်ဆိုရင်တော့…..

(၁)၊ ရှိတ်မန်ဆာ ဟာ ယူအေအီးမှာရော အမေရိကန်မှာပါ ပညာသင်ခဲ့ပါတယ်

ရှိတ်မန်ဆာ ဟာ ကယ်လီဖိုးနီးယားမှာရှိတဲ့ ဆန်တာဘာဘရာကောလိပ်မှာ ပညာသင်ခဲ့တာပါ။ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နဲ့ပတ်သက်တဲ့ သူ့ရဲ့ဘွဲ့ကိုတော့ ယူအေအီးတက္ကသိုလ် ကနေ ရရှိခဲ့တာဖြစ်ပါတယ်။

(၂)။ မန်စီးတီးကိုအရမ်းချစ်တဲ့သူ

READ
ဘရူနိုင်းနိုင်ငံမှာ ပြင်းထန်စွာအပြစ်ပေးခံရမယ့် ရာဇဝတ်မှုများ

ရှိတ်မန်ဆာ ဟာ မန်စီးတီးအသင်းကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ဆီကနေ လက်လွှဲဝယ်ယူခဲ့တာပါ။ အဲဒီနောက်မှာတော့ ပရီးမီးယားလိဂ် ချန်ပီယံ(၄)ကြိမ်ဖြစ်လာအောင် လုပ်ပေးနိုင်ခဲ့ပြီး အသင်းရဲ့တန်ဖိုးကိုလည်း မြင့်တက်သွားစေခဲ့ပါတယ်။ မန်စီးတီးအသင်းရဲ့ လက်ရှိတန်ကြေးဟာ ဒေါ်လာ (၄.၈) ဘီလီယံလောက်ရှိနေပြီး ကမ္ဘာ့တန်ကြေးအမြင့်ဆုံး အားကစားလုပ်ငန်းစုအဖြစ် ရပ်တည်နေတာပါ။ ရှိတ်မန်ဆာ ရဲ့ အားကစားကုမ္ပဏီဟာ မန်စီးတီးအပြင် သြစတြေးလျနိုင်ငံမှာရှိတဲ့ မဲလ်ဘုန်းစီးတီးအက်ဖ်စီ ၊ အမေရိကန်မေဂျာလိဂ်ရဲ့ နယူးယော့ခ်စီးတီးအက်ဖ်စီ ၊ တို့ကို ပိုင်ဆိုင်ထားပြီး တရုတ်ဒုတိယတန်းကလပ်အသင်းကိုလည်း ရှယ်ယာတွေထည့်ဝင်ထားတာပါ။

(၃)။ အာကာသခရီးသွားလုပ်ငန်းကိုလည်း စိတ်ဝင်စားသူ

ရှိတ်မန်ဆော်ဟာ ဗြိတိန်ရဲ့သူဌေးကြီး ရစ်ချတ် ဘရန်ဆန်ရဲ့ အာကာသခရီးသွားလုပ်ငန်း ကုမ္ပဏီမှာ ရှယ်ယာ (၃၂) ရာခိုင်နှုန်းအထိ ပါဝင်ထားသူပါ။ သူက ဂျာမနီ ကားထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Daimler AG ရဲ့ ရှယ်ယာတွေကိုလည်း ပိုင်ဆိုင်ထားပြီး ငွေကြေးပိုင်းဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီဖြစ်တဲ့ Barclays ရဲ့ ရှယ်ယာတွေကိုလည်း ပိုင်ဆိုင်ထားသူပါ။

(၄)။ ဘ၀ကို ဇိမ်ခံပစ္စည်းတွေနဲ့ဖြတ်သန်းချင်သူ

READ
အတော်ဆုံးနဲ့ အထူးခြားဆုံးတွေအဖြစ် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးခဲ့ကြတဲ့ သတ္တ၀ါများ

ရှိတ်မန်ဆော်ဟာ ဘီလီယံနာ တစ်ယောက်ဖြစ်တာနဲ့အညီ တကယ့်အကောင်းစား ဇိမ်ခံပစ္စည်းတွေကိုမှ သဘောကျတတ်သူပါ။ သူ့မှာ တိုပက်ဇ်လို့ နာမည်ပေးထားတဲ့ ဇိမ်ခံရွက်လှေကြီး တစ်စီးရှိပြီး အမေရိကန်ဒေါ်လာ (၅၂၇)သန်း တန်ကြေးရှိပါတယ်။ ကမ္ဘာပေါ်မှာ အကြီးဆုံး ရွက်လှေစာရင်းမှာ နံပတ်(၇)နေရာမှာ ရပ်တည်နေတဲ့ တိုပက်ဇ်ဟာ ဟောလိဝုဒ်ရုပ်ရှင်မင်းသား လီယိုနာဒို ရဲ့ ငှားရမ်းစီးနင်းမှုကို ခံခဲ့ရတာပါ။

Linn

SHARE