ကားမတော်တဆမှုကြောင့် နံရိုးကျိုးဒဏ်ရာ ရရှိပြီး၊ ချဲလ်ဆီးနဲ့ပွဲကို လွဲချော်ရတော့မည့်အဂူရို

မန်စီးတီးအသင်းရဲ့ အဓိကတိုက်စစ်မှူးဖြစ်တဲ့ အဂူရိုဟာ နယ်သာလန်နိုင်ငံ၊ Amsterdam မှာ ဖြစ်ခဲ့တဲ့ ကားမတော်တဆမှုတစ်ခုမှာ ပါဝင်ခဲ့ပြီး၊ နံရိုးကျိုးဒဏ်ရာ ရရှိခဲ့ကြောင်း မန်စီးတီးအသင်းက အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ အဂူရိုဟာ လာမည့်မန်စီးတီးအသင်းရဲ့ ပွဲစဉ်တွေကို အနည်းဆုံး ခြောက်ပတ်မှ၊ ရှစ်ပတ်အထိ လွဲချော်ဖို့ရှိတယ်လို့ သိရပါတယ်။

မန်စီးတီးအသင်းကတော့ ၎င်းတို့ရဲ့ တိုက်စစ်မှူးဟာ အသင်းဆရာဝန်ရဲ့ အတည်ပြုစစ်ဆေးမှုကို ခံယူဖို့တွက် အင်္ဂလန်နိုင်ငံကို ပြန်လာနေပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အဂူရိုဟာ ကားတိုက်မှုမှ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် လာမည့် ချယ်လ်ဆီးအသင်းနဲ့ပွဲစဉ်ကို သေချာပေါက် လွဲချော်တော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် လာမည့်အပတ်မှာ ကစားရမယ့် အာဂျင်တီးနားအသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကိုလည်း လွဲချော်တော့မှာ ဖြစ်ပါတယ်။ အဂူရိုဟာ ကိုလံဘီယာအဆိုတော် မာလူမာရဲ့ ဖျော်ဖြေပွဲကို သွားရောက်အားပေးပြီးနောက် တက္ကစီတစ်စီးနဲ့ တည်းခိုရာကို ပြန်ခဲ့စဉ်မှာ ယာဉ်မတော်တဆမှု ဖြစ်ခဲ့တာပါ။

မန်စီးတီးအသင်းက ” အဂူရိုဟာ ကြာသပတေးနေ့က ဖြစ်ခဲ့တဲ့ ယာဉ်မတော်တဆမှုမှာ ပါဝင်ခဲ့ပြီး၊ ယနေ့ပဲ ကလပ်အသင်းဒေါက်တာနဲ့ပြသဖို့ ပြန်ရောက်လာမှာ ဖြစ်ပါတယ် သူဟာ သူရဲ့နားရက်မှာ အခုလို မတော်တဆမှု ဖြစ်ခဲ့တာပါ … “လို့ ရေးသားခဲ့ပါတယ်။

READ
စက်ဘီးပြိုင်ပွဲမှာရှေ့ဆုံးကဦးဆောင်နေပေမဲ့ ဗိုက်နာလို့လမ်းဘေးမှာကိစ္စရှင်းခဲ့ရသူ

ESPN က ဟော်လန်မှာရှိတဲ့ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းရာမှာ ရဲအရာရှိတစ်ဦးက ” တက္ကစီက ဒေသစံတော်ချိန် 23 နာရီမှာ လမ်းဘေးက မီးတိုင်ကို ၀င်တိုက်ခဲ့မိတာပါ ဒဏ်ရာရရှိတဲ့ ယာဉ်မောင်းနဲ့ ခရီးသည် နှစ်ဦးစလုံးကို ဆေးရုံကို ပို့ပေးခဲ့ပါတယ် “လို့ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရပါတယ်။

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE