ဒဏ်ရာပိုဆိုးမှာစိုးလို့ ပေါ့ဂ်ဘာကို ဘက်စ်ကတ်ဘောကစားခွင့် မန်ယူအသင်းပိတ်ပင်

ဘက်စကတ်ဘောကစားခြင်းကိုလည်း ပရော်ဖတ်ရှင်နယ်တစ်ယောက်လို ကျွမ်းကျင်စွာ ကစားနိုင်တဲ့ ပြင်သစ်လက်ရွေးစင်၊ မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာဟာ သူချစ်တဲ့ ဘက်စ်ကတ်ဘောကစားခြင်းကို ကစားရဖို့ မရှိတော့ပါဘူး။ အကြောင်းတော့ ပေါ့ဂ်ဘာရဲ့ ကြံခိုင်မှုကို ထိခိုက်မှာ စိုးလို့ မန်ယူအသင်းက ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။

Splash News

Mirror သတင်းမှာ ဖော်ပြထားချက်အရ ပေါ့ဂ်ဘာဟာ ဘေဆယ်အသင်းနဲ့ ပွဲစဉ်မှာရရှိထားတဲ့ ဒူးကောက်ကြောဒဏ်ရာက အရှင်းပျောက်ကင်းခြင်း မရှိသေးပါဘူး။ မော်ရင်ဟိုကလည်း ပေါ့ဂ်ဘာရဲ့ ဒဏ်ရာဟာ ရေရှည်ကုသရမယ့် ဒဏ်ရာမျိုးဖြစ်ပြီး၊ ခြောတ်ပတ်လောက် ကုသမှုခံယူတာတောင်မှ ပြန်ကစားနိုင်ဖို့ အလားအလာမရှိဘုးလို့ ဆိုပါတယ်။

မန်ယူအသင်းရဲ့ ဆေးဘက်ဆိုင်ရာဆရာဝန်တစ်ဦးက ဘက်စ်ကတ်ဘောကစားခြင်းဟာ ကစားသမားရဲ့ ကြံခိုင်မှုကို အလွန်သက်ရောက်မှုရှိပြီး၊ ဒူးလှည့်အားကို အားပြုကစားရတဲ့အတွက် ဒူးနဲ့ ဒူးအရွတ်၊ ဒူးကောက်ကြောဒဏ်ရာတွေအတွက်လည်း စိုးရိမ်ဖွယ်ရာ၊ သို့မဟုတ် ပိုပြီးထိခိုက်နိုင်စရာရှိတယ်လို့ မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။

Instagram/paulpogba

ပေါ့ဂ်ဘာဟာ NBA ကို အသည်းစွဲအားပေးသူဖြစ်ပြီး၊ နာမည်ကျော် ဘက်စ်ကတ်ဘောသမားများနဲ့လည်း ပုဂ္ဂိုလ်ရေး ရင်းနီးသူတွေ ဖြစ်ပါတယ်။ ဘက်စ်ကတ်ဘောကစားစဉ် မကြာခဏ ဓာတ်ပုံများရိုက်ကူးလေ့ရှိပြီး၊ ယမန်နှစ်ကတော့ အသင်းဖော် လူကာကူပါ ပါဝင်ခဲ့ပါသေးတယ်။

READ
PSG အသင်းက အာဆင်နယ်အသင်းရဲ့သက်တော်ရှည်နည်းပြ အာဆင်ဝင်းဂါးကိုခေါ်ယူလို

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE