ကော်တင်ဟိုကို ပေါင်သန်း(90)နဲ့ ခေါ်မယ့် ဘာစီလိုနာနဲ့ အခြားသတင်းတိုများ

၁။ မန်ချက်စတာအသင်းနည်းပြ မော်ရင်ဟိုဟာ ကမ္ဘာပေါ်ရှိနည်းပြများအနက် ပြောင်းရွှေ့ကြေးအများဆုံး အသုံးပြုတဲ့ နည်းပြတစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ချယ်လ်ဆီး၊ ရီးယဲလ်၊ အင်တာမီလန်၊ ပေါ်တိုအသင်းတို့ကို ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြမော်ရင်ဟိုဟာ သူ့ရဲ့နည်းပြဘ၀(17)နှစ်တာကာလအတွင်း ကစားသမားခေါ်ယူဖို့ပြောင်းရွှေ့ကြေး ပေါင်(1.1)
ဘီလီယံသုံးစွဲခဲ့တာဖြစ်ပါတယ်။ မော်ရင်ဟိုရဲ့နောက်မှာ လက်ရှိဘိုင်ယန်မြူးနစ်နည်းပြ အန်စလော့တီက နည်းပြဘ၀ (22)အတွင်း ပေါင် 970သန်းသုံးစွဲခဲ့ပြီး ဂွါဒီယိုလာမှာ (9)နှစ်အတွင်း ပေါင် 859သန်းသုံးစွဲခဲ့တယ်လို့ သိရပါတယ်။

၂။ ဘာစီလိုနာအသင်းဟာ အခုနှစ်နွေရာသီအပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် လီဗာပူးလ်အသင်းမှ ဘရာဇီးကွင်းလယ်
ကစားသမား ကော်တင်ဟိုကို ပေါင်သန်း(90)နဲ့ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ဘာစီလိုနာအသင်းဟာ ပီအက်စ်
ဂျီကိုထွက်ခွာသွားသော တိုက်စစ်မှူးနေမာရဲ့နေရာမှာ အစားထိုးဖို့အတွက် ကော်တင်ဟိုကို ပစ်မှတ်ထားနေတာဖြစ်ပါ
တယ်။ ဒါပေမယ့် လီဗာပူးလ်အသင်းကတော့ သူတို့ရဲ့အဓိကကစားသမားကို မရောင်းဘူးလို့ ကြေညာထားပါတယ်။

၃။ မန်စီးတီးတောင်ပံကစားသမား ဒေးဗစ်ဆေးလ်ဗားဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းဖိုးကိစ္စကို ငြင်းဆိုခဲ့ပြီး
သူ့အနေနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပါက အင်္ဂလန်နိုင်ငံမှထွက်ပြီး မိခင်နိုင်ငံစပိန်ကို ပြန်လည်ပြောင်းရွှေ့ကစားဖို့ စီစဉ်
နေတယ်လို့ သိရပါတယ်။ (31)နှစ်အရွယ်ရှိတဲ့ ဆေးလ်ဗားဟာ မန်စီးတီးအသင်းနဲ့ 2019ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး သူ့
ကိုခေါ်ယူဖို့ လက်စ်ပါးမက်စ်အသင်းက စိတ်ဝင်စားနေပါတယ်။

READ
အင်္ဂလန်နည်းပြသစ်အဖြစ် ၀င်းဂါးကို ခန့်အပ်ချင်နေတဲ့အက်ဖ်အေ

၎။ မန်ယူအသင်းဟာ အသင်းရဲ့လူငယ်နောက်ခံကစားသမား ဘော့ဝစ်ဂျက်ဆန်ကို ချန်ပီယံရှစ်ကလပ် လိဒ်အသင်းကို
တစ်ရာသီအငှားချခဲ့တယ်လို့ သိရပါတယ်။ ဘော့ဝစ်ဂျက်ဆန်ဟာ ပြီးခဲ့တဲ့ရာသီကလည်း ဟူးလ်စီးတီးကို အငှားနဲ့ သွား
ရောက်ကစားခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် မန်ယူအသင်းနည်းပြမော်ရင်ဟိုဟာ လူငယ်နောက်ခံကစားသမားတစ်ဦးဖြစ်တဲ့ မန်ဆာကိုလည်း ခရစ္စတဲလ်ပဲလေ့စ်ကို အငှားချဖို့ စီစဉ်နေပါတယ်။

၅။ ချယ်လ်ဆီးနည်းပြကွန်တီဟာ အာဆင်နယ်ကိုရှုံးနိမ့်ခဲ့တဲ့ ကွန်မြူနတီဒိုင်းဗိုလ်လုပွဲမှာ ပင်နယ်တီလွဲချော်ခဲ့တဲ့ ဂိုးသမား
ကော့တွိုက်စ်နဲ့ တိုက်စစ်မှူးမိုရာတာတို့ဘက်မှ ထောက်ခံပြောဆိုခဲ့ပါတယ်။ ကွန်တီက “ကော့တွိုက်စ်ဟာ ကျွန်တော်တို့
အသင်းရဲ့ ပင်နယ်တီကန်အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်အပါအ၀င်ပါ။ ခင်ဗျားအနေနဲ့ လေ့ကျင့်ခန်း
မှာအစွမ်းပြတဲ့ ဒီကစားသမားတွေကိုပဲ ပင်နယ်တီကန်ခိုင်းသင့်တယ်မဟုတ်ပါလား။ တိုက်စစ်မှူး မိုရာတာလည်းဒီလိုပါပဲ”
လို့ပြောခဲ့ပါတယ်။

၆။ အဲဗာတန်တိုက်စစ်မှူး ၀ိန်းရွန်နီက မန်ယူအသင်းတွင် ထိပ်တန်းဂိုးသွင်းရှင်အဖြစ်စံချိန်တင်ထားတဲ့ သူ့ရဲ့စံချိန်ကို စီရော်နယ်ဒို၊ မက်ဆီတို့မှ လွဲပြီး အခြားဘယ်ကစားသမားမှ ချိုးဖြတ်ဖို့လွယ်ကူမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ (253)
ဂိုးနဲ့ မန်ယူရဲ့ထာဝရထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေတဲ့ ရွန်နီက “စီရော်နယ်ဒို၊ မက်ဆီဆိုရင်တော့ ဒီစံချိန်ကို ချိုး
ကောင်းချိုးနိုင်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ကစားသမားတွေဟာ တစ်နေရာတည်းမှာ နှစ်ပေါင်းများစွာနေဖို့
ဆိုတာ မဖြစ်နိုင်တော့တဲ့အနေအထားဖြစ်ပါတယ်”လို့ ပြောခဲ့ပါတယ်။

READ
စပါးနဲ့ချယ်လ်ဆီးတို့ ထိပ်တိုက်တွေ့ဆုံနေတဲ့ လန်ဒန်ဒါဘီ

၇။ အာဆင်နယ်အသင်းရဲ့ ချီလီတိုက်စစ်မှူးဆန်းချက်ဇ်ဟာ အခုနှစ်ရာသီ အာဆင်နယ်အသင်းမှာ ဆက်ရှိနေဖွယ်ရှိတယ်
လို့ ဗြိတိန်မီိဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ဆန်းချက်ဇ်ဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးမှာ
မဟုတ်ဘဲ ရာသီကုန်လို့ စာချုပ်သက်တမ်းကုန်ဆုံးရင် အသင်းကနေ ထွက်ခွာသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

M2T (Shwemom)
Source ; thesun.co.uk
SHARE