ဘောလုံးလောက၏ နောက်ဆုံးရ သတင်းအတိုများ

၁။ Forbesမဂ္ဂဇင်းက 2017ခုနှစ်အတွက် ကမ္ဘာ့တန်ဖိုးအရှိဆုံး ဘောလုံးကလပ်အသင်းကို ထုတ်ပြန်ကြေညာခဲ့ရာ မန်ယူအသင်းမှာ ပြိုင်ဘက် ရီးယဲလ်၊ ဘာစီလိုနာအသင်းတို့ကို နှောက်ကောက်ချပြီး  ထိပ်ဆုံးမှာရပ်တည်နိုင်ခဲ့ပါတယ်။ 2017ခုနှစ်အတွက် မန်ယူအသင်းရဲ့ တန်ဖိုးမှာ ပေါင်(2.85)ဘီလီယံရှိပြီး ယမန်နှစ်(2.57 ဘီလီယံ)ထက် (11)ရာ ခိုင်နှုန်းတက်လာခဲ့ပါတယ်။ မန်ယူအသင်းရဲ့ နောက်မှာတော့ ဘာစီလိုနာအသင်းက (ပေါင် 2.81ဘီလီယံ)နဲ့ ဒုတိယနေ
ရာမှာရပ်တည်နေပြီး ရီးယဲလ်အသင်းက (ပေါင် 2.77ဘီလီယံ)နဲ့ တတိယနေရာမှာရပ်တည်ခဲ့ပါတယ်။
ဒါပေမယ့် မန်ယူအသင်းဟာ နယ်ပယ်အရပ်ရပ်အားကစားကလပ်အသင်းတွေထဲမှာ ကမ္ဘာ့တန်ဖိုးအရှိအဆုံးအ
သင်းအဖြစ် တတိယနေရာတွင်သာ ရပ်တည်နိုင်ခဲ့တယ်လို့ သိရပါတယ်။

၂။ ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေဖြစ်တဲ့ ချယ်လ်ဆီးအသင်းနဲ့ လီဗာပူးလ်အသင်းတို့ဟာ ဒေါ့တ်မွန်အသင်းမှ အသက်(၂၈)နှစ်အရွယ် တိုက်စစ်မှူး အူဘာမီယန်းကို ပေါင်သန်း(၆၅)သန်းနဲ့ ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းနေကြပါတယ်။ အူ
ဘာမီယန်းဟာ ပြီးခဲ့တဲ့ရာသီက ဒေါ့တ်မွန်အတွက် ဂိုး(၄၀)သွင်းခဲ့ပြီး ဘွန်ဒစ်လီဂါထိပ်တန်းဂိုးသွင်းရှင်လည်းဖြစ်ခဲ့သူဖြစ်
ပါတယ်။

၃။ မိုနာကိုအသင်းမှ ကွင်းလယ်ကစားသမား ဘာကာယိုကာဟာ သူ့ရဲ့လူမှုကွန်ရက်ဝက်ဘ်ဆိုက်ကနေ အင်္ဂလိပ်
စကားလေ့ကျင့်နေတဲ့ပုံတွေကို တင်ခဲ့တာကြောင့် သူ့အနေနဲ့ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့နီးစပ်နေပြီလို့ သတင်း
တွေက ဖော်ပြခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဘာကာယိုကို ကိုပေါင်သန်း(၄၀)နဲ့ခေါ်ယူဖို့ ကာလရှည်ဆက်သွယ်နေ
တဲ့အသင်းဖြစ်ပါတယ်။

၎။ မန်စီးတီးအသင်းဟာ စပါးအသင်းမှ အင်္ဂလန်ညာနောက်ခံကစားသမား ဝေါ်လ်ကာကို ပေါင်(54)သန်းနဲ့ ခေါ်ယူ
ဖို့ စပါးအသင်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဝေါ်လ်ကာရဲ့ ပြောင်းရွှေ့ကြေးအတွက် အရင်
ဆုံး ပေါင်(45)သန်းနဲ့  (12)လအတွင်း ပေါင်(5)သန်းပေးမယ်လို့ သိရပါတယ်။ ဒါ့အပြင် ကစားသမားရဲ့ စွမ်း
ဆောင်ရည်ပေါ်မူတည်ပြီး ပေါင်(4)သန်း အပိုထပ်ဆောင်းပေးမှာဖြစ်တာကြောင့် ဝေါ်လ်ကာရဲ့ပြောင်းရွှေ့ကြေးဟာ
ဂျွန်စတုန်းရဲ့စံချိန်တင်(ပေါင်47.5သန်း)ကို ကျော်ဖြတ်ပြီး ပြောင်းရွှေ့ကြေးအများဆုံး အင်္ဂလန်နောက်ခံလူဖြစ်လာမှာဖြစ်
ပါတယ်။

READ
အင်္ဂလန်နည်းပြသစ်အဖြစ် ၀င်းဂါးကို ခန့်အပ်ချင်နေတဲ့အက်ဖ်အေ

၅။ ချယ်လ်ဆီးကွင်းလယ်ကစားသမားတစ်ဦး မာတစ်ဟာ မန်ယူအသင်းကို ရောက်ဖို့နီးစပ်နေပြီလို့ ဗြိတိန်သတင်းစာတွေ
ကဖော်ပြခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းက ဘာကာယိုကို,ကိုရဖို့ နီးစပ်နေပြီဖြစ်သလို ချယ်လ်ဆီးနည်းပြကွန်တီမှာလည်း
အသင်းပြောင်းရွှေ့လိုနေတဲ့ မာတစ်ကို တစ်ဦးတည်းလေ့ကျင့်ခန်းဆင်းခိုင်းခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် မာတစ်အ
နေနဲ့ ဆရာဟောင်းမော်ရင်ဟိုရှိရာ မန်ယူကို ပြောင်းရွှေ့ဖို့နီးစပ်လာတယ်လို့ သတင်းထွက်ခဲ့တာဖြစ်ပါတယ်။

၆။ ရီးယဲလ်မက်ဒရစ်အသင်းဟာ မန်ယူအသင်းမှ စပိန်ဂိုးသမားဒီဂီယာကို ခေါ်ယူဖို့ ပြန်လည်စီစဉ်လာနေတယ်လို့သိရပါ
တယ်။ မန်ယူအသင်းနဲ့ ရီးယဲလ်အသင်းတို့ဟာ လာမယ့်ဇူလိုင်(26)ရက်နေ့မှာ နွေရာသီချစ်ကြည်ရေးခြေစွမ်းပွဲစဉ်ကစား
မှာဖြစ်ပါတယ်။ အဲဒီပွဲမတိုင်ခင် ရီးယဲလ်အသင်းဟာ မန်ယူဂိုးသမားဒီဂီယာကို ပေါင်သန်း(60)နဲ့ ခေါ်ယူဖို့ စီစဉ်နေတာ
ဖြစ်ပါတယ်။ ရီးယဲလ်အသင်းဟာ အေစီမီလန်ဂိုးသမားဒွန်နာရမ်မာမှာ အေစီနဲ့ စာချုပ်သက်တမ်းတိုးခဲ့တာကြောင့် စပိန်
ဂိုးသမားဒီဂီယာဘက်ကို ပြန်ပြီး မြှားဦးလှည့်လာခဲ့တာဖြစ်ပါတယ်။

၇။ စပိန်နဲ့ ဘာစီလိုနာနောက်ခံကစားသမား ပီကေးက ပြိုင်ဘက်ရီးယဲလ်တိုက်စစ်မှူးစီရော်နယ်ဒိုအနေနဲ့ ကမ္ဘာ့အ
ကောင်းဆုံး FIFA Ballon d’Orဆုကို ရရှိဖို့ ရေပန်းစားနေပေမယ့် အသင်းဖော်တိုက်စစ်မှူးမက်ဆီမှာတော့ ဘောလုံး
သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက ရီးယဲလ်
နဲ့အတူ လာလီဂါဖလား၊ ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးရရှိခဲ့လို့ 2017ခုနှစ်အတွက် Ballon d’Orဆုကို ရရှိဖို့ ပြိုင်
ဘက်မက်ဆီထက် ပိုမိုရေပန်းစားနေပါတယ်။

READ
မန်ယူလူငယ်တိုက်စစ်မှူးRashford အင်္ဂလန်အသင်းကြီးမှာပထမဆုံးရွေးချယ်ခံရ

၈။ ဂျူဗင်တပ်စ်နောက်ခံကစားသမား ဘိုနုချီဟာ စီးရီးအေပြိုင်ဘက်ကလပ် အေစီမီလန်အသင်းကို ပြောင်းရွှေ့ဖို့နီးစပ်နေ
ပြီဖြစ်ပါတယ်။ အေစီမီလန်အသင်းဟာ သူ့ကို ပြောင်းရွှေ့ကြေးပေါင်(44)သန်းနဲ့  ဂျူဗင်တပ်စ်အသင်းထံ ကမ်းလှမ်းခဲ့
တယ်လို့ သိရပါတယ်။ ဘိုနုချီကို မန်စီးတီးနဲ့ ချယ်လ်ဆီးအသင်းတို့ကလည်း ခေါ်ယူဖို့ ကြိုးပမ်းနေကြပါတယ်။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင်
ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ဘာသာပြန်ဆောင်းပါး
များကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်
ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

M2T (Shwemom)
Source ; dailymail.co.uk @ thesun.co.uk

 

SHARE