ဆန်းချက်ဇ်ကို စာချုပ်ချုပ်ကြေး ၂၅သန်း သီးသန့်ပေးကာခေါ်ယူဖို့ပြင်ဆင်နေတဲ့ မော်ရင်ဟို

လက်ရှိပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ မန်ယူအသင်းဟာ အာဆင်နယ်အသင်းတိုက်စစ်မှူး ဆန်းချက်ဇ်ကို ခေါ်ယူနိုင်ဖို့အတွက် ထိပ်သီးပြိုင်ဘက် မန်စီးတီးကို အသာစီးရယူဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ဆန်းချက်ဇ်ဟာ ယခုနှစ် အပြောင်းအရွှေ့ရာသီ ကုန်ခါနီးအချိန်မှာ မန်စီးတီးအသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ကြောင်း The Sun က ဆိုပါတယ်။

RAX FEATURES

ဒါပေမယ့် အာဆင်နယ်အသင်းက မန်စီးတီးအသင်း နောက်ဆုံး ကမ်းလှမ်းတဲ့ ပြောင်းရွှေ့ကြေး ပေါင် သန်း 60 ကို ငြင်းပယ်ခဲ့လို့၊ သေချာပေါက် လာမည့် အပြောင်းအရွှေ့ရာသီမှာ အလွတ်ပြောင်းရွှေ့ခွင့်နဲ့ အာဆင်နယ်အသင်းကနေ ထွက်ခွာဖို့ ရှိနေပါတယ်။ ဒါကို မော်ရင်ဟိုက အခွင့်ကောင်းယူပြီး စာချုပ်ကြေး ပေါင် 25 သန်း ပေးမယ့်အကြောင်း ပြောခဲ့ပါတယ်။

RAX FEATURES

ဒီလိုအခြေအနေမှာ ဆန်းချက်ဇ်ဟာ မန်ယူအသင်းကို အလေးသာသွားနိုင်စရာရှိနေပြီး၊ မန်စီးတီးအတွက်တော့ အတော်လေး လုပ်ရကိုင်ရခက်ခဲမဲ့ သဘောမျိုး ဖြစ်သွားစေလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။ ဒါပေမယ် ကစားသမားနဲ့ မန်ယူဟာ အကြိုသဘောတူညီမှုစာချုပ်ကို ဘောလုံးရာသီသစ်မစတင်ခင်မှာ ချုပ်ဆိုနိုင်ဖွယ်တော့ မရှိပါဘူး။

READ
ပရီးမီးယားလိဂ်သက်တော်ရှည်နည်းပြ အာစင်ဝင်းဂါးရဲ့နောက်ကွယ်က ကိန်းဂဏန်းများ

ပြီးခဲ့တဲ့ အြေ့ပာင်းအရွှေ့ရာသီက ဆန်းချက်ဇ်ဘက်ကနေ မန်စီးတီးကို ထွက်ခွာဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောခဲ့ပေမယ့်၊ သူ့ရဲ့အကြံပေးက မန်ယူကို ဦးစားပေးဖို့ တိုက်တွန်းခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် မန်စီးတီးအသင်းကလည်း ဆန်းချက်ဇ်ကို ရဖို့ အစွမ်းကုန်ကြိုးစားနေပြီး၊ အဂူရို သို့မဟုတ် ဂါဘရီယယ်လ်ဂျီးဆပ်တစ်ဦးဦးကိုပါ အလိုက်ပေး လဲဖို့အတွက် ကမ်းလှမ်းခဲ့ပါသေးတယ်။

သေချာပေါက်ကတော့ ချီလီတိုက်စစ်မှူး ဆန်းချက်ဟာ လာမည့်အပြောင်းအရွှေ့ရာသီ၊ သို့မဟုတ် စာချုပ်လွတ်လွတ်ကျွတ်ကျွတ် ကုန်ဆုံးချိန်မှာ အာဆင်နယ်အသင်းနဲ့ လမ်းခွဲတော့မယ်ဆိုတာပါဘဲ။ ပရီမီးယားလိဂ်မှာသာ ဆက်လက် ကစားဖွယ်ရှိနေပြီး၊ မန်စီးတီး မန်ယူ တစ်သင်းသင်းမှာ မြင်တွေ့ရဖွယ်ရှိနေပါတယ်။

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE