Manchester United ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ဆိုက်ဘာတိုက်ခိုက်ခံခဲ့ရပါတယ်။ဟက်ကာတွေ က ပြန်ရွေးငွေ အဖြစ် ပေါင် သန်း နဲ့ ချီပြီးေ တာင်းဆိုခဲ့တယ်လို့ Daily Mail မှာ တော့ ဖော်ပြခဲ့ပါတယ်။ဒီတိုက်ခိုက်မှု ကို ကျူးလွန်တာ ဘယ်သူ ဘယ်ဝါ ဆိုတာကိုတော့ အခုထိ မထုတ် ဖော်နိုင် သေးပါဘူး။ဒီတိုက်ခိုက်မှုကြောင့် Club ရဲ့ Network ကို တော်တော် လေး ထိခိုက် ခဲ့ရပါတယ်။ဒီသီတင်း ပတ် အတွင်းမှာ Email တွေ အပါအ၀င် တခြား လုပ်ငန်းဆောင်တာ တွေ မှာပါ အဆင်မ ပြေ ဖြစ်ခဲ့ရပါတယ်။လက်ရှိမှာတော့ စုံစမ်း စစ်ဆေး မှု တွေကို လုပ်ဆောင်နေ ပြီး အတွင်းပိုင်း internal system တွေ Safe ဖြစ် ဖို့ အတွက် ကြိုးစားနေပါတယ်။ဒီအကြောင်းကိုတော့ CNN မှာ ဖော်ပြထားပါတယ်။
View this post on Instagram
PA Media ရဲ့ ဖော်ပြချက်မှာတော့ ဆိုက်ဘာ တိုက်ခိုက်ခံရမှု ကြောင့် မန်ယူရဲ့ ကွန်ပျူတာ System က လုံးဝ အပြည့်အ၀ ပြန်ပြီး Restore မလုပ်နိုင် သေး ကြောင်းနဲ့ ကြာသ ပေ တး နေ့ (နိုဝင်ဘာ ၂၆) ရက်နေ့ အထိ Email အကောင့်တွေ ကို Access မရသေးဘူး လို့ ဖော်ပြခဲ့ပါတယ်။ဗြိတိန်ရဲ့ National Cyber Security Center (NCSC) ကလည်း မန်ယူ ကို ကူညီပေး နေပါတယ်။NCSC က တော့ အရင် တုန်းကလည်း ဆိုက်ဘာ တိုက်ခိုက်ခံခဲ့ရဖူးတဲ့ ကုမ္ပဏီ တွေကို ကူညီပေးခဲ့ဖူးပါတယ်။ CNN က နေ NCSC ကို ဆက်သွယ်ပြီး ဒီအ ကြောင်းကို မေးပေမယ့် ဘာမှ မတုံ့ပြန်ခဲ့ပါဘူး။ ဒီတိုက်ခိုက်မှု က ဘယ်သူ့မှာ တာဝန်ရှိတယ်၊ဘာကို ရည်ရွယ် လဲ ဆိုတာကို Manchester United ဘက်က ဘာမှ မှတ်ချက် မှ ပြောမှာ မဟုတ်ကြောင်းနဲ့ IT အသင်းနဲ့ ပြင်ပ ကျွမ်းကျင်သူတွေ ကလည်း Network လမ်း ကြောင်းတွေကို Safe ဖြစ်ဖို့ အတွက် ကြိုးစားပေးနေပြီး စုံစမ်းစစ်ဆေးမှုတွေ ကို လုပ်ေ နတယ်လို့ ပဲ ပြန်တုံ့ပြန်ခဲ့ပါတယ်။
View this post on Instagram
ဒီတိုက်ခိုက်မှုက နှောင့်ယှက်တာ မျိုးသာ ဖြစ်ပြီး တခြား Fan Data တွေ ထိခိုက်တာ မျိုးတွေ လက်တလောမှာ မတွေ့ ရ သေးဘူးလို့ လည်း Manchester United က ပြောပါတယ်။ပြိုင်ပွဲတွေ အတွက် အရေးကြီးတဲ့ system တွေ က တော့ ဘေးကင်း တယ်လို့ လည်း ပြောခဲ့ပါတယ်။မန်ယူ အသင်းက တော့ လက်ရှိမှာ ၁၀ ကြိမ်မြောက် Premier League မှာ ယှဉ်ပြိုင်ကစားနေပါတယ်။တနင်္ဂ နွေ နေ့ (နိုဝင်ဘာ ၂၉ ) မှာတော့ Southampton နဲ့ ယှဉ်ပြိုင်ကစားမှာပါ။ဒီသီတင်းပတ် အစောပိုင်း တုန်းက တော့ Istanbul Basaksehir ကို 4-1 နဲ့ အနိုင်ရထားပါတယ်။
View this post on Instagram
#SHWEMOM