ပီအက်စ်ဂျီကို ပြောင်းတော့မယ့် နေမာ၊ မန်ယူကိုရောက်ဖို့ နီးစပ်နေတဲ့မာတစ်နဲ့သတင်းတိုများ

၁။ မန်ယူအသင်းနည်းပြမော်ရင်ဟိုက ချယ်လ်ဆီးကွင်းလယ်ကစားသမား မာတစ်မှာ မန်ယူအသင်းကိုပြောင်းရွှေ့ဖို့ အရမ်းစိတ်အားထက်သန်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။ ချယ်လ်ဆီးကွင်းလယ်လူမာတစ်ကလည်း မန်ယူအသင်းရဲ့လေ့
ကျင့်ရေးဝတ်စုံကိုဝတ်ပြီး လူမှုကွန်ရက်ဘ၀က်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။ အင်္ဂလန်မီဒီယာတွေရဲ့ဖော်ပြချက်အရ မန်ယူအသင်းဟာ မာတစ်ကို ပေါင်သန်း(40)နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

၂။ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းဟာ အမ်းမရိတ်ဖိတ်ခေါ်ဖလားပြိုင်ပွဲနောက်ဆုံးပွဲစဉ်မှာ ဆီးဗီးလားအ
သင်းကို (1-2)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် အမ်းမရိတ်ဖလားကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အမ်းမရိတ်ဖလားပြိုင်ပွဲရဲ့အမှတ်ပေး
စည်းမျဉ်းမှာ ဂိုးအရေအတွက်ကို အမှတ်ပေးတာဖြစ်လို့ (2)ပွဲကစားရာမှာ (9)မှတ်ရရှိခဲ့ပြီး ဗိုလ်စွဲနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာ အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးရှင် တိုက်စစ်မှူးလာကာဇက်တီဟာ အာဆင်နယ်အတွက် ပထမဆုံးဂိုး
ကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

၃။ ဘာစီလိုနာအသင်းမှ ဘရာဇီးတိုက်စစ်မှူး နေမာဟာ တစ်ပတ်အတွင်း ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့မှာဖြစ်ပြီး ဆေးစစ်မှုပြုလုပ်မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ပီအက်စ်ဂျီအသင်းမှ ပေါင်(195)သန်းနဲ့ ခေါ်ယူဖို့ ပစ်မှတ်
ထားခြင်းခံနေရတဲ့ နေမာဟာ ဘာစီလိုနာအသင်းနဲ့အတူ စပိန်ကို ပြန်မလိုက်သွားခဲ့ဘဲ ကာတာမှာ ပီအက်စ်ဂျီအသင်း
ဥက္ကဋ္ဌနဲ့ တွေ့ဆုံဖို့ရှိနေတယ်လို့ သိရပါတယ်။

၎။ ဘာစီလိုနာကွင်းလယ်ကစားသမား ရာကီတစ်က ဘာစီလိုနာအသင်းက ရီးယဲလ်အသင်းကို (3-2)ဂိုးနဲ့အနိုင်ရခဲ့
တဲ့ ICCဖိတ်ခေါ်ဖလားပွဲစဉ်မှာ ကွင်းလယ်ဒိုင်လူကြီးမာရူဖိုက (3)ကြိမ်တိုင်တိုင် သူ့ကို ရန်စခဲ့တယ်လို့ ပြောဆိုခဲ့ပါ
တယ်။ ရာကီတစ်က “ဒိုင်လူကြီးဟာ ကျွန်တော့်ကို (3)ကြိမ်တောင်ရန်စခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ အကုန်လုံး
ကို လေးစားမှုရှိပေမယ့် သူတို့ကတော့ လေးစားမှုမရှိတဲ့လူတွေပါ”လို့ ပြောခဲ့ပါတယ်။

READ
ရွန်းနီကို တစ်ပါတ်လုပ်ခ ပေါင်တစ်သန်းဖြင့်ကမ်းလှမ်းလိုက်တဲ့ တရုတ်ကလပ်

၅။ ဘာစီလိုနာအသင်းသားများအားလုံးဟာ နေမာကို အသင်းမှမထွက်ခွာဖို့ ပြောဆိုကြပေမယ့် ရီးယဲလ်နောက်ခံလူ
ရာမို့စ်ကတော့ ပီအက်စ်ဂျီကိုသွားဖို့ နေမာကို တိုက်တွန်းခဲ့ပါတယ်။ နေမာအနေနဲ့ ပီအက်စ်ဂျီကနေ ထွက်ခွာသွားခဲ့ရင်
ရီးယဲလ်အသင်းအတွက် သတင်းကောင်းတစ်ပုဒ်ဖြစ်သလို ကျွန်တော်တို့အတွက်လည်း ကြောက်စရာကောင်းတဲ့ တိုက်
စစ်မှူးတစ်ယောက်ကို ထိန်းရတာလျှော့နည်းသွားပါတယ်လို့ ရာမို့စ်က ပြောဆိုခဲ့ပါတယ်။

၆။ ချယ်လ်ဆီးအသင်းနည်းပြ ကွန်တီက ပေါင်(65)သန်းနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်မှူးမိုရာတာအနေဖြင့် ကြံ့ခိုင်မှုအား
နည်းနေပြီး တိုးတက်ဖို့ ကြိုးစားရမှာဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။ မိုရာတာဟာ အင်တာမီလန်အား ရှုံးနိမ့်ခဲ့တာ ICC
ခြေစမ်းပွဲစဉ်မှာ ချယ်လ်ဆီးအတွက် ကစားပေးခဲ့ပေမယ့် ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိပါဘူး။

၇။ အခုနွေရာသီမှာ မာလာဂါအသင်းကနေ ပေါင်(6)သန်းဝန်းကျင်နဲ့ အဲဗာတန်ကိုပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူး
ဆန်ဒရိုမာရက်ဇ်က သူ့ရဲ့ကစားသမားဘ၀ဟာ အလွန်ကံကောင်းခဲ့ကြောင်းနဲ့ အရင်ဆုံး ဘာစီလိုနာမှာ မက်ဆီနဲ့
တွေ့ဆုံခဲ့ရသလို အခုလည်း အဲဗာတန်မှာ ရွန်နီနဲ့တွေ့ဆုံခဲ့လို့ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ဆန်ဒရိုက ရွန်နီဟာ
ကျွန်တော်ခြေစွမ်းတိုးတက်ဖို့နဲ့ ဂိုးအများအပြားသွင်းနိုင်ဖို့ ကူညီပေးနိုင်ပါလိမ့်မယ်လို့လည်း ပြောခဲ့ပါတယ်။

READ
အီဗရာဟီမိုဘစ်ခ်ျကို ခေါ်ယူနိုင်တော့မယ့်မန်ယူ

၈။ ဘယ်လ်ဂျီယံကွင်းလယ်ကစားသမား ဖယ်လိုင်နီအနေနဲ့ ဂါလာတာစာရေးအသင်းကိုပြောင်းရွှေ့ဖို့သဘောတူညီမှုရရှိ
ခဲ့ပြီဆိုတဲ့ သတင်းတွေမှာ မှားယွင်းကြောင်းနဲ့ ဖယ်လိုင်နီမှာ အသင်းမှာ ဆက်ရှိနေမှာပါလို့ မန်ယူနည်းပြမော်ရင်ဟိုက
အတည်ပြုပြောဆိုခဲ့သည်။ ဖယ်လိုင်နီဟာ နော်ဝေကလပ်ဗာလီရန်ဂါအား (3-0)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ပွဲမှာ မန်ယူအတွက်
အဖွင့်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

M2T (Shwemom)
Source ; thesun.co.uik / dailymail.co.uk
SHARE