တစ်ပင်လုံးအဆိပ်တွေနဲ့ အပြည့်ဖြစ်နေတဲ့ ကမ္ဘာ့အန္တရာယ်အများဆုံး သစ်ပင်

သေမင်းရဲ့ ပန်းသီးလို့ ဆိုကြတဲ့ manchinee အပင်ဟာ ဖလော်ရီဒါတောင်ပိုင်း၊ မြေထဲပင်လယ်၊ အမေရိက အလယ်ပိုင်းနဲ့ တောင်အမေရိက မြောက်ပိုင်းတွေမှာ ပေါက်ရောက်ပါတယ်။ ၄င်းအပင်မှာ ဘဲဥပုံသဏ္ဍာန် အစိမ်းရောင်တောက်ပတဲ့ အရွက်တွေရှိပါတယ်။ ပျမ်းမျှအားဖြင့် အပင်ဟာ ပေ(၅၀) အထိ ကြီးထွားနိုင်ပါတယ်။

elitereaders

သစ်ခေါက်တွေမှာတော့ အညိုရောင်သမ်းပြီး အသီးဟာ အနံ့မွှေးမွှေးနဲ့ စားချင်စဖွယ်ဖြစ်အောင် ဆွဲဆောင်နိုင်ပါတယ်။ ဒါပေမယ့် manchinee သစ်ပင်ရဲ့ သစ်ခေါက်ကနေစပြီး သစ်ရည်၊ အရွက်နဲ့ အသီးတွေပါမကျန် အစိတ်အပိုင်းအကုန်လုံးဟာ လူကို အသက်အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ Manchinee အပင်မှာ ပါဝင်တဲ့ အချို့သော ဒြပ်ပေါင်းတွေဟာဆိုရင် ကင်ဆာဖြစ်ပွားဖို့ကို တွန်းအားပေးပါတယ်။

Hans Hillewaert

အပင်က အရမ်းအဆိပ်ပြင်းတဲ့အတွက် နားလည်သူတွေကတော့ အခုလို သတိပေးစာတွေ ရေးသားထားလေ့ ရှိပါတယ်။ အပင်ကို မထိဖို့ မကိုင်ဖို့အပြင် အပင်နားမကပ်ပဲ ခပ်ဝေးဝေးကနေ သွားလာကြဖို့အထိ သတိပေးထား တတ်ပါတယ်။ ဖလော်ရီဒါနဲ့ မြေထဲပင်လယ်ထဲက အဆိပ်ရှိအပင်များနဲ့ သတ္တ၀ါများဆိုတဲ့ စာအုပ်ကို ရေးသားထုတ်ဝေခဲ့တဲ့ ဒေးဗစ်နဲလ်လစ်စ်ရဲ့ အဆိုအရ အပင်ကထွက်တဲ့ သစ်ရည်နဲ့ ထိတွေ့ရုံနဲ့တင် အရေပြားမှာ ယောင်ကိုင်းနီမြန်းလာခြင်း၊ ခေါင်းကိုက်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ယာယီအမြင်အာရုံပျောက်ကွယ်ခြင်း စတာတွေကို ခံစားရမှာဖြစ်တယ်လို့ သိရပါတယ်။

READ
သံလွင်သီးဟာ သင့်ကျန်းမာရေးအတွက် တကယ်အထောက်ကူပြုနိုင်လို့လား ?
Flickr

ခရီးသွားတွေအနေနဲ့ မိုးရွာလို့ မိုးခိုရင်တောင် ထိုအပင်အောက်မှာ မိုးမခိုကြဖို့ သတိပေးထားပါတယ်။ မိုးရေနဲ့ manchinee အပင်က အကိုင်းအခက် အရွက်တွေဟာ ထိတွေ့ဓာတ်ပြုပြီး လူတွေရဲ့ အသားအရည်ကို အပူလောင်နာ ဖြစ်စေတဲ့အတွက်ကြောင့်ပါ။ သိရတဲ့သမိုင်းတစ်ခုအရ (၁၆) ရာစုနှစ်မှာ ဖလော်ရီဒါဒေသခံ တိုင်းရင်းသားတွေဟာ ကျူးကျော်ဝင်ရောက်လာတဲ့ စပိန်တွေကို ပြန်လည် တိုက်ထုတ်ရာမှာ manchinee  အပင်ကို အားကိုးခဲ့ကြပါတယ်။ စပိန်တွေကို မိုးရေထဲမှာ ၄င်းအပင်တွေအောက် မတ်တပ်ရပ်ခိုင်းပြီး ရန်သူတွေရဲ့ အရေပြားတွေလောင်စေကာ မျက်စိကန်းအောင် ပြုလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် မြားတွေ၊ လှံတွေမှာ သစ်ရည်ကိုသုတ်လိမ်းပြီး ရန်သူကို အဆိပ်ခတ်သတ်ဖို့လည်း သုံးခဲ့ကြပါတယ်။

Bill Reed

၎င်းအပင်ကို ခရစ္စတိုဖာကိုလံဘတ်စ်ကနေ manzanita de la muerte လို့ အမည်ပေးထားပါတယ်။ အပင်ရဲ့ အသီးကို စားသုံးမိခဲ့ရင် အော့အန်ခြင်း၊ ဗိုက်နာခြင်းစတဲ့ ဝေဒနာတွေ ခံစားရမယ့်အပြင် ခံတွင်းနဲ့ လည်ချောင်းမှာလည်း မီးလောင်ဒဏ်ရာတွေနဲ့ အပူဖုကြီးတွေပါ ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။ အသီးပမာဏ ခပ်များများစားသုံးမိရင် သေစေနိုင်တယ်လို့ သိရပေမယ့် ၄င်းအသီးကိုတော့ လူတွေက စားခဲကြပါတယ်။

READ
ဟစ်တလာလျှို့ဝှက်နားခိုခဲ့တဲ့ ဘန်ကာကို ပြင်သစ်ဓာတ်ပုံဆရာတစ်ဦး ရှာတွေ့
Adriano Leite

Manchinee သစ်ပင်ဟာ နာမည်ဆိုးနဲ့ ကျော်ကြားပေမယ့် သေချာကိုင်တွယ်တဲ့အခါ သူ့ရဲ့ ကောင်းကျိုးတွေလည်း ရှိပါသေးတယ်။ ရာစုနှစ်ပေါင်းများစွာကြာအောင် လက်သမားတွေဟာ manchinee အပင်ကို သေချာစွာ ခုတ်လှဲဖြတ်တောက် နေရောင်ပေးကာ အဆိပ်ပျယ်အောင် လုပ်ပြီး ပရိဘောဂအမျိုးမျိုး လုပ်ကြပါတယ်။ အခြောက်ခံပြီး အဆိပ်ထုတ်ထားတဲ့ သစ်ခေါက်တွေကိုတော့ ခန္ဓာကိုယ်မှာ ရေအိတ်တည်တာတွေ ပျောက်အောင် ပီကေလုပ်ပြီး ၀ါးကြပါတယ်။ အသီးခြောက်တွေကိုတော့ ဆီးရွှင်စေဖို့အတွက် အသုံးပြုကြပါကြောင်း သိရပါတယ်။

Flickr
Zipline Thomas

လင်းလင်း (ShweMom)

Ref: elitereaders

 

SHARE