မကြာခင်မှာ မိတ်ဆက်ပေးတော့မယ့် Manny Pacquiao ရဲ့ Payments Platform

Image:IG/Manny Pacquiao

Manny Pacquiao က တော့ အားကစားလောက အထူးသဖြင့် လက်ဝှေ့ လောကမှာတော့ မသိသူ မရှိတဲ့ ကမ္ဘာ ကျော် လက် ဝှေ့အ ကျော်အမော် တစ်ယောက်ပါ။ Manny Pacquiao က တော့ ငွေပေးချေမှု ဆိုင်ရာ payments platform တစ်ခု ကို ဖန်တီးနေပါတယ်။ social media influencer တွေ၊Brand တွေနဲ့ Fan တွေ အနေနဲ့ က တော့ Manny Pacquiao ရဲ့ platform ကို နောက်ပိုင်းမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင် တော့မှာပါ။ဒီအ ကြောင်းကို တော့ BBC မှာေ ဖ်ာပြထားပါတယ်။

 

View this post on Instagram

 

Look around you – make sure you count what you see, and not what you lack.

A post shared by Manny Pacquiao (@mannypacquiao) on

Manny Pacquiao က တော့ လက်ဝှေ့ထိုးစားတာ တစ်ခုတည်း တင် မဟုတ်ပဲ စီးပွားရေး လုပ်ငန်းကို လည်း လုပ် ဆောင် နေသူပါ။သူ့ရဲ့ ကုမ္ပဏီ Pac Technologies အ နေနဲ့ က တော့ PacPay ကို ဒီနှစ် ကုန် လောက်မှာ အသုံးပြုနိုင် တော့မှာပါ။ငွေပေးချေမှုဆိုင်ရာ လုပ်ငန်းတွေကို နေရာ ဒေသ မရွေး မြန်ဆန် စိတ်ချ စွာ ဆောင်ရွက် ပေးနိုင် တော့ မှာပါ။ဒါ ကိုတော့ သူ့ရဲ့ အမိ မြေ ဖိလစ်ပိုင် မှာ အရင် ဆုံးသုံးလို့ရအောင် လုပ်မှာပါ။ပြီးရင်တော့ စင်ကာပူ ၊ အဲ့ဒီနောက်မှာတော့ အာရှတစ်လွှားမှာပါ သုံးနိုင် အောင် စီစဉ်ထားပါတယ်။

 

View this post on Instagram

 

Good to be back home in the Philippines with my family. Have blessed day everyone.

A post shared by Manny Pacquiao (@mannypacquiao) on

အခုဆိုရင်တော့ အထက်လွှတ်တော်အမတ် ၊လက်ဝှေ့ချန်ပီယံ တစ်ယောက် ဖြစ်တဲ့ Manny Pacquiao က တော့ (2022) မှာ သမ္မတ ရွေးကောက်ပွဲ ၀င်ဖို့ အထိ ရည်ရွယ်ထားသူပါ။” လူတွေ က ကျွန်တော် ဘာလုပ် တော့မလဲ ဆိုတာ အရမ်း စိတ်ဝင် စားကြတယ်။ဒါက တော့ ငွေ ကြေး ဆိုင်ရာနည်းပညာမှာ ကျွန်တော် နောက်ဆုံး ပါဝင် လာမှုပါ။ကျွန် တော့်အားကစားအဖွဲ့ဝင်တွေ၊, global influencer တွေ နဲ့ တခြား စွန့်ဦး တီထွင်သူတွေက ဒီ platform ကို စိတ်ဝင်စား နေ တယ်၊ပါဝင် မယ့် အလားအလာ တွေ ရှိနေတယ်..” လို့ ပြောခဲ့ပါတယ်။

 

View this post on Instagram

 

#PACMAN

A post shared by Manny Pacquiao (@mannypacquiao) on

Pac Technologies က တော့ ဒီ platform မှာ ဆိုရင် ဆုပေးတဲ့ ပရိုဂရမ်ပါ ပါဝင် သွားမှာ ဖြစ်ပြီး အသုံးပြုသူတွေ အနေနဲ့ သူတို့ နှစ်သက်တဲ့ Influencer တွေ၊ Brand တွေနဲ့ ချိတ်ဆက်ခွင့် ကိုပါ ရနိုင် မှာ လို့ ပြောခဲ့ပါတယ်။လက်ရှိမှာလည်း Pac Technologies က နေ ကျန်းမာရေး၊လခစား အလုပ် နယ်ပယ် တွေ မှာ ကိုဗစ်ကာလ အတွင်း အွန်လိုင်း payments services တွေ ဘယ်လို လုပ်ဆောင်နေလဲ၊ အခြေအ နေ ဘယ်လို ရှိ နေလဲ ဆိုတာကို လေ့လာ သုံးသပ် နေပါတယ်။ဒါဟာ ကိုယ်ကျိုး အကျိုးအမြတ် တစ်ခု တည်း အတွက် ကြည့်တာ မဟုတ်ပဲ ကျေး လက် နေပြည်သူ တွေ အတွက် ပို အဆင် ပြေ စေဖို့ ရေရှည် ရင်းနှီးမြှုပ် နှံမှု တစ်ခု အတွက် ပါ ကြည့်တာ ပါလို့ Pacquiao က ပြောခဲ့ပါတယ်။

 

View this post on Instagram

 

Today’s a good day! Have a blessed Sunday everyone.

A post shared by Manny Pacquiao (@mannypacquiao) on

Manny Pacquioa က တော့ (၂၀၂၀) အစောပိုင်းတုန်းက Jack Ma နဲ့ အတူ လက်တွဲပြီး ဖိလစ်ပိုင် ကိုဗစ် ကူးစက်မှု တိုက်ဖျက် ရေးမှာ ပါဝင် ခဲ့ပါတယ်။ Jack Ma က သူ့ကို ဆက်သွယ်လာပြီး ဖိလစ်ပိုင် ပြည်သူတွေ ကို ဘယ်လို ကူညီ ပေးနိုင် မလဲ ဆိုပြီး မေးခဲ့ တာလို့ ဆိုပါတယ်။ဒါကြောင့် Manny Pacquiao Foundation နဲ့ Jack Ma Foundation တို့ က တော့ ဖိလစ်ပိုင် ကိုဗစ် တိုက်ဖျက်ရေး အတွက် test kits ငါးသောင်း လှူမယ်လို့ ကတိပြု ခဲ့ပါတယ်။

 

View this post on Instagram

 

My good friend Jack Ma.

A post shared by Manny Pacquiao (@mannypacquiao) on

#SHWEMOM

SHARE