အိမ်ရှေ့မှာပိတ်နေတဲ့ နှင်းထုကြီးကို အကောင်းဆုံးနည်းနဲ့ အသုံးချခဲ့တဲ့ ဂျပန်အမျိုးသား

[email protected]_name_20xx

လက်ရှိအချိန်ဟာ ဆောင်းရာသီထဲ ဝင်ရောက်လာပြီဖြစ်တာကြောင့် နိုင်ငံတော်တော်များများမှာ တော်တော်လေးကို အေးနေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံကတော့ အပူပိုင်းဒေသဖြစ်တာကြောင့် အေးတယ်ဆိုရုံလေးအေးပေမယ့် ကျေးလက်ဒေသမှာဆိုရင်တော့ အခုအချိန် တော်တော်လေးကို အေးနေပြီ ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးဆိုရင် နှင်းကျတဲ့ နိုင်ငံတော်တော်များများက တော်တော်လေးကို စိတ်ညစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆီးနှင်းတွေ ထူထပ်စွာ ကျဆင်းမှုကြောင့် အိမ်ရှေ့တွေ၊ လမ်းတွေပေါ်မှာ ဆီးနှင်းတွေ ပိတ်နေလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဂျပန်နိုင်ငံက အမျိုးသားတစ်ယောက်ကတော့ နှင်းတွေ ထူထပ်စွာ ကျဆင်းပြီး အိမ်ရှေ့မှာ ပိတ်နေတာကို အရမ်းမုန်းပေမယ့် အဲဒီအခြေအနေကို ပျော်စရာအခြေအနေလေးဖြစ်အောင် ဖန်တီးခဲ့ပါတယ်။ ဘယ်လိုဖန်တီးသလဲဆိုရင်တော့ အောက်မှာ တွေ့မြင်ရတဲ့ ပုံစံအတိုင်းပါပဲ။

 

ပုံထဲမှာ တွေ့ရတဲ့အတိုင်း သူ့အိမ်အရှေ့မှာ ပိတ်မိနေတဲ့ နှင်းတွေကြားထဲကို ဘီယာပုလင်းတွေ မြုပ်လိုက်တာပါပဲ။ ဒီလိုမျိုး အိမ်ရှေ့မှာ ပိတ်မိနေတဲ့ နှင်းတွေဟာ လူကိုယ်တိုင် ဖယ်ရှားမှ ရတဲ့အခြေအနေပါ။ ရာသီဥတာကလည်း အမြဲလိုလိုအေးနေတာကြောင့် ဆီးနှင်းတွေ အရည်ပျော်ဖို့ အချိန်တော်တော်ကြာစောင့်ရမှာပါပဲ။ ဒါ့ကြောင့် @no_name_20xx အမည်ရတဲ့ ဂျပန် twitter အကောင့်ပိုင်ရှင်ဟာ အဆိုပါ အခြေအနေအပေါ်မှာ အမြတ်ထုတ်ခဲ့တာပါ။ ဒီလိုမျိုး ဘီယာကို စိမ်ထားခြင်းကြောင့် သာမန် ရေခဲသေတ္တာထဲမှာ ထည့်ထားတဲ့ ဘီယာထက် ပိုပြီး သောက်လို့ကောင်းတာတော့ အမှန်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ဘီယာဘူးတွေဟာ ဆီးနှင်းထဲမှာ ထည့်ထားတာကြောင့် ဘီယာဘူး ပတ်ပတ်လည်အေးပြီး အရမ်းသောက်လို့ကောင်းတာကြောင့်ပဲ ဖြစ်ပါတယ်။

READ
မျက်ခုံးမွှေးအပြင်လွန်ရင်း ရယ်စရာဖြစ်သွားခဲ့ရတဲ့ ဓာတ်ပုံများ

 

အဆိုပါ အမျိုးသားရဲ့ပို့စ်ကို တွေ့ကြတဲ့ သူတွေကလည်း သူတို့အိမ်က ဘီယာဘူးတွေ၊ အရက်ပုလင်းတွေကို အဲဒီလို နှင်းထဲမှာ မြုပ်ပြီး စိမ်သောက်တာ တော်တော်လေးကို သောက်လို့ကောင်းကြောင်း ပြောခဲ့ကြပါတယ်။ @no_name_20xx ရဲ့ ပို့စ်ကို တွေ့ခဲ့ကြတဲ့ လူတော်တော်များများကလည်း သူ့ရဲ့ ဥာဏ်ကောင်းမှုကို ချီးကျူးခဲ့သလို အဆိုပါ အမျိုးသားရဲ့ ပို့စ်ဟာ Twitter မှာ react ပေးသူ 783.3k အထိ ရှိခဲ့ကြောင်း Sora News 24 သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

Pyi Hein Kyaw

SHARE