ပင်လယ်စာအစိမ်းကိုမှ မက်မက်မောမောစားပါများလို့ အသည်းမှာ သံတွယ်ခဲ့တဲ့ အမျိုးသား

Pexels/奥尼尔 孙

သားစိမ်းငါးစိမ်းတွေထဲမှာ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ သံကောင်၊တုတ်ကောင်နဲ့ ရောဂါပိုးပေါင်းများစွာ ပါဝင်တာကြောင့် သန့်ရှင်းလတ်ဆတ်စွာ ကျက်အောင် ချက်ပြုတ်ပြီးမှ စားသုံးတာဟာ အကောင်းဆုံးပါ။ အခုဖော်ပြပေးမယ့် တရုတ်အမျိုးသားတစ်ယောက်ကတော့ (၃) နှစ်တိုင်တိုင် ပင်လယ်စာအစိမ်းတွေကို စားသုံးခဲ့တာကြောင့် အသည်းမှာ သံကောင်တွေတွယ်ခဲ့ရတာကို worldofbuzz သတင်းအရ ထိတ်လန့်ဖွယ် သိရပါတယ်။ လင်းမ်အမည်ရတဲ့ အဆိုပါအမျိုးသားက ချောင်းတွေဆိုးနေတာ (၁၀) ရက်ကြာပြီဖြစ်ပြီး အဖျား (၁၀၂) ကနေ မကျပဲ ရှိနေခဲ့တာပါ။

အစပိုင်းတော့ လင်းမ်က အိမ်မှာရှိတဲ့ဆေးတွေနဲ့ သူ့ဘာသာသူ ရောဂါကုနေခဲ့ပါသေးတယ်။ ဒါပေမယ့် အဖျားကလည်း မကျ၊ ချောင်းကလည်း ဆက်တိုက်ဆိုးနေတဲ့အပြင် သလိပ်တွေက အများကြီးပါလာတာကြောင့် နောက်ဆုံးမှာ ဆရာဝန်ဆီသွားခဲ့ပါတယ်။ ဆေးခန်းရောက်လို့ လင်းမ်ဟာ အိပ်စ်ရေးရိုက်ပြီးတဲ့အခါ သိလိုက်ရတာက သူ့အသည်းထဲမှာ သန်ကောင်ပြား၊ ကပ်ပြားကောင်တွေ ပေါက်ဖွားနေတယ်ဆိုတာကိုပါ။

READ
တီဗီကြည့်နေရင်း ခြေထောက်တွေကျင်လာရာက အောက်ပိုင်းသေသွားတဲ့အမျိုးသမီး
Pexels/Malidate Van

လင်းမ် ကူးစက်ခံနေရတဲ့ အသည်းရောဂါ Clonorchis sinensis ဟာ များသောအားဖြင့် မသန့်ရှင်းတဲ့ သို့မဟုတ် သေချာကျက်အောင် မချက်ထားတဲ့ အသားငါးတွေကို စားသုံးမိတဲ့အခါ ဖြစ်ပွားတတ်ပါတယ်။ ဒီလို အသားငါးတွေထဲမှာ သံကောင်ပြားနဲ့ တုတ်ပြားကောင်တွေ ပါလာတတ်ပါတယ်။ သားစိမ်းငါးစိမ်းတွေမှာ ပါလာတဲ့ သံဥတွေနဲ့ ကပ်ပါးပိုးတွေဟာ သူတို့သက်ကြီးကောင်အဆင့်ရောက်လာတဲ့အခါ လူ့ခန္ဓာကိုယ်ထဲ သူတို့ကပ်မှီနေတဲ့နေရာမှာ နှစ် (၂၀- ၃၀) အထိ နေနိုင်ပါတယ်။

အသည်းမှာ သံကောင်တွယ်ခံရတဲ့အခါ ခံစားရတဲ့ ရောဂါဝေဒနာတွေဟာ ၀မ်းဗိုက်နာခြင်း၊ အဖျားတက်ခြင်း၊ အန်ခြင်းနဲ့ ၀မ်းပျက်ဝမ်းလျှောရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ရောဂါအခြေအနေပိုဆိုးလာခဲ့ရင်တော့ ကျောက်တည်တာနဲ့ သည်းခြေအိတ်ကင်ဆာတွေအထိပါ ဖြစ်နိုင်ပါတယ်။

Pexels/Juliano Kochhann

လင်းမ်ရဲ့ အသည်းရောဂါနဲ့ ပတ်သက်ပြီး ဆရာဝန်တွေက စစ်မေးကြည့်တဲ့အခါမှာတော့ သူဟာ ငါးစိမ်း ဆာရှိမိတွေနဲ့ ပုစွန်ဆိတ်အစိမ်းတွေကို နှစ်နှစ်ခြိုက်ခြိုက် စားသုံးတတ်သူတစ်ဦးလို့ သိရပါတယ်။ ဒီလိုအစိမ်းစားသုံးတာက ပင်လယ်စာတွေရဲ့ လတ်ဆတ်ချိုမြိန်မှုကို ပိုပြီး အရသာပေါ်စေတာကြောင့်လို့လည်း လင်းမ်က ဆိုပါတယ်။ ပြီးတော့ လင်းမ်က ပင်လယ်စာစိမ်းတွေကို ၄င်းတို့နဲ့ တို့စားလို့ရတဲ့ မုန်ညှင်းအနှစ်ဆော့စ်တွေထဲ တို့နှစ်ပြီးစားရင် ပိုးတွေသေတယ်လို့ သူက ယူဆခဲ့တာကြောင့် ပင်လယ်စာစိမ်းတွေကို စိတ်ကြိုက်စားသုံးမိခဲ့ကြောင်းလည်း ၀န်ခံခဲ့ပါတယ်။

READ
မကြာခဏ အအေးမိဖျားနာတတ်သူများ သိထားသင့်သည့် အချက်များ

ဒါကြောင့် စာဖတ်သူတို့ အနေနဲ့ လင်းမ်ရဲ့ အဖြစ်အပျက်ကို သင်ခန်းစာယူပြီး သားစိမ်း၊ ငါးစိမ်းတွေကို သေချာကျက်အောင် ပြင်ဆင်ချက်ပြုတ်ပြီးမှသာ စားသင့်တယ်ဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

လင်းလင်း (ShweMom)

SHARE