တောဝက်အသင်းသားတွေနဲ့ ကယ်ဆယ်သူတွေကို ဘောလုံးပွဲလာကြည့်ဖို့ မန်ယူအသင်းဖိတ်ခေါ်

ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းကတော့ ထိုင်းနိုင်ငံရဲ့ လှိုဏ်ဂူထဲမှာ ပိတ်မိနေတဲ့ လူငယ် (၁၃)ဦးနဲ့ သူတို့ကိုကယ်ဆယ်ရာမှာ ပါဝင်ကူညီခဲ့သူတွေအားလုံးကို အိုးထရက်ဖို့ဒ်ကွင်းကြီးမှာ ဘောလုံးပွဲလာရောက်ကြည့်ရှုဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်။ မန်ယူအသင်းက သူတို့ရဲ့ တရားဝင် Facebook စာမျက်နှာမှာ လှိုဏ်ဂူထဲကနေ အန္တရာယ်ကင်းကင်းနဲ့ လွတ်မြောက်သွားပြီဖြစ်တဲ့ ကလေးငယ်တွေအတွက် ၀မ်းမြောက်ကြောင်းနဲ့ လာမယ့်ဘောလုံးရာသီသစ်မှာ တောဝက်အသင်းသားတွေနဲ့ ကယ်ဆယ်ကူညီသူတွေအားလုံးကို အိုးထရက်ဖို့ဒ်ဆီ ဘောလုံးပွဲလာရောက်ကြည့်ရှုစေလိုကြောင်း ရေးသားသွားခဲ့တာပါ။

Manchester United

ထမ့်လုံလှိုဏ်ဂူထဲမှာ စုစုပေါင်း (၁၇) ရက်ကြာနေခဲ့ရတဲ့ တောဝက်အသင်းသားတွေကို တစ်ကမ္ဘာလုံးက အာရုံစိုက်ခဲ့ကြပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ခဲ့ကြသလို သူတို့အတွက် ဘေးကင်းဖို့ ဆုတောင်းပေးတာမျိုးတွေလည်း လုပ်ခဲ့ကြပါတယ်။

သူတို့ အားလုံး အန္တရာယ်ကင်းကင်းနဲ့ လွတ်မြောက်လာခဲ့တဲ့ အချိန်မှာလည်း သူတို့ရဲ့ ဇွဲသတ္တိအတွက် ချီးကျူးခံခဲ့ရပြီး ဘောလုံးလောကရဲ့နာမည်ကြီးတွေအပါအ၀င် ချီးကျူးသူများစွာ ရှိခဲ့တာပါ။

READ
ချစ်သူက ကလေးမွေးပြီးမှ ထိုကလေးဟာ သူ့ကလေးမဟုတ်မှန်းသိခဲ့ရတဲ့ အမျိုးသား

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ အင်ဖန်တီနိုက လွတ်မြောက်လာတဲ့ ကလေးတွေနဲ့ နည်းပြကို ကမ္ဘာ့ဖလားဗိုလ်လုပွဲလာရောက်ကြည့်ရှုဖို့အတွက် ဖိတ်ခေါ်ခဲ့ပြီး ထိုင်းဘောလုံးအဖွဲ့ချုပ်ဆီကို ဖိတ်ခေါ်စာတစ်စောင်ပေးပို့ခဲ့တာပါ။

မနေ့က ကစားခဲ့တဲ့ ပြင်သစ်နဲ့ ဘယ်လ်ဂျီယံတို့ပွဲစဉ်မှာလည်း ပြင်သစ်ကွင်းလယ်လူ ပေါ့ဂ်ဘာက ဒီနိုင်ပွဲဟာ ထိုင်းကလေးငယ်တွေအတွက် ရည်ညွှန်းတယ်လို့ ပြောဆိုခဲ့သေးတာပါ။

အခုအချိန်မှာလည်း မန်ယူအသင်းက သူတို့ရဲ့ အိုးထရက်ဖို့ဒ်ကွင်းကြီးထဲက ပွဲစဉ်တွေကို လာရောက်ကြည့်ရှုဖို့ တောဝက်အသင်းသားတွေကို ဖိတ်ခေါ်လိုက်တာဖြစ်ပြီး သူတို့သာ ဆန္ဒရှိရင် အင်္ဂလန်ကိုရောက်ရှိလာဖို့အတွက် အားလုံးစီစဉ်ပေးသွားမယ်လို့ သိရပါတယ်။

wallart.london

Linn

Source : Manchester United

SHARE