ဒူဘိုင်းမြို့နဲ့ ပတ်သတ်ပြီး လူအများစု လွဲမှားစွာသိထားတဲ့ စိတ်ဝင်စားဖွယ် အချက်များ

Image by Free-Photos from Pixabay

ဒူဘိုင်းမြို့ကို ချမ်းသာကြွယ်ဝတဲ့ မြို့ကြီးတစ်မြို့အဖြစ် လူတွေ သိကြပါတယ်။ ရွှေတွေ စိန်တွေကို အတုံးလိုက်၊ အတစ်လိုက်ရောင်းချနေတဲ့ ရတနာဆိုင်တွေ၊ ရှားပါး သဘာဝ တောရိုင်းတိရစ္ဆာန်တွေ မွေးမြူပြီး ကျိကျိတက်ချမ်းသာကြတဲ့ သူဌေးကြီးတွေ နေထိုင်ရာမြို့လို့ ကြားဖူးနားဝ ရှိမှာဖြစ်ပေမယ့် လက်တွေ့မှာတော့ ဒူဘိုင်းမြို့က ကိုယ်တွေ သိဖူး ကြားဖူးထားသလို မဟုတ်ပါလားဆိုတာ အခုတော့ သိရမှာပါ။

ဘီလျံနာတွေ စုဝေးရာမြို့ကြီး

 

 

View this post on Instagram

 

A world of opportunities lie beneath… @faz3 #richkidsofdubai #richkids #mydubai

A post shared by Rich Kids of Dubai (@richkidsofdubai) on

လူတွေက ကမ္ဘာ့ဘီလျံနာကြီးတွေ အများစုဟာ ဒူဘိုင်းမှာ နေကြတယ်လို့ ယုံကြည်ကြပါတယ်။ လက်တွေ့မှာတော့ ကမ္ဘာ့ဘီလျံနာတွေ အများဆုံး စုဝေးတဲ့နေရာဟာ ပေကျင်းမြို့တော်ဖြစ်ပြီး နယူးယောက်မြို့ ကတော့ ဒုတိယနေရာမှာ ရှိနေပါတယ်။

ဆင်းရဲမွဲတေမှုဆိုတာ မရှိဘူး

Imgur

တကယ်တော့ ဒူဘိုင်းမြို့ထဲမှာ လူဆင်းရဲတွေ အများကြီးပါ။ လူအများစုက တစ်နေ့လုပ်မှ တစ်နေ့စားကြရတာပါ။ လူမွဲတွေကို ပိုပြီး မွဲပြာကျအောင် လုပ်နေတာကတော့ မြို့တော်ရဲ့ ဈေးကြီးလှတဲ့ လူနေမှုစနစ်ပဲ ဖြစ်ပါတယ်။ အင်တာနက်ချိတ်ဆက်ထားတဲ့ မိုဘိုင်းဖုန်းတစ်လုံးကို ကိုင်မယ်ဆိုရင်တောင် လက်ထဲမှာ အနည်းဆုံး ဒေါ်လာ(၃၀) လောက်ရှိမှ ဖြစ်မှာပါ။

ကလေးတွေကို ပညာအမွေပေးဖို့ နေရာကောင်း

richkidsofdubai/instagram

ဒူဘိုင်းထဲ ရွှေ့ပြောင်းခိုလှုံလာသူတွေဟာ သူတို့ရဲ့ ကလေးတွေကို မွေးရပ်နိုင်ငံမှာပဲ ပညာသင်စေပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒူဘိုင်းမှာ ပညာရေးစရိတ်စက အရမ်းဈေးကြီးတာကြောင့်ပါ။ အစိုးရကျောင်းတောင်မှ (၁၁) နှစ်တိုင်တိုင် ကလေးတွေ အထက်တန်းပြီးတဲ့အထိ ကျောင်းတက်မယ်ဆိုရင် ပညာသင်စရိတ်ဟာ ဒေါ်လာ(၁) သိန်း အနည်းဆုံး ရှိပါတယ်။ အထက်တန်းကျောင်းပြီးလို့ ကောလိပ်ဆက်တက်မယ်ဆိုရင်တောင် ကုန်ကျစရိတ်က မနည်းမနော ရှိနေမှာ ဖြစ်ပါတယ်။

ဒူဘိုင်းဟာ နိုင်ငံတစ်နိုင်ငံ

Уточните поиск/depositphotos

တချို့လူတွေက ဒူဘိုင်းကို နိုင်ငံတစ်နိုင်ငံလို့ ထင်ကြပါတယ်။ တကယ်တော့ ဒူဘိုင်းဟာ UAE နိုင်ငံရဲ့ မြို့ တစ်မြို့သာ ဖြစ်ပါတယ်။ ဒူဘိုင်းဟာ UAE ရဲ့ မြို့တော်လည်း မဟုတ်တဲ့အပြင် UAE နိုင်ငံထဲက ထင်ရှားတဲ့ မြို့တစ်မြို့ပါပဲ။ UAE ရဲ့ မြို့တော်ကတော့ အဘူဒါဘီမြို့ဖြစ်ပါတယ်။

အယ်လ်ကိုဟော ခွင့်မပြု

sfmdubai/instagram

ဒူဘိုင်းမှာ အထူးသဖြင့် ကမ္ဘာလှည့်ခရီးသည်တွေနဲ့ မူဆလင်မဟုတ်သူတွေအတွက် အယ်ကိုဟော သုံးစွဲခွင့်ပြုထားပါတယ်။ ဒါပေမယ့် အရက်သေစာ ၀ယ်ယူလိုတဲ့အခါမှာတော့ အထူးကဒ် သို့မဟုတ် နိုင်ငံခြားသားဗီဇာ လိုအပ်မှာ ဖြစ်ပါတယ်။ ဟိုတယ်၊ ဘားနဲ့ နိုက်ကလပ်လို နေရာမျိုးတွေမှာ အရက်ကောင်းကောင်း ရပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကောင်းမွန်တဲ့ မြို့

richkidsofdubai/instagram

ဒူဘိုင်းမြို့နေ လူဦးရေဟာ တဖြည်းဖြည်းမြင့်တက်လာနေတာပါ။ မြို့တွင်း ဆောက်လုပ်နေတဲ့ ဘယ်တော့မှ ပြီးစီးမှာ မဟုတ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့အတူ ချို့ယွင်းချက်ရှိနေတဲ့ အညစ်အကြေးစွန့်ပစ်ရေးစနစ်နဲ့ အရေအတွက်များလာတဲ့ ကားတွေကြောင့် ဒူဘိုင်းဟာ ထင်သလောက် သန့်ရှင်းနေတဲ့ မြို့တော်ကြီး မဟုတ်ပါဘူး။

READ
ကားလမ်းမအလယ်မှာ ဟင်းချက်နေတဲ့ လူတစ်ယောက်ကြောင့် တရုတ်မှာကားလမ်းပိတ်

အဖိုးတန်ကားတွေပဲ စီးလေ့ရှိတဲ့ ရဲတွေ

Imgur

ကမ္ဘာတစ်ဝှမ်းက လူတွေက ဒူဘိုင်းရဲတွေဟာ တန်ဖိုးကြီး လမ်ဘော်ဂီနီလို အဖိုးတန်ကားတွေပဲ စီးကြတယ်ဆိုပြီး တစ်သမတ်တည်း ယူဆထားကြတာပါ။ ဒါဟာ မှန်ပေမယ့် အစိုးရ၀န်ထမ်းအယောက်စီတိုင်းကတော့ ဒီလိုကားမျိုးတွေချည်းပဲ စီးကြတာ မဟုတ်ပါဘူး။ ဘီအမ်ဒဗလျူ၊ အော်ဒီနဲ့ တိုယိုတာလို ကားတွေလည်း စီးကြပါတယ်။

ချီတာနဲ့ ခြင်္သေ့တွေကို အိမ်မွေးတိရစ္ဆာန်တွေလို မွေးမြူတာ

richkidsofdubai/instagram

ဒူဘိုင်းမှာ ရှားပါးတိရစ္ဆာန်တွေကို မွေးမြူတာက ဥပဒေချိုးဖောက်တာပါ။ ခိုးမွေးလို့ တွေ့ရှိခဲ့ရင် အနည်းဆုံးထောင်ဒဏ်(၆) လနဲ့အတူ ဒေါ်လာ(၂,၇၀၀) ကနေ ဒေါ်လာ(၁၃၈,၀၀၀) အထိ ငွေဒဏ်ပေးဆောင်ရပါတယ်။ မြို့နေပြည်သူအများစုကတော့ ခွေးတောင်သိပ်မမွေးကြပဲ ကြောင်တွေသာ အမွေးများပါတယ်။

ရေနံနဲ့ ကြွယ်ဝချမ်းသာလာတဲ့ ဒူဘိုင်း

Уточните поиск/depositphotos

တကယ်တော့ ဒူဘိုင်းမှာ ရေနံထုတ်လုပ်မှုတွေ မလုပ်ခင်ကတည်းက ဒေသခံတွေဟာ ပုလဲငုပ်ပြီး အသက်မွေးကြပါတယ်။ အခုအချိန်ထိလည်း ပုလဲလုပ်ငန်းတွေက အောင်မြင်နေဆဲပါပဲ။ အထူးသဖြင့် ပါရှန်းပင်လယ်ကွေ့မှာ ရှိတဲ့ ပုလဲရတနာတွေဆိုရင် အဖိုးထိုက် အဖိုးတန်တွေချည်းပါပဲ။ ဒါ့အပြင် အစိုးရကလည်း ပုလဲလုပ်ငန်းကို တွန်းအားပေးတာကြောင့် ဒူဘိုင်းရဲ့ ချမ်းသာကြွယ်ဝမှုဟာ ပုလဲလုပ်ငန်းတွေက အခြေတည်လာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

လင်းလင်း (ShweMom)

Home  KNOWLEDGE  လူတွေသိထားတာနဲ့ အကွာကြီး ကွာခြားနေတဲ့ ဒူဘိုင်းရဲ့ စိတ်ဝင်စားဖွယ် အချက်များ

လူတွေသိထားတာနဲ့ အကွာကြီး ကွာခြားနေတဲ့ ဒူဘိုင်းရဲ့ စိတ်ဝင်စားဖွယ် အချက်များ

Share on Facebook
Tweet on Twitter

 

ဒူဘိုင်းမြို့ကို ချမ်းသာကြွယ်ဝတဲ့ မြို့ကြီးတစ်မြို့အဖြစ် လူတွေ သိကြပါတယ်။ ရွှေတွေ စိန်တွေကို အတုံးလိုက်၊ အတစ်လိုက်ရောင်းချနေတဲ့ ရတနာဆိုင်တွေ၊ ရှားပါး သဘာဝ တောရိုင်းတိရစ္ဆာန်တွေ မွေးမြူပြီး ကျိကျိတက်ချမ်းသာကြတဲ့ သူဌေးကြီးတွေ နေထိုင်ရာမြို့လို့ ကြားဖူးနားဝ ရှိမှာဖြစ်ပေမယ့် လက်တွေ့မှာတော့ ဒူဘိုင်းမြို့က ကိုယ်တွေ သိဖူး ကြားဖူးထားသလို မဟုတ်ပါလားဆိုတာ အခုတော့ သိရမှာပါ။

ဘီလျံနာတွေ စုဝေးရာမြို့ကြီး

richkidsofdubai

လူတွေက ကမ္ဘာ့ဘီလျံနာကြီးတွေ အများစုဟာ ဒူဘိုင်းမှာ နေကြတယ်လို့ ယုံကြည်ကြပါတယ်။ လက်တွေ့မှာတော့ ကမ္ဘာ့ဘီလျံနာတွေ အများဆုံး စုဝေးတဲ့နေရာဟာ ပေကျင်းမြို့တော်ဖြစ်ပြီး နယူးယောက်မြို့ ကတော့ ဒုတိယနေရာမှာ ရှိနေပါတယ်။

ဆင်းရဲမွဲတေမှုဆိုတာ မရှိဘူး

Imgur

တကယ်တော့ ဒူဘိုင်းမြို့ထဲမှာ လူဆင်းရဲတွေ အများကြီးပါ။ လူအများစုက တစ်နေ့လုပ်မှ တစ်နေ့စားကြရတာပါ။ လူမွဲတွေကို ပိုပြီး မွဲပြာကျအောင် လုပ်နေတာကတော့ မြို့တော်ရဲ့ ဈေးကြီးလှတဲ့ လူနေမှုစနစ်ပဲ ဖြစ်ပါတယ်။ အင်တာနက်ချိတ်ဆက်ထားတဲ့ မိုဘိုင်းဖုန်းတစ်လုံးကို ကိုင်မယ်ဆိုရင်တောင် လက်ထဲမှာ အနည်းဆုံး ဒေါ်လာ(၃၀) လောက်ရှိမှ ဖြစ်မှာပါ။

READ
Snapchat သုံးတဲ့ကလေးကို ရိုက်နှက်ကာ ဆံပင်တွေဖြတ်ပစ်ပြီး အပြစ်ပေးခဲ့တဲ့အမျိုးသား

ကလေးတွေကို ပညာအမွေပေးဖို့ နေရာကောင်း

richkidsofdubai

ဒူဘိုင်းထဲ ရွှေ့ပြောင်းခိုလှုံလာသူတွေဟာ သူတို့ရဲ့ ကလေးတွေကို မွေးရပ်နိုင်ငံမှာပဲ ပညာသင်စေပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒူဘိုင်းမှာ ပညာရေးစရိတ်စက အရမ်းဈေးကြီးတာကြောင့်ပါ။ အစိုးရကျောင်းတောင်မှ (၁၁) နှစ်တိုင်တိုင် ကလေးတွေ အထက်တန်းပြီးတဲ့အထိ ကျောင်းတက်မယ်ဆိုရင် ပညာသင်စရိတ်ဟာ ဒေါ်လာ(၁) သိန်း အနည်းဆုံး ရှိပါတယ်။ အထက်တန်းကျောင်းပြီးလို့ ကောလိပ်ဆက်တက်မယ်ဆိုရင်တောင် ကုန်ကျစရိတ်က မနည်းမနော ရှိနေမှာ ဖြစ်ပါတယ်။

READ
ကျွန်းငယ်လေးပေါ်က ကမ္ဘာ့အကြီးဆုံးနဲ့ အလေးလံဆုံး ဧရာမအကြွေစေ့ကြီးများ

ဒူဘိုင်းဟာ နိုင်ငံတစ်နိုင်ငံ

depositphotos

တချို့လူတွေက ဒူဘိုင်းကို နိုင်ငံတစ်နိုင်ငံလို့ ထင်ကြပါတယ်။ တကယ်တော့ ဒူဘိုင်းဟာ UAE နိုင်ငံရဲ့ မြို့ တစ်မြို့သာ ဖြစ်ပါတယ်။ ဒူဘိုင်းဟာ UAE ရဲ့ မြို့တော်လည်း မဟုတ်တဲ့အပြင် UAE နိုင်ငံထဲက ထင်ရှားတဲ့ မြို့တစ်မြို့ပါပဲ။ UAE ရဲ့ မြို့တော်ကတော့ အဘူဒါဘီမြို့ဖြစ်ပါတယ်။

အယ်လ်ကိုဟော ခွင့်မပြု

sfmdubai

ဒူဘိုင်းမှာ အထူးသဖြင့် ကမ္ဘာလှည့်ခရီးသည်တွေနဲ့ မူဆလင်မဟုတ်သူတွေအတွက် အယ်ကိုဟော သုံးစွဲခွင့်ပြုထားပါတယ်။ ဒါပေမယ့် အရက်သေစာ ၀ယ်ယူလိုတဲ့အခါမှာတော့ အထူးကဒ် သို့မဟုတ် နိုင်ငံခြားသားဗီဇာ လိုအပ်မှာ ဖြစ်ပါတယ်။ ဟိုတယ်၊ ဘားနဲ့ နိုက်ကလပ်လို နေရာမျိုးတွေမှာ အရက်ကောင်းကောင်း ရပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကောင်းမွန်တဲ့ မြို့

richkidsofdubai

ဒူဘိုင်းမြို့နေ လူဦးရေဟာ တဖြည်းဖြည်းမြင့်တက်လာနေတာပါ။ မြို့တွင်း ဆောက်လုပ်နေတဲ့ ဘယ်တော့မှ ပြီးစီးမှာ မဟုတ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့အတူ ချို့ယွင်းချက်ရှိနေတဲ့ အညစ်အကြေးစွန့်ပစ်ရေးစနစ်နဲ့ အရေအတွက်များလာတဲ့ ကားတွေကြောင့် ဒူဘိုင်းဟာ ထင်သလောက် သန့်ရှင်းနေတဲ့ မြို့တော်ကြီး မဟုတ်ပါဘူး။

READ
(၂၀)ရာစုတုန်းက ဘယ်ဂျီယမ်ပိုင်းလော့တစ်ဦး တွေ့ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံးမြွေနဂါးကြီးအကြောင်း

အဖိုးတန်ကားတွေပဲ စီးလေ့ရှိတဲ့ ရဲတွေ

Imgur

ကမ္ဘာတစ်ဝှမ်းက လူတွေက ဒူဘိုင်းရဲတွေဟာ တန်ဖိုးကြီး လမ်ဘော်ဂီနီလို အဖိုးတန်ကားတွေပဲ စီးကြတယ်ဆိုပြီး တစ်သမတ်တည်း ယူဆထားကြတာပါ။ ဒါဟာ မှန်ပေမယ့် အစိုးရ၀န်ထမ်းအယောက်စီတိုင်းကတော့ ဒီလိုကားမျိုးတွေချည်းပဲ စီးကြတာ မဟုတ်ပါဘူး။ ဘီအမ်ဒဗလျူ၊ အော်ဒီနဲ့ တိုယိုတာလို ကားတွေလည်း စီးကြပါတယ်။

ချီတာနဲ့ ခြင်္သေ့တွေကို အိမ်မွေးတိရစ္ဆာန်တွေလို မွေးမြူတာ

richkidsofdubai

ဒူဘိုင်းမှာ ရှားပါးတိရစ္ဆာန်တွေကို မွေးမြူတာက ဥပဒေချိုးဖောက်တာပါ။ ခိုးမွေးလို့ တွေ့ရှိခဲ့ရင် အနည်းဆုံးထောင်ဒဏ်(၆) လနဲ့အတူ ဒေါ်လာ(၂,၇၀၀) ကနေ ဒေါ်လာ(၁၃၈,၀၀၀) အထိ ငွေဒဏ်ပေးဆောင်ရပါတယ်။ မြို့နေပြည်သူအများစုကတော့ ခွေးတောင်သိပ်မမွေးကြပဲ ကြောင်တွေသာ အမွေးများပါတယ်။

ရေနံနဲ့ ကြွယ်ဝချမ်းသာလာတဲ့ ဒူဘိုင်း

depositphotos

တကယ်တော့ ဒူဘိုင်းမှာ ရေနံထုတ်လုပ်မှုတွေ မလုပ်ခင်ကတည်းက ဒေသခံတွေဟာ ပုလဲငုပ်ပြီး အသက်မွေးကြပါတယ်။ အခုအချိန်ထိလည်း ပုလဲလုပ်ငန်းတွေက အောင်မြင်နေဆဲပါပဲ။ အထူးသဖြင့် ပါရှန်းပင်လယ်ကွေ့မှာ ရှိတဲ့ ပုလဲရတနာတွေဆိုရင် အဖိုးထိုက် အဖိုးတန်တွေချည်းပါပဲ။ ဒါ့အပြင် အစိုးရကလည်း ပုလဲလုပ်ငန်းကို တွန်းအားပေးတာကြောင့် ဒူဘိုင်းရဲ့ ချမ်းသာကြွယ်ဝမှုဟာ ပုလဲလုပ်ငန်းတွေက အခြေတည်လာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

လင်းလင်း (ShweMom)

Ref: elitereaders

SHARE