ချော်ရည်ပူတွေ စီးဆင်းနေတယ်လို့ ထင်မှတ်ရမယ့် Yosemite တောင်ကြားက ရေတံခွန်

Twitter/Shakti

နှစ်တိုင်းနှစ်တိုင်း ဖော်ဖော်ဝါရီလရောက်တာနဲ့ ကမ္ဘာ့နေရာအနှံ့အပြားက ဓာတ်ပုံဆရာတွေဟာ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Yosemite တောင်ကြားကို အပြေးအလွှားရောက်ရှိလာတတ်ကြောင်း Unliad သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ အဓိကကတော့ တောင်ပေါ်ကနေတောက်အောက်ကို စီးဆင်းကျနေတဲ့ ချော်ရည်ပူစီးကြောင်းတစ်ခုကို ဓာတ်ပုံရိုက်ချင်လို့ပဲ ဖြစ်ပါတယ်။

တကယ်တမ်းတော့ အဲဒီချော်ရည်ပူစီးကြောင်းဟာ အစစ်မဟုတ်ပါဘူး။ တောင်ပေါ်က ရေခဲစီးနှင်းတွေ အရည်ပျော်ကြချိန်မှာ တောင်ပေါ်ကနေ တောင်အောက်ကို စီးဆင်းတဲ့ ရေတံခွန်ပုံစံတစ်ခုဖြစ်လာတာပါ။ အဲဒီလို ရေတံခွန်စီးကြောင်းဟာ နေရောင်ကျချိန်ညနေဆည်းဆာအလင်းရောင်နဲ့ ပေါင်းစပ်လိုက်တဲ့အချိန်မှာတော့ လိမ္မော်ရောင်အဖြစ် ပြောင်းလဲသွားပါတယ်။ ရေခဲတွေအရည်ပျော်တာဆိုတော့ တောင်အောက်က လှမ်းကြည့်လိုက်ရင် ရေတံခွန်အနီးအနားမှာ ရေငွေ့ရိုက်ပြီး အငွေ့တွေကလဲ ထွက်နေပါတယ်။ အကုန်လုံးချုံကြည့်လိုက်မယ်ဆိုရင်တော့ အရမ်းကို ပူလွန်တဲ့ ချော်ရည်ပူစီးကြောင်းတစ်ခုဟာ တောင်ပေါ်ကနေ တောင်အောက်ကို စီဆင်းနေတဲ့အလား တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဒီလိုရှုခင်းကို စတင်ဖန်တီးခဲ့တဲ့သူကတော့ အင်ဂျင်နီယာ ဓာတ်ပုံဆရာတစ်ဦးဖြစ်တဲ့ Arron Meyers ပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဒီမြင်ကွင်းကို အမှတ်မထင်တွေခဲ့ရတဲ့ Arron ဟာ Computer Program တစ်ခုကိုသုံးပြီး ဒီရှုခင်းထက် ပိုလှပြီး ဓာတ်ပုံဆရာတွေ ရိုက်ကူးနိုင်မယ့်နေရာတစ်ခုကို ထပ်မံဖန်တီးခဲ့ပါတယ်။ Arron ကျေဇူးကြောင့်ပဲ နှစ်တိုင်း ဖေဖော်ဝါရီလရောက်ရင် ဓာတ်ပုံဆရာအများအပြားဟာ Yosemite National Park ကို အပြေးအလွှားရောက်လာကြပြီး ဓာတ်ပုံအမိုက်စားတွေ ဖန်တီးနေနိုင်တာပဲ ဖြစ်ပါတယ်။

Pyi Hein Kyaw

SHARE