Target Map ဆိုတဲ့အဖွဲ့အစည်းတစ်ခုက ကမ္ဘာတစ်ဝှမ်းက ပုရိသတွေရဲ့ လိင်အင်္ဂါ(Erect ဖြစ်နေစဉ်)အရွယ်အစားကို
တိုင်းတာမှုပြုလုပ်ပြီး စစ်တမ်းတစ်ခုထုတ်ပြန်ခဲ့ပါတယ်။ စစ်တမ်းထဲမှာတော့ အာဖရိကနိုင်ငံက အမျိုးသားတွေဟာ
အရှည်ဆုံးဖြစ်ခဲ့ပါတယ်။
Target Mapဟာ အရောင်တွေအသုံးပြုပြီး မြေပုံပေါ်မှာ ပြသခဲ့တာဖြစ်ပါတယ်။ အာဖရိကတွေက အရှည်ဆုံးဖြစ်ခဲ့ပေ
မယ့် အာရှသားတွေကတော့ ပျမ်းမျှအားဖြစ်အသေးဆုံးဖြစ်ခဲ့ပါတယ်။ အာဖရိကနိုင်ငံတွေကတော့ အနီရောင်နဲ့မြေပုံပေါ်
မှာ ပြသထားပါတယ်။ လိမ္မော်ရောင်က ဒုတိယဖြစ်ပါတယ်။ အဝါရောင်၊ အစိမ်းရောင်၊ စသဖြင့် အစဉ်လိုက်တည်ရှိနေပါ
တယ်။
အနောက်အာဖရိကနိုင်ငံတွေဖြစ်တဲ့ ဂါနာ၊ ကွန်ဂို၊ ဂါဘွန်တို့ဟာ ၁၆စင်တီမီတာနဲ့ ထိပ်ဆုံးက ဦးဆောင်ခဲ့ပါတယ်။ အိန္ဒိယ
ထိုင်း၊ တောင်ကိုရီးယားတို့ကတော့ ၉ .၃ စင်တီမီတာ(၃.၆လက်မ)နဲ့ ၁၀.၅ စင်တီမီတာ(၄.၁လက်မ) ကြားရှိခဲ့ပြီး
မြေပုံရဲ့အောက်ဆုံးမှာ တည်ရှိခဲ့ပါတယ်။
သြစတျေးလျကတော့ အာဖရိကပြီးဒုတိယနေရာက ၁၄.၇ စင်တီမီတာ( ၅.၈လက်မ) နဲ့ ရှိနေခဲ့ပါတယ်။ မက္ကဆီကို၊
နော်ဝေး၊ အီတလီ၊နဲ့ ဆွီဒင်တို့လည်း တစ်အုပ်စုထဲမှာရှိနေခဲ့ပါတယ်။ UK, US၊ ဂျာမနီ၊ ပြင်သစ်တို့ကတော့ ၁၂.၉ စင်တီ
မီတာ( ၅လက်မ)နဲ့ ၁၄.၇ စင်တီမီတာ( ၅.၈လက်မ)ကြားမှာတည်ရှိခဲ့ပါတယ်။
ဂျပန်၊ အင်ဒိုနီးရှား၊ ရုရှနဲ့ဘရာဇီးလ်တို့ကတော့ အာရှနိုင်ငံတွေအထက်မှာရှိခဲ့ပြီး သာမန်ဆိုဒ်ဖြစ်တဲ့ ၁၀.၅ စင်တီမီတာ
(၄.၁လက်မ) နဲ့ ၁၂.၉ စင်တီမီတာ(၅လက်မ)ကြားမှာ တည်ရှိခဲ့ပါတယ်။ စစ်တမ်းကတော့ လူအများကိုတိုင်းတာပြီး
ပျမ်းမျှပြန်တွက်ထားတာဖြစ်ပါတယ်။
2013တုန်းကလုပ်ခဲ့တဲ့စစ်တမ်းအဟောင်းတစ်ခုရဲ့ ရလဒ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
မောင်ရွှေရိုး (Shwemom)
Source: thesun, target map