ခရီးရှည်ကြီးကို မာရသွန်ပြေးပြီးကျော်ဖြတ်၊ တွေ့သမျှ အမှိုက်တွေ နယ်လှည့်ပြီး ကောက်ခဲ့သူ

Instagram/Damian Hall

တစ်ကိုယ်တော်ပရဟိတ အားကစားသမားတစ်ဦးဟာ ဂင်းနစ်စံချိန်တင် မာရသွန်ခရီးရှည်ကြီးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သလို၊ တစ်ဖက်ကလည်း သူပြေးရာလမ်းတစ်လျှောက်မှာ တွေ့သမျှအမှိုက်တွေကို သိမ်ကျုံးကောက်ယူပြီး၊ ကမ္ဘာကြီးအတွက် နိုင်တဲ့ဘက်က ကျေးဇူးပြုခဲ့ပါတယ်။ သူရဲကောင်းရဲ့အမည်ကတော့ Damian Hall ဖြစ်ပါတယ်။

Hall ဟာ အသက်(၄၄)နှစ်ဖြစ်ပါတယ်။ သူဟာ သမိုင်းတွင်စေမယ့် မာရသွန်ခရီးကို အောင်မြင်ခဲ့သလို၊ အမှိုက်သိမ်းတဲ့ကုသိုလ်ကိုလည်း လမ်းတစ်လျှောက်မှာ လုပ်ခဲ့တာပါ။ သူပြေးခဲ့တဲ့ ခရီးမိုင်ကတော့ (၂၆၈)မိုင် ဖြစ်ပါတယ်။ စကော့တလန်နယ်စပ် Kirk Yetholm ရွာကနေ အင်္ဂလန်၊ ဒါဘီရှိုင်းယားက Edale ရွာအထိ ပြေးခဲ့တာဖြစ်ပါတယ်။

 

Hadrian တံတိုင်းကြီးကလည်း ခရီးစဉ်တစိတ်တပိုင်းမှာ ပါဝင်ခဲ့ပါတယ်။ (၂၆၈)မိုင်ခရီးဆုံးဖို့အတွက် Hall အနေနဲ့ (၆၁)နာရီ (၃၄)မိနစ်အချိန်ယူခဲ့ရပါတယ်။ ပထမစံချိန်တင်ထားတဲ့ (၃)နာရီထက်ပိုပြီး စံချိန်တင်ခဲ့တာဖြစ်ပါတယ်။ Hall ဟာ နာမည်ကျော်လမ်းကြောင်း Pennine Way ကိုအသုံးပြုပြီး ပရဟိတမာရသွန်ခရီးရှည်ကို အကောင်အထည်ဖော်ခဲ့တာပါ။

ဗြိတိန်တွေ ရှေးယခင်တုန်းက အဓိက အားကိုးအားထားပြုခဲ့တဲ့ လမ်းကြောင်းတစ်ခုဖြစ်ပြီး၊ တောလမ်းဆန်ဆန်၊ တောင်ကုန်းထူထူ၊ ကျောက်ဆောင်ပေါပေါ၊ သဘာဝကျကျ ကျေးလက်လမ်းလေး ဖြစ်ပါတယ်။ တောင်တက်သမားတွေ၊ လေ့လာရေးသမားတွေအတွက် အလွန်သဘောကျဖို့ကောင်းတဲ့ လမ်းဖြစ်ပါတယ်။

 

 

View this post on Instagram

 

#PWFKTea What a wonderful three days, I will treasure forever. . I’m honestly struggling a little to find the right way to thank everyone who needs to be thanked – because so many people helped with this – and to read and respond to all your kind messages, and deal with interview requests, and pen a story about it for @runnersworlduk (#FirstWorldProblems). While also trying to return to being a functioning husband and father, and to the work I love as a running coach. While also being a little bit broken. . Okay, it’s a nice problem to have. But thank you, thank you, thank you to everyone who ran with me, picked up litter for me, made tea for me, cheered me from a sofa or hilltop or village en route. You were amazing. And WE did it. It was definitely a team event and I had The Best team. . Huge thank you @inov_8 and Tomax Technology, who helped make this possible. Also to the amazing @addiedoesstuff for believing in me, to @shane.benzie, @strengthforendurance, @r_mcgregor, Performance In Mind, and @precisionhydration, who all significantly helped to prepare me. And @vwcv_uk_media for the ace van. . Life is about creating memories and you gave me some great ones. . I’ll tell more just as soon as I can. Thank you for your patience. . I ruddy love a boggy bimble, me. . 📸 @davemacfarlane / @inov_8

A post shared by DAMIAN HALL (@ultra_damo) on

သာမန်အားဖြင့်တော့ ခရီးစဉ်တစ်ခုအစအဆုံးမှာ (၁၆)ရက်ကနေ့ (၁၉)ရက်အထိ ကြာမြင့်တတ်ပါတယ်။ ဒါပေမယ့် Hall ကတော့ ဒီခရီးရှည်ကြီးကို (၂)ရက်ခွဲလောက်သာ အချိန်ယူခဲ့ရတာပါ။ နာရီအားဖြင့်တော့ (၆၁)နာရီခွဲကျော်ကျော်သာ အချိန်ယူခဲ့ရတာဖြစ်ပါတယ်။ ဒီခရီးရှည်ကို ဖြတ်ကျော်ဖို့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းခံနိုင်မှုနဲ့အတူ စိတ်ပိုင်းဆိုင်ရာ သန်မာမှုတွေလည်း လိုအပ်ပါတယ်။

Hall ဟာ နှစ်ရက်ခွဲကျော်ကျော် အိပ်ရေးပျက်တဲ့ဒဏ်ကို မဆုတ်မနစ်သည်းခံခဲ့ရသလို၊ ရာသီဥတုကြမ်းတမ်းမှုကိုလည်း နေ့ရောညရော သည်းခံခဲ့ရတာဖြစ်ပါတယ်။ တစ်ရက်ကို မိုင်(၁၀၀)ကျော်ကျော် ပြေးလွှားခဲ့ရပါတယ်။ သာမန်လူတစ်ယောက် လိုက်လုပ်ဖို့မလွယ်ကူတဲ့သဘောပါ။

Hall ဟာ Wiltshire ဇာတိဖြစ်ပါတယ်။ ကလေးနှစ်ယောက် ဖခင်ဖြစ်ပြီး၊ တောင်တက်အားကစားပစ္စည်းတွေ၊ အထောက်ကူပြုကိရိယာတွေ ထုတ်လုပ်တဲ့ inov-8 ရဲ့ သံတမန်တစ်ဦးလည်း ဖြစ်ပါတယ်။ Pennine Way လမ်းရဲ့ အမြန်ရောက်စံချိန်ကို Mike Hartley အမည်ရ တောင်တက်အားကစားသမားက (၁၉၈၉)ခုနှစ်မှာ စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

 

 

View this post on Instagram

 

I like running. That’s all really. . 📸 @inov_8 / @jamesappletonphotography . #inov8 #getagrip #woods #daps #tug270

A post shared by DAMIAN HALL (@ultra_damo) on

Mike ဟာ ခရီးစခရီုးဆုံးအတွက် (၆၅)နာရီ(၂၀)မိနစ်အထိ အချိန်ယူခဲ့ရပြီး၊ သူရဲ့စံချိန်ကိုတော့ (၃၁)နှစ်အကြာ  (မကြာသေးခင်ရက်ပိုင်းက) အမေရိကန်မာရသွန်သမား John Kelly က (၆၄)နာရီ (၄၆)မိနစ်နဲ့ စံချိန်ချိုးဖြတ်နိုင်ခဲ့ပါတယ်။ John ရဲ့စံချိန်ကို Hall က (၆၁)နာရီ (၃၄)မိနစ်၊ (၃၃)စက္ကန့်နဲ့ အနိုင်ပိုင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

လင်းသူရိန်

SHARE