(၁၁-၃-၁၈)အတွက် ညနေခင်းပိုင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ArsenalCore

ဂွါဒီယိုလာ – မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာဟာ အသင်းကနေ စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းမှုကို လက်ခံဖွယ်ရှိနေပါတယ်။ သူကိုယ်တိုင်ကလည်း မန်စီးတီးအသင်းမှာ (၁၀)နှစ်လောက်အထိ ကာလရှည်နည်းပြလိုနေပြီး၊ ပရီးမီယားလိဂ်မှာ သမိုင်းသစ်တစ်ခု စိုက်ထူလိုနေတယ်လို့ သိရပါတယ်။

Skysports

ကွန်တီ – ကွန်တီဟာ လာမည့်အပတ်မှာ ယှဉ်ပြိုင်ရမယ့် ဘာစီလိုနာအသင်းနဲ့ပွဲစဉ်မှာ အနိုင်မရခဲ့ဖူးဆိုပါက အဲဒီနေ့ဟာ သူ့အနာဂတ်အတွက် အဆုံးအဖြတ်တစ်ခု ဖြစ်ဖို့ရှိကြောင်း ချယ်လ်ဆီးကစားသမားဟောင်း Ruud Gullit က ဖွင့်ဟခဲ့ပါတယ်။ Gullit ဟာ လက်ရှိအချိန်မှာ နယ်သာလန်ဘောလုံးအသင်း လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်နေပြီး အသင်းပေါင်းစုံမှာ ဘောလုံးပွဲပေါင်း (465)ပွဲ ကစားပြီး (၁၇၅)ဂိုး သွင်းယူခဲ့သူပါ။

အာဆင်နယ် – အာဆင်နယ်အသင်းရဲ့ စီနီယာကစားသမား အများစုက နည်းပြအဖြစ် ခန့်အပ်မယ်ဆိုပါက အသင်းသားတွေအပေါ်မှာ လက်ရှိအချိန်ထိ သြဇာညောင်းနေဆဲဖြစ်တဲ့ အသင်းခေါင်းဆောင်ဟောင်း သီယာရီအွန်နရီကို နည်းပြအဖြစ် ခန့်အပ်ပေးဖို့ ဆန္ဒရှိနေခဲ့တယ်လို့ သိရပါတယ်။

READ
မော်ရင်ဟိုရဲ့ ဖခင် ပေါ်တူဂီဂိုးသမားဟောင်း ဖိလစ် ကွယ်လွန်
Football Oranje

လူငယ်ကစားသမား – ချယ်လ်ဆီး၊ မန်စီးတီး၊ မန်ယူ အသင်းတို့ဟာ Heerenveen အသင်းမှ လူငယ်ကစားသမား Kik Pierie ကို ခေါ်ယူဖို့ ကင်းထောက်တွေနဲ့စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။ Kik ဟာ အသက်အားဖြင့် (၁၇)နှစ်သာ ရှိသေးပြီး Heerenveen အသင်းရဲ့လူငယ်အကယ်ဒမီမှ ထွန်းတောက်လာတဲ့ ကစားသမားဖြစ်ပါတယ်။

စပါး – ပရီးမီးယားလိဂ်ကလပ် စပါးအသင်းအနေနဲ့ ယခုလိုသာ ပုံစံမပျက်ဆက်ပြီး ကြိုးစားသွားပါက အောင်မြင်မှုတွေ ဆက်တိုက် ရရှိလာမှာဖြစ်ကြောင်း စပါးအသင်းရဲ့ခံစစစ်ကစားသမား Jan Vertonghen က ပြောကြားခဲ့ပါတယ်။ စပါးအသင်းဟာ တစ်နှစ်ထက်တစ်နှစ် ခြေစွမ်းပိုင်းပိုမိုမြင့်မားလာခဲ့တဲ့အသင်း ဖြစ်ပါတယ်။

9ja Fans

ဝီရှိုင်းယား – အာဆင်နယ်ကစားသမား ဝီရှိုင်းယားဟာ အင်္ဂလန်အသင်းမှာ ပါဝင်ခွင့်ရဖို့ မျှော်လင့်နေပြီး၊ အာဆင်နယ်အသင်းရဲ့ လက်ရှိအနေအထားကြောင့် အင်္ဂလန်လူစာရင်းမှ ချန်လှပ်ခံရမှာကို စိုးရိမ်နေပါတယ်။ ဒါပေမယ့် ထွက်ပေါ်လာတဲ့သတင်းတွေအရတော့ သူဟာ လာမည့်ကမ္ဘာ့ဖလားမှာ အသင်းမှာပါဝင်ဖွယ်ရှိနေပါတယ်။

READ
(၃၀-၃-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

အေစီမီလန် – အေစီမီလန်အသင်းဟာ အာဆင်နယ်အသင်းမှာ ခြေစွမ်းပြနေတဲ့ ဝီရှိုင်းယားကို မက်မောလောက်တဲ့ လုပ်ခလစာနဲ့ အသင်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ပြီးခဲ့တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ အေစီတို့ အိမ်ကွင်းမှာလည်း ဝီရှိုင်းယားက ခြေစွမ်းပြခဲ့ပြီး၊ သူ့ကို အင်တာကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ယနေ့ညကစားမည့် ပရီးမီယားလိဂ်ပွဲစဉ်များ-

အာဆင်နယ် VS ဝက်ဖို့ဒ် (ည ၈ နာရီ)
ဘုန်းမောက် VS စပါး (ည ၁၀.၃၀ နာရီ)

နတ်စည်တော် (Shwemom)

source  skysports.com

SHARE