(၁၂-၃-၁၈)အတွက် ညနေခင်းပိုင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Daily Sun

ကွန်တီ – ချယ်လ်ဆီးအသင်းနည်းပြ ကွန်တီက သူ လက်ရှိကိုင်တွယ်နေတဲ့ ချယ်လ်ဆီးအသင်းဟာ စီးရီးအေကလပ် ဂျူဗင်တပ်အသင်းလောက်တော့ ချန်ပီယံလိဂ်အတွေ့အကြုံမရှိကြောင်း၊ ဒါကြောင့် ဂျူဗင်ထက် ပိုသာဖို့ဆိုတာ အတော်လေး ခက်ခဲဦးမယ့် အနေအထားမှာရှိကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

Sky Sports

ဝက်စ်ဟမ်း – ကွင်းအတွင်း ပရိသတ်ဝင်ရောက် နှောက်ယှက်မှုကြောင့် ကွင်းပိတ်ကစားဖို့ ပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိနေတဲ့ ဝက်စ်ဟမ်းအသင်းဟာ လာမည့်ပွဲစဉ်တွေအတွက် အလွန်စိုးရိမ်နေပါတယ်။ အထူးသဖြင့် အသင်းရဲ ဘဏ္ဍာရေးနဲ့ ကစားမသားတွေရဲ့ ဖိအားကို မလိုအပ်ဘဲ တိုးပွားလာမှာကို စိုးရိမ်နေကြပါတယ်။

ကွန်တီ – ချယ်လ်ဆီးအသင်းနည်းပြ ကွန်တီက မိမိအသင်းအပေါ် အများကြီး မျှော်လင့်မထားကြဖို့၊ အသင်းသားတွေအနေနဲ့လည်း ဘာစီလိုနာကို ကျော်ဖြတ်နိုင်ရမယ်လို့ အရမ်းကြီးမျှော်လင့်မထားသင့်ကြောင်း၊ ဒီလိုမဟုတ်ရင် ခံစားရလိမ့်မယ်လို့ သူက သတိပေးခဲ့ပါတယ်။ သူ့ရဲ့ သတိပေးမှုကို ချယ်လ်ဆီးအသင်းပိုင်ရှင်တွေက အလွန်ဒေါသထွက်နေတယ်လို့ သိရပါတယ်။

READ
မော်ရင်ဟိုလက်အောက်မှာ ပိုကောင်းတဲ့ကစားသမားဖြစ်လာဖို့ကြိုးစားမယ့်ပေါ့ဘာ
Sky Sports

PSG – PSG အသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူက မိမိအနေနဲ့ နေမာတစ်ယောက် PSG အသင်းမှာ အချိန်ကြာမြင့်စွာ ကစားလိမ့်မယ်လို့ အာမမခံကြောင်း၊ အကြောင်းကတော့ ရီးယဲလ်လိုအသင်းက အလိုရှိနေတဲ့ကစားသမားတစ်ဦးဟာ အသင်းတစ်ခုမှာ ကြာရှည်ထိန်းသိမ်းဖို့ ခက်ခဲကြောင်း ဆိုပါတ.်

မော်ရင်ဟို – ယခုဗုဒ္ဓဟူးနေ့ညမှာ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်အမီ၊ ပေါ့ဂ်ဘာတစ်ယောက် ပြည်လည်ကြံ့ခိုင်လာမယ်လို့ ကံသေကံမ ပြောလို့မရကြောင်း မန်ယူအသင်းနည်းပြ မော်ရင်ဟိုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ တစ်ချို့ကလည်း မော်ရင်ဟိုဟာ အသင်းလူစာရင်းက ပေါ့ဂ်ဘာကို ချန်လှပ်ချင်လို့ အခုလို ပြုလုပ်နေတာလို့ ယူဆနေကြပါတယ်။

PAOK vs AEK အေသင် – ဂရိဒါဘီပွဲစဉ်တစ်ခုဖြစ်တဲ့ PAOK vs AEK အေသင်တို့ရဲ့ပွဲစဉ်ကတော့ အချင်းများရန်ဖြစ်မှုနဲ့ ပွဲပျက်သွားခဲ့ပါတယ်။ အချင်းများမှုဖြစ်စဉ်အစကတော့ PAOK ဘက်က သွင်းယူတဲ့ဂိုးကို ဒိုင်လူကြီးက ခွင့်ပြုခဲ့ပေမယ့်၊ AEK အေသင် အသင်းသားတွေက အပြင်းအထန် ကန့်ကွက်ခဲ့တာကြောင့် ဒိုင်လူကြီးက ဂိုးအဖြစ်သတ်မှတ်ထားတာကိုြ့ပန်လည် ပယ်ဖျက်ခဲ့ပါတယ်။ ဒီမှာတင်ပဲ PAOK အသင်းသားတွေက ပွဲကို ဆက်လက်မကစားတော့ဘဲ ဆန္ဒပြခဲ့ကြရင်း ပွဲပျက်ခဲ့တာ ဖြစ်ပါတယ်။

READ
ကော်တင်ဟို,ကိုခေါ်ယူဖို့ ဘာကာစိတ်ဝင်စားနေကြောင်း ဂန္ထ၀င်ကစားသမား ဒင်ဟိုဖွင့်ဟ
Sky Sports

ဂီရော့ – ချယ်လ်ဆီးတိုက်စစ်မှူး ဂီရော့ကတော့ မိမိတို့ချယ်လ်ဆီးအသင်းအနေနဲ့ ဘာကာအသင်းကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ်နောက်တစ်ဆင့်ကို တက်ရောက်နိုင်လိမ့်မယ်လို့ ယူဆကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဂီရော့က လက်ရှိအချိန်မှာ ကစားသမားစုဖွဲ့မှုချင်းမှာ ဘာကာကို ချယ်လ်ဆီးက မယှဉ်နိုင်ပေမယ့်၊ နိုင်လိုစိတ်နဲ့ ကြိုးစားအားထုတ်မှုကတော့ ချယ်လ်ဆီးက ယှဉ်ဝံ့ကြောင်း ပြောကြားခဲ့ပါတယ်။

ယခုတစ်ပတ် ကစားရန်ရှိသည့် ချန်ပီယံလိဂ်ပွဲစဉ်များ-

နတ်စည်တော် (Shwemom)

source : Internet

SHARE