(၁၂-၃-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ကာရေဂါ – လက်ရှိအချိန်မှာ အားကစားရေးရာကျွမ်းကျင်သူအဖြစ် ဆောင်ရွက်နေတဲ့ လီဗာပူးကစားသမားဟောင်း ကာရေဂါဟာ အသက်(၁၄)နှစ်အရွယ် ကလေးမလေးရဲ့မျက်နှာကို တံထွေးနဲ့ထွေးမှုကြောင့် တရားရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ကာရေဂါကတော့ ဒီဖြစ်ရပ်အတွက် တောင်းပန်ထားတယ်လို့ သိရပါတယ်။

REX

ဟယ်ရီကိန်း – ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘုန်းမောက်အသင်းနဲ့ စပါးအသင်းတို့ ပွဲစဉ်မှာ စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဂိုးသမား Begovic နဲ့ ရင်ဆိုင်အတွေ့မှာ ခြေကျင်းဝတ်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပါတယ်။ ဒီအတွက် စပါးအသင်းသာမက အင်္ဂလန်အသင်းအတွက်လည်း ထိုးနှက်ချက်ဖြစ်ပြီး ဆေးစစ်ချက်ရလဒ်ကို စိုးရိမ်စွာ စောင့်မျှော်နေကြတယ်လို့ သိရပါတယ်။

အဂူရို – မန်စီးတီးတိုက်စစ်မှူး အဂူရိုဟာ ဒူးဒဏ်ရာကုသမှုခံယူဖို့ လာမည့်နှစ်ပတ်အတွင်းမှာ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်တွေကို လွဲချော်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ မန်စီးတီးအသင်းဟာ လာမယ့် နှစ်ပတ်အတွင်းမှာ စတုတ်၊ အဲဗာတန် အစရှိတဲ့အသင်းတွေနဲ့ ပရီမီးယားလိဂ်ပွဲစဉ်တွေ ရှိနေပါတယ်။

READ
ဇီဒန်းနေရာအတွက် ထင်ကြေးပေးခံရတဲ့ နည်းပြများနဲ့ ဖြစ်နိုင်ဖွယ် အလားအလာများ
NEWSGROUP

ပီတာချက် – အာဆင်နယ်ဂိုးသမား ပီတာချက်ဟာ ပရီးမီယားလိဂ်ရဲ့ Clean Sheet ပွဲပေါင်း (၂၀၀)ပြည့်မြောက်ဖို့ နီးစပ်လာပြီလို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ အိမ်ကွင်းမှာယှဉ်ပြိုင်ကစားရတဲ့ ဝက်ဖို့ဒ်အသင်းနဲ့ပွဲစဉ်မှာ (၃-၀)ရလဒ်နဲ့အနိုင်ရခဲ့ပြီး၊ ပီတာချက်ကိုယ်တိုင်က ပင်နယ်တီတစ်လုံး ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်။ အခုအချိန်မှာ  Clean Sheet ပွဲပေါင်း (၂၀၀)ပြည့်မြောက်ဖို့ (၁၁)ပွဲ လိုနေသေးပြီး၊ ပရီးမီးယားလိဂ်မှာတော့ မည်သည့်ဂိုးသမားမှ မတင်နိုင်သေးတဲ့ စံချိန်ဖြစ်ပါတယ်။

အူဘာမီယန် – အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်ဟာ ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဝက်ဖို့ဒ်အသင်းနဲ့ပွဲစဉ်မှာ ဒုတိယအနိုင်ဂိုးသွင်းယူပြီးနောက် သူ့ပုံစံအတိုင်း တစ်ပတ်ကျွမ်းပစ်ပြီး အောင်ပွဲခံခဲ့ပါတယ်။ ယင်းပွဲမှာ အာဆင်နယ်က (၃-၀)ရလဒ်နဲ့ အနိုင်ရခဲ့ပြီး၊ မစ်ခီတာရန်လည်း ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဂိုးသမားပီတာချက်ကလည်း ပင်နယ်တီကာကွယ်နိုင်ခဲ့ပါတယ်။

Goal

အိုဇေးလ် – အာဆင်နယ်ကွင်းလယ်ဗိုလ်ချုပ် အိုဇေးလ်ဟာ အခုဆိုရင် မန်ယူဂန္ထဝင်ကစားသမားကြီး ကန်တိုနာရဲ့ Assist စံချိန်ကို လိုက်မီသွားပြီဖြစ်ပါတယ်။ အိုဇေးလ်ဟာ ဒီစံချိန်ကိုရဖို့ ပရီးမီယားလိဂ်ပွဲပေါင်း (၁၄၁)ပွဲ ကစားခဲ့ရပြီး၊ ကန်တိုနာကတော့ (၁၄၃)ပွဲ ကစားပြီးမှာ ယခုစံချိန်ကို ရခဲ့တာ ဖြစ်ပါတယ်။

READ
ဗန်ဒိုက်ခ်ျကို ပေါင်(၇၅)သန်းနဲ့ခေါ်ယူဖို့သဘောတူညီမှုရခဲ့တဲ့ လီဗာပူးအသင်း

ဘုန်းမောက် VS စပါး – ယမန်နေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ဘုန်းမောက်အသင်းနဲ့ စပါးအသင်းတို့ပွဲစဉ်မှာ အိမ်ရှင်တို့ ပွဲချိန်(၇)မိနစ်မှာပင် စောစီးစွာ အဖွင့်ဂိုးရခဲ့ပေမယ့် စပါးအသင်းက (၃၅)မိနစ်မှာ ချေပဂိုး၊ (၆၂,၈၇)မိနစ်တွေမှာ ဆောင်ဟောင်မင်က နှစ်ဂိုး၊ နာကျင်အချိန်ပိုမှာ အူရီယာက တစ်ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် တိုက်စစ်မှူး ကိန်းကတော့ ဒဏ်ရာပြင်းထန်စွာရသွားခဲ့လို့ စပါးနဲ့ အင်္ဂလန်အသင်းအတွက် ထိုးနှက်ချက်ဖြစ်ပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE