(၁၃-၃-၁၈) ညနေခင်းပိုင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Sky Sports

အာဆင်နယ် – အာဆင်နယ်အသင်းဟာ အသင်းနဲ့ အဆင်မပြေဖြစ်နေတဲ့ ခံစစ်ကစားသမား ဘယ်လာရင်ကို လာမယ့်နွေရာသီမှာ ရောင်းထုတ်သွားမယ်လို့ သိရပါတယ်။ သူရဲ့ပြောင်းရွှေ့ကြေးကိုတော့ ပေါင်သန်း(၅၀) သက်မှတ်ထားပြီး၊ အီတလီအခြေစိုက် ဂျူဗင်နဲ့ ပရီးမီယားလိဂ်ကလပ် မန်စီးတီးတို့က ခေါ်ယူဖို့စိတ်ဝင်စားနေကြောင်း သိရပါတယ်။

Matthew Ashton

PSG – ပြင်သစ်လီဂူး(၁)ကလပ် PSG အသင်းဟာ ချယ်လ်ဆီးအသင်းကစားသမားတွေဖြစ်တဲ့ ဂိုးသမား ကော်တွိုက်စ်နဲ့ ကန်တီတို့ကို ခေါ်ယူဖို့အတွက် ချယ်လ်ဆီးအသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ဒီသတင်းကို နှစ်ဘက်အသင်းက အတည်ပြုခြင်းမရှိသေးပါဘူး။

ရီးယဲလ်အသင်း- ရီးယဲလ်ဟာ နွေရာသီအပြောင်းအရွှေ့အဖြစ် လီဗာပူးတိုက်စစ်မှူး ဆာလက်ကို ခေါ်ယူလိုနေပြီး၊ ငွေပမာဏ မြင့်မားစွာပုံအော အသုံးပြုဖွယ်ရာရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် လီဗာပူးကတော့ ဆာလက်ကို စာချုပ်သက်တမ်းတိုးပြီး မြင့်မားတဲ့လုပ်ခလစာနဲ့ အသင်းမှာဆက်ရှိနေဖို့ ကြိုးစားနေပါတယ်။

Metro

မန်ယူ – ချန်ပီယံလိဂ်ပွဲစဉ်မှာ ဆီဗီလားအသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမယ့် မန်ယူအသင်းလူစာရင်းမှာ ကနဦးတုန်းက ပေါ့ဂ်ဘာ ပါဝင်ဖွယ်မရှိဘူးလို့ သတင်းတွေက ဖော်ပြခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အသင်းတည်းခိုနေတဲ့ဟိုတယ်ကို ပေါ့ဂ်ဘာတစ်ယောက် ရောက်ရှိလာပြီဖြစ်ကြောင်း သိရပြီး၊ ပွဲထွက်ကစားသမားအဖြစ် ပြန်လည်ပါဝင်လာမယ်လို့ သိရပါတယ်။

READ
အများမျှော်လင့်နေတဲ့ ဆန်းချက်ဇ်နဲ့ မက်ခီတာရန်တို့ရဲ့ အပြောင်းအရွှေ့ အပြီးသတ်

မိုက်ကယ်အိုဝင် – လီဗာပူးတိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်ကတော့ ယနေ့ညမှာ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်တွေကို သူ့ထင်မြင်ချက်အရ ခန့်မှန်းပေးလိုက်ပါတယ်။ ဆီဗီလာနဲ့မန်ယူပွဲမှာ အိမ်ကွင်းအားသာချက်အပြည့်ရှိတဲ့ မန်ယူက အနိုင်ရသွားမယ်လို့ သူက ခန့်မှန်းထားပြီး၊ အနည်းဆုံး အိမ်ရှင်က (၁-၀)နဲ့ နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

ရိုးမားနဲ့ ရှက်တာအသင်းတို့ရဲ့ ချန်ပီယံလိ၈်ပွဲစဉ်မှာလည်း အိုဝင်က အိမ်ရှင်ရိုးမားကို အကြိုက်တွေ့နေပြီး အိမ်ရှင်ရိုးမားဟာ ပထမအကြော့မှာတုန်းက (၂-၁)နဲ့ ရှုံးနိမ့်ခဲ့ပေမယ့်၊ အိမ်ကွင်းမှာ (၁-၀)ရလဒ်နဲ့ အနိုင်ရပြီး နောက်တစ်ဆင့်တက်သွားလိမ့်မယ်လို့ အိုဝင်က ခန့်မှန်းထားပါတယ်။

ဘာစီလိုနာ – ဘာစီလိုနာအသင်းခေါင်းဆောင် အင်နီယေစတာဟာ ဒဏ်ရာကြောင့် ချယ်လ်ဆီးနဲ့ပွဲကို ကနဦးတုန်းက လွဲချော်ဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်၊ အခုအခါမှာ အသင်းနဲ့အတူ ပြန်လည်လေ့ကျင့်ခန်းဆင်းနေပြီမို့ ချယ်လ်ဆီးနဲ့ပွဲစဉ်မှာ ပါဝင်လာနိုင်ဖွယ် ရှိနေပါတယ်။

READ
အင်္ဂလန်အသင်းမှာရူးနီကိုကွင်းလယ်ထားသုံးလို့ရကြောင်း သက်သေပြလိုက်တဲ့ဗန်ဟား
UEFA

မန်စီးတီး – မန်စီးတီးအသင်းဟာ ပရီးမီယားလိဂ်နိုင်ပွဲ နှစ်ပွဲရရှိတာနဲ့ EPL ဆုဖလားကြီးကို ကိုင်မြောက်ခွင့်ရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် မန်စီးတီးရင်ဆိုင်ရမယ့် လာမယ့်ပွဲစဉ်တွေမှာ အဲဗာတန်(အဝေး)၊ မန်ယူ (အိမ်)တို့ ဖြစ်ပြီး အသင်းနောက်ခံလူ ကွန်ပနီကတော့ မန်ယူကို အီတီဟက်ကွင်းမှာ အနိုင်ယူပြီး ပရီးမီယားလိဂ်ဖလား ကိုင်မြှောက်ဖို့အခွင့်အရေးဟာ အလွန်ချိုမြိန်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

နတ်စည်တော် (Shwemom)

source : Internet

SHARE