(၁၃-၃-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

WixSports

ဆောက်သမ်တန် – ဆောက်သမ်တန်အသင်းဟာ နည်းပြ ပယ်လီဂရီနိုကို ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။ ဆောက်သမ်တန်အသင်းဟာ အမှတ်ပေးဇယားအဆင့် (၁၇)နေရာမှာ ရပ်တည်နေပြီး၊ လက်ထောက်နည်းပြ Carlos Compagnucci နဲ့ လက်ထောက်  Assistant First Team နည်းပြဖြစ်တဲ့ Xavier Tamarit တို့လည်း အသင်းကနေ ထုတ်ပယ်လိုက်ကြောင်း သိရပါတယ်။ ပယ်လီဂရီနိုဟာ နိုဝင်ဘာလနောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အသင်းအတွက် နိုင်ပွဲတစ်ပွဲသာ စွမ်းဆောင်နိုင်ခဲ့ပါတယ်။

Fox

ကော်တင်ဟို – ဘာစီလိုနာကွင်းလယ်ကစားသမား ကော်တင်ဟိုက အသင်းကိုပြန်လည်ပြောင်းရွှေ့လာလိုတဲ့ PSG တိုက်စစ်မှူးနေမာကို လက်ကမ်းကြိုဆိုသင့်ကြောင်း ၎င်းရဲ့အမြင်ကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ နေမာဟာ PSG အသင်းမှာ စံချိန်တင်လုပ်ခလစာနဲ့ မင်းသားတစ်ယောက်လို နေနေရပေမယ့် အသင်းမှာ မပျော်ပိုက်တော့ဘဲ လာလီဂါကို ပြန်လာလိုနေတယ်လို့ သိရပါတယ်။ ရီးယဲကလည်း ခေါ်ယူလိုနေပါတယ်။

မိုက်ကယ်ကာရစ် – မန်ယူအသင်းရဲ့ ဂန္ထဝင်ကွင်းလယ်ကစားသမားကြီးဖြစ်တဲ့ မိုက်ကယ်ကာရစ်ဟာ ယခုနှစ်ဘောလုံးရာသီကုန်ဆုံးချိန်မှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး တရားဝင် ကစားသမားအဖြစ်မှ အနားယူမယ်လို့ သိရပါတယ်။ ဒီလိုပဲ မန်ယူအသင်းက သူ့အတွက် နည်းပြအဖွဲ့ဝင် တစ်နေရာစာ စီမံပေးလိုနေကြောင်း သိရပါတယ်။

READ
(၂၄-၅-၁၈)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
Sky Sports

ပေါ့ဂ်ဘာ – မန်ယူအသင်းမှာ အဆင်မပြေဖြစ်နေတဲ့ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာဟာ ဒဏ်ရာရထားတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် ကြံ့ခိုင်မှုပြည့်ဝနေကြောင်း နီးစပ်တဲ့အသိုင်းအဝိုင်းက ဆိုပါတယ်။ ဒီလိုပဲ မန်ယူအသင်းသားတွေဟာ ပေါ့ဂ်ဘာမပါဘဲ လေ့ကျင့်ခန်းဆင်းခဲ့ပြီး၊ ဆီဗီလားနဲ့ပွဲစဉ်မှာလည်း ပေါ့ဂ်ဘာကို ချန်လှပ်ဖို့ရှိနေပါတယ်။

ဒီဂီယာ – မန်ယူအသင်းဂိုးသမား ဒီဂီယာကိုလိုချင်နေတဲ့ အသင်းထဲမှာ ရီးယဲမက်ဒရစ်အပြင် PSG ကလပ်လည်း ပါဝင်လာပြီဖြစ်ပါတယ်။ PSG ဟာ ရီးယဲကပေးတဲ့ ပြောင်းရွှေ့ကြေးနဲ့ လစာထက် ပိုပေးနိုင်စွမ်းရှိနေကြောင်း အသင်းနဲ့နီးစပ်သူတွေက ထုတ်ပြန်ခဲ့ပြီး၊ ဒီဂီယာကို အရခေါ်ယူဖွယ်ရှိနေတယ်လို့ သိရပါတယ်။

ပရီမီးယားလိဂ်မှာ Clean Sheet အများဆုံးရရှိထားတဲ့ ကစားသမားများ-

The Sun

ရိန်းဂျား – စကော့တလန်ဒါဘီဖြစ်တဲ့ ရိန်းဂျားအသင်းနဲ့ ဆဲလ်တစ်အသင်းတို့ရဲ့ စကော့ပရီးမီယားလိဂ်ပွဲစဉ်မှာ ရိန်းဂျားအသင်းဟာ တစ်ယောက်ရော့ ဆဲလ်တစ်အသင်းကို (၆၅)မိနစ်ကျော်အထိ (၂-၂)သရေရလဒ်နဲ့ ကစားနိုင်ခဲ့ပေမယ့် (၆၉)မိနစ်မှာ အနိုင်ဂိုးသွင်းခံခဲ့ရပါတယ်။ ယင်းပွဲကို တီဗွီကနေတစ်ဆင့်ကြည့်ခဲ့တဲ့ ရိန်းဂျားပရိသတ်ကတော့ ဒေါသထွက်ပြီး တီဗွီကို ရိုက်ခွဲခဲ့ပါတယ်။

READ
ဘောလုံးသမားသာမဖြစ်ခဲ့ရင် လူသတ်သမားဖြစ်မှာလို့ဖွင့်ဟလိုက်တဲ့Flipe Melo

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE