(၂၇-၃-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဘာစီလိုနာ – မန်ယူအသင်းကနေ ထွက်ခွာဖို့ သေချာသလောက်ဖြစ်နေတဲ့ လုခ်ရှောကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ဘာစီလိုနာအသင်းလည်း ပါဝင်လာပြီဖြစ်ပါတယ်။ လုခ်ရှောဟာ မန်ယူနည်းပြမော်ရင်ဟိုနဲ့ အဆင်မပြေဖြစ်ပြီးနောက် အသင်းကနေ ထွက်ခွာမယ်လို့ သတင်းတွေထွက်ပေါ်နေသူ ဖြစ်ပါတယ်။

GiveMeSports

မိုဟာမက် အယ်လ်နီနီ – အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား အယ်လ်နီနီဟာ အာဆင်နယ်အသင်းနဲ့အတူ ရေရှည်စာချုပ်တစ်ရပ် သက်တမ်းတိုးချုပ်ဆိုနိုင်ခဲ့ကြောင်း သိရပါတယ်။ အာဆင်နယ်အသင်းဟာ ဝီရှိုင်းယားကိုလည်း စာချုပ်သက်တမ်း တိုးဖို့ပြင်ဆင်နေပြီး၊ ကစားသမားဘက်က တောင်းဆိုချက်တွေကြောင့် လောလောဆယ် အခက်တွေ့နေပါတယ်။

ဒိုလေး – ပေါ်တူဂီအသင်းခေါင်းဆောင် ဒိုလေးကတော့ ပြီးခဲ့တဲ့ ဟော်လန်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ပရိသတ်တွေကွင်းအတွင်း ဝင်ရောက်နှောက်ယှက်မှုကြောင့် အတော်လေး ခြောက်ခြားခဲ့ရပုံပေါ်ပါတယ်။ ပရိသတ်တစ်ဦးဟာ သူ့ကို နမ်းမိမတက် ချဉ်းကပ်ခဲ့ပြီး၊ လုံခြုံရေးတွေက ဝင်ရောက်ထိန်းသိမ်းခဲ့ရပါတယ်။

90 Min

ဟာဇက် – ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား ဟာဇက်က မိမိမှာ မက်ဆီကဲ့သို့ ပါရမီရှင်ကစားသမား မဟုတ်ကြောင်း ဝန်ခံခဲ့ပါတယ်။ ချယ်လ်ဆီးပရိသတ်အချို့က သူ့ကို မက်ဆီထက် ပိုကောင်းတဲ့ ကစားသမားလို့ ညွှန်းဆိုနေကြပေမယ့် မိမိမှာ မက်ဆီနဲ့ ထပ်တူခိုင်းနှိုင်းနိုင်တဲ့ အောင်မြင်မှုမရှိသလို၊ ဘောလုံးနည်းစနစ်ပိုင်းမှာ မက်ဆီကို ဘယ်သူမှ ယှဉ်လို့မရနိုင်ကြောင်း သူက ဆိုပါတယ်။

READ
၂၅-၈-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

မန်စီးတီး – မန်စီးတီးအသင်းဟာ ရီးယဲလ်အသင်းမှာ ခြေစွမ်းပြနေတဲ့ ကွင်းလယ်ကစားသမား အစ်စကို,ကို ခေါ်ယူဖို့စိတ်ဝင်စားနေကြောင်း သိရပါတယ်။ အစ်စကိုရဲ့ ပြောင်းရွှေ့ကြေးမှာ ပေါင် (၇၅)သန်းအထိရှိနိုင်ပါတယ်။ သူဟာ ရီးယဲအသင်းကို (၂၀၁၃)ခုနှစ်မှာ ရောက်ရှိလာသူဖြစ်ပြီး (၁၅၂)ပွဲကစားပြီး ဂိုးပေါင်း(၃၀)ကို သွင်းယူထားနိုင်သူပါ။

https://www.instagram.com/p/BgyhhJ0Hkxm/?utm_source=ig_embed

ဥရုဂွေး – တရုတ်ဖိတ်ခေါ်ဖလား ဗိုလ်လုပွဲမှာ ခြေစွာနေတဲ့ ဝေးလ်အသင်းကိုတစ်ဂိုးတည်းနဲ့ ကပ်အနိုင်ရခဲ့တာကတော့ ဥရုဂွေးပဲဖြစ်ပါတယ်။ ဥရုဂွေးဟာ တိုက်စစ်မှူး ကာဗာနီရဲ့ ပွဲချိန်(၄၉)မိနစ်မှာ သွင်းယူခဲ့တဲ့ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ပွဲကိုလည်း အကောင်းဆုံး ထိန်းချုပ်ကစားနိုင်ခဲ့ပါတယ်။

ဖယ်လိုင်နီ – ယခုနှစ်ရာသီကုန်မှာ မန်ယူနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကွင်းလယ်ကစားသမား ဖယ်လိုင်နီကို ပြင်သစ်ကလပ် မိုနာကိုအသင်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုနေကြောင်း သိရပါတယ်။ ဖယ်လိုင်နီဟာ ယခုနှစ်ရာသီမှာ ပွဲထွက်ခွင့်လည်း အလွန်နည်းပါးခဲ့လို့ ပွဲထွက်ခွင့်သေချာမယ့်အသင်းတစ်ခုကို ပြောင်းရွှေ့လိုနေပါတယ်။

နတ်စည်တော် (Shwemom)

READ
ထရမ့်ကိုကြည်ညိုလွန်းလို့ သူ့နာမည်ကို အသင်းမှာထည့်သွင်းခဲ့တဲ့ ဘောလုံးကလပ်

source : thesun.co.uk

SHARE