အိမ်ထောင်ရေးသုခ မရှိတာ ကြာပြီလို့ ထုတ်ပြောလိုက်တဲ့ Marco Ngai ရဲ့ ဇနီးဟောင်း

Image:IG/jaynestars

Marco Ngai က တော့ ဟောင်ကောင်ရဲ့ နာမည်ကြီး မင်းသားတစ်ယောက်ပါ။သူက တော့ TV စီးရီး တွေ အများကြီး မှာ ပါဝင် သရုပ်ဆောင်ခဲ့ဖူးပါတယ်။သူ့ရဲ့ နာမည်ကြီးဇာတ်ကား တွေ ကတော့ Flying Fox of Snowy Mountain 1997, To Catch the Uncatchable ၊ Armed Reaction 1,2,3,4 တို့ ပါ။Marco Ngai ကတော့ အ သက် (၅၇)နှစ် ရှိ နေပါပြီ။Marco Ngai နဲ့ ဇနီးဖြစ်သူ Zhang Lihua တို့ ရဲ့ အိမ် ထောင် ရေး က တော့ ပြို ကွဲ ခဲ့ပါတယ်။ သူမရဲ့ ပြီးခဲ့တဲ့ အိမ် ထောင်ရေးနဲ့ ပတ်သက်ပြီး Zhang Lihua က  ပွင့်ပွင့်လင်းလင်းကို ထုတ် ပြော လာခဲ့ပါတယ်။ဒီ အ ကြောင်းကိုတော့ Asiaone မှာ ဖော်ပြထားတာပါ။

Image:weibo/ Zhang Lihua

Zhang Lihua က တော့ အသက် (၃၂)နှစ်ပါ။Marco Ngai  နဲ့ သူမ ရဲ့ ကြားမှာ လင်မယားကိစ္စ(လိင် ဆက်ဆံ တာ) မရှိတာ နှစ် အ တော်ကြာပြီလို့  ပွင့်ပွင့်လင်းလင်းထုတ် ပြောလာခဲ့ပါတယ်။သူမတို့  ကွာရှင်းဖို့ မလုပ်ခင်  လွန် ခဲ့ တဲ့ ငါး နှစ် ၊ ခြောက် နှစ် လောက်တည်းက အခန်းခွဲ အိပ်ပြီး လင်မယား ကိစ္စ မရှိတော့ တာကြာပြီလို့ ဆိုပါတယ်။ဒီလို ကိစ္စ မျိုး ဆိုတာက နားရှက်စရာ ကြီး၊မ ပြော သင့်တဲ့ အရာကြီးတစ်ခု လို့ တစ်ချို့ လူ့ အသိုင်း အ၀ိုင်း မှာေ တာ့ ထင် ကောင်း ထင် ကြမှာပါ။ဒါပေမယ့်လည်း တကယ့် အိမ် ထောင်သည် Life မှာ တော့ ဒီ ကိစ္စ က ဘ၀ကြီး တော့ မဟုတ် ပေမယ့်လည်း အ ရေး ပါတဲ့ ကိစ္စ တစ်ခုပါ။သူမကို ရှောင်ဖယ် နေတဲ့ ခင်ပွန်း သည် ကြောင့် အစ ပိုင်း မှာတော့ သူ မ ကပဲ တစ်ခုခု လွဲ မှားေ နတာ များလားဆိုပြီး ကိုယ့်ကိုယ်ကို ပြန်ပြီး သံသယ ၀င် ခဲ့တယ်လို့ ဆိုပါတယ်။” အစ တုန်း က   တော့ ငါပဲ အသုံး မကျ တာ များလား ဆိုပြီး ကိုယ့်ကိုယ်ကို တွေးမိတယ်။နှစ်ခါ သုံးခါ လောက် ကျမ ဘက်က ကြိုးစား ကြည့်တော့ သူ့ဘက်က ကို လုံးဝ ဆန္ဒ မရှိ ဖြစ်နေတာ။ဒီ ကိစ္စ ကို သူနဲ့ လည်း ကျ မ ပြောတယ်။ဒါ ပေမယ့် ကျမ တို့  ဆွေးနွေးကျ တိုင်းလည်း အဆုံးမှာအ ဖြေ မရဘူး..” ဆိုပြီး သူမတို့ ကြားက လင်မယား ကိစ္စ ကို ထုတ် ပြောလာခဲ့ပါတယ်။

READ
Kardashian ရဲ့ (၂၀၁၈)ခရစ်စမတ်ကတ်မှာ မပါဝင်ခဲ့တဲ့ Kendall
Image:weibo/ Zhang Lihua

သမီးလေး မွေးလာပြီး နောက်ပိုင်းက စလို့ ခင်ပွန်းဖြစ်သူက သူမကို ရှောင်ဖယ်လာတာ ခံစားခဲ့ရတယ်လို့ Zhang Lihua  က ပြောခဲ့ပါတယ်။Marco Ngai က တော့ သမီး ဖြစ်သူကိုပဲ အပြည့်အ၀ ဂရုစိုက် ချင်လို့ ဆိုပြီး အ ကြောင်း ပြ ခဲ့တယ်လို့ လည်း ဆိုပါတယ်။ဒီလို လင်မယား ကိစ္စ တစ်ခုတည်း လားဆိုရင် တော့ လည်း မဟုတ်ပါဘူး။စိတ် ပိုင်း ဆိုင် ရာ အရာ ပါ ဂရုစိုက်မှုတွေ မရ ခဲ့ဘူး လို့ ဆိုပါတယ်။

” မိန်းမ တစ်ယောက် အ နေနဲ့ ကျမ လည်း အချစ် ခံ ချင်တယ်၊သူက သမီးတစ်ယောက် တည်း အတွက်ကိုပဲ ဂရုစိုက်တာ ဆိုတော့ သူက ဒါကို  သ ဘော မ ပေါက်တာလဲ ဖြစ်နိုင်တယ်..” ။Zhang Lihua  က တော့  Marco Ngai နဲ့ မကွာရှင်းရ သေးခင်မှာ ဘဏ် လုပ်ငန်း ရှင် တစ်ဦး နဲ့ တွဲေ နတဲ့ ပုံတွေ ထွက်ပေါ် ခဲ့ဖူးပါတယ်။သူမနဲ့ အဲ့ဒီ အမျိုးသားတို့ နမ်းနေတဲ့ ပုံတွေ၊အဲ့ဒီအမျိုးသားရဲ့တိုက် ခန်း ကို အတူတူ သွားတဲ့ ပုံတွေ  အထိ ထွက် ပေါ်လာခဲ့တာပါ။ပုံတွေ ထွက်ပြီး သိပ်မကြာခင်မှာပဲ Marco Ngai နဲ့ ကွာ မယ် ဆိုတဲ့ သတင်း ထွက်ခဲ့တာပါ။သတင်းထောက်တွေ နဲ့ အင်တာဗျူး မှာတော့ ဟော့ ဟော့ရမ်း ရမ်း နေ မိ တဲ့ အွက်  တောင်းပန် ခဲ့ပြီး သူမ အိမ် ထောင်ရေး အဆင် မ ပြေ ကြောင်းကို အရိပ် အမြွတ် ပြောပြခဲ့ပါတယ်။

#SHWEMOM

SHARE