သရုပ်ဆောင် ပြောင်မြောက်လွန်းတဲ့ Margot Robbie ရဲ့ ထူးခြားတဲ့ ဇာတ်ကောင်များ

Instagram- @margotrobbie

Margot Robbie ကိုတော့ တော်တော်များများ Suicide Squad ထဲ Harley Quinn အဖြစ် လူသိများမှာပါ။ သူဟာ သူ့ရဲ့အနုပညာသက်တမ်းတစ်လျှောက်လုံးမှာ မတူညီဘဲ အကွဲပြားကြီးကွဲပြားနေတဲ့ ဇာတ်ရုပ်ပေါင်းများစွာကို သရုပ်ဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ DC က ဗီလိန်ဇာတ်ရုပ်ကနေ ဟိုးရှေးခေတ်တုန်းက ဘုရင်မကြီးအထိ ထူးထူးခြားခြားဇာတ်ရုပ်တွေကိုပဲ အများဆုံး အကမ်းလှမ်းခံခဲ့ရသူလည်းဖြစ်ပါတယ်။ သူမရဲ့အောင်မြင်ကျော်ကြားလှတဲ့ အပြောင်းလဲနိုင်ဆုံး ဇာတ်ကောင် (၆) ကောင်ကတော့..

(၁) Harley Quinn

ဒါကတော့ လူတိုင်းသိပြီးသားဖြစ်မှာပါ။ DC ရဲ့ super villain တစ်ဖြစ်လည်း Joker ရဲ့ တွဲဖက်ဖြစ်တဲ့ Harley Quinn အဖြစ် Suicide Squad မှာ သရုပ်ဆောင်ခဲ့ပြီးနောက် Harley Qinn ကိုပဲ ဇာတ်အိမ်တည်ထားတဲ့ Birds of Prey ကိုလည်း မကြာသေးခင်က ရုံတင်ပြသခဲ့ပါတယ်။

READ
Titanic ဇာတ်ကားအကြောင်း သင်မသိသေးတဲ့ အချက်များ
IMbD/SuicideSquad

(၂) Annie

၂၀၁၈ တုန်းက ထွက်ခဲ့တဲ့ Terminal ရုပ်ရှင်ထဲက Annie ကတော့ အမျိုးသမီးကြေးစားလူသတ်သမားမျိုးပုံစံ ဇာတ်ကောင်ပါ။ ကြေးစားဆိုတဲ့အတိုင်း ပစ်မှတ်အနားကိုရောက်ပြီး သေသေချာချာသုတ်သင်ဖို့အတွက် ဒီကားထဲမှာကိုတင် Margot Robbie ဟာ ဆံပင်အမျိုးမျိုး၊ အင်္ကျီအပြင်အဆင်အမျိုးမျိုးပြောင်းလဲပြီး ပစ်မှတ်အနားကို ချဉ်းကပ်တာကိုလည်း ကြည့်ရတာ အားရစရာကြီးပါပဲ။

IMbD/Terminal

(၃) Daphne Milne

Goodbye Christopher Robin ဆိုတဲ့ Winnie-the-Pooh လူကားမှာလည်း Margot Robbie ဟာ Daphne Milne အဖြစ် သရုပ်ဆောင်ထားပါသေးတယ်။ သူမဟာ ဒီရုပ်ရှင်ထဲမှာတော့ သာမန်အနေအေးပြီး အိမ်ရှင်မကောင်းတစ်ဦးအဖြစ် သရုပ်ဆောင်ထားတာပါ။

IMbD/Goodbye Christopher Robin

(၄) Jane Clayton

Disney ရဲ့ live action ရုပ်ရှင်ဖြစ်တဲ့ The Legend of Tarzan မှာဆိုရင်လည်း အထင်ကရဖြစ်နေတဲ့ Disney အမျိုးသမီးဇာတ်ကောင်တွေထဲက Jane အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒီမှာတော့ သူမရဲ့ ရွှေဝါရောင်ဆံပင်တွေကို ခပ်နီနီကောက်ကောက်လေးတွေအဖြစ် မြင်တွေ့ရမှာဖြစ်ပြီး မြို့ကပြသူဖြစ်ပေမယ့်လို့ စူးစမ်းလိုစိတ်ပြင်းပြတဲ့ ခပ်သွက်သွက်ကောင်မလေးအဖြစ် မြင်ရမှာဖြစ်ပါတယ်။

READ
Ma Dong Seok ရဲ့ ဟီးရိုးဝတ်စုံကို ထုတ်ဖော်ပြလိုက်ပြီဖြစ်တဲ့ Marvel Studios
IMbD/The Legend of Tarzan

(၅) Naomi Lapaglia

The Wolf of World Street ထဲ Leonardo DiCaprio ရဲ့ စံပြဇနီးသည်အဖြစ် သရုပ်ဆောင်ရင်း အနုပညာလောကထဲ နာမည်ကြီးလာခဲ့တာလို့ဆိုရမှာပါပဲ။ ဒီကားထဲ အတူနေခန်းပါဝင်ခဲ့ပြီး ဒါဟာ ရုပ်ရှင်ထဲ သူမရဲ့ပထမဆုံးသော ဝစ်လစ်စလစ်အခန်းကို ရိုက်ခဲ့ဖူးတာဖြစ်ပါတယ်တဲ့။

IMbD/The Wolf of World Street

(၆) Celine Joseph

ဒုတိယကမ္ဘာစစ်ကာလ ပြင်သစ်မှာနေထိုင်တဲ့ ရွာသူတစ်ဦးအဖြစ် Suite Française ဆိုတဲ့ထဲမှာသရုပ်ဆောင်ထားခဲ့ပါတယ်။ အသားခပ်ညစ်ညစ်၊ ဆံပင်အမည်းကောက်ကောက်တွေနဲ့ Margot Robbie ဆိုတာတောင် မမှတ်မိနိုင်လောက်အောင် ပြောင်းလဲထားခဲ့ပါတယ်။ ဒီဇာတ်လမ်းကတော့ နိုင်ငံရဲ့ရန်သူနဲ့မှ မသိဘဲ ချစ်ကျွမ်းဝင်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်အကြောင်းလေးပါ။

IMbD/Suite Française

Penny

SHARE