MAXIM Australia ရဲ့ Hot 100 စာရင်းမှာ ပါဝင်ခဲ့ကြတဲ့ ဆယ်လီအလှလေးများ

Image:Ig/Margot Robbie & Ruby Rose

Maxim ကတော့ UK အခြေစိုက် မဂ္ဂဇင်းပါ။သြစတြေးလျ Edition ဖြစ်ပြီး မင်းသမီး၊အဆိုတော်၊မော်ဒယ် မမ လလှလှ လေးတွေရဲ့ ဆွဲဆောင်မှု အပြည့်ရှိတဲ့ ပုံတွေကို ဝေေ၀ ဆာဆာ ထည့်သွင်းဖော်ပြ  ပေးတဲ့ နာမည်ကြီး မဂ္ဂဇင်း ပါ။အထဲမှာတော့ အမျိုးသား Lifestyle အကြောင်းနဲ့ ပတ်သက်တဲ့ အရာတွေကို အများဆုံး ဖော်ပြ ပေး တာဖြစ်ပြီး သြစတြေးလျမှာရှိတဲ့ အမျိုးသားမဂ္ဂဇင်းတွေကိုMaxim  က ဦးဆောင်နေတာပါ။MAXIM Australia 2019 Hot 100 list ကတော့ ထွက်ပေါ်လာခဲ့ပါပြီ။အဲ့ဒီစာရင်းရဲ့ ထိပ်ဆုံးနေရာ ရပ်တည်ခဲ့သူကတော့ Margot Robbie ဆိုတဲ့ သြစတြေးလျ မင်းသမီးလေးပါ။

Suicide Squad  ရဲ့ မင်းသမီးချောလေးကတော့ အခုဆိုရင် အသက် (၂၉)နှစ်ရှိနေပါပြီ။မင်းသမီး ရုပ်ရှင် ထုတ်လုပ်သူ တစ်ယောက် အနေနဲ့ ရပ်တည်နေပါတယ်။အော်စကာ ဆန်ခါတင်စာရင်းဝင် မင်းသမီးလေးရဲ့ ကော်ဇောနီထက်က ပုံကို မဂ္ဂဇင်းကာဗာအဖြစ်  သုံးခဲ့ဖူးပါတယ်။ဒီနှစ်ရဲ့ စာရင်းထဲမှာ ပါဝင် ခဲ့တဲ့ တခြား အချော အလှ လေးတွေ ကို လည်း ကျန်ပါသေးတယ်။

Image:IG/Margot Robbie

မနှစ်တုန်းက Top 100 list ရဲ့ ထိပ်ဆုံးနေရာမှာရှိခဲ့တဲ့ Love Island ရဲ့ Host တစ်ယောက် ဖြစ်တဲ့ Sophie Monk ကတော့ ဒီနှစ်မှာ နံပါတ် (၇) နေရာကို ရောက်သွားခဲ့ပါတယ်။

The Bachelorette ရဲ့ Angie Kent  ကတော့ နံပါတ်ငါးနေရာမှာ ရပ်တည်ခဲ့ပါတယ်။အားကစားနယ်ပယ်ထဲက မိန်းကလေးတွေ လည်း ဒီစာရင်းထဲမှာ ပါဝင် ခဲ့ပါတယ်။ဘောလုံးသမားလေး  Saman- tha Kerr က နံပါတ် (၃)၊ခရစ်ကတ် ကစားသမား  Elise Perry  က နံပါတ်(၆) နဲ့ AFLW player Tayla Harris  တို့က နံပါတ် (၁၃)နေရာမှာ ရပ်တည်ခဲ့ကြပါတယ်။

TV personalities, sports presenters နဲ့ entertainers  တွေ လည်း ဒီစာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။Ruby Rose က နံပါတ် (၁၄)…

 

View this post on Instagram

 

Thank you so much Emmy Magazine. ❤️

A post shared by Ruby Rose (@rubyrose) on

Jessica Mauboy က နံပါတ် (၁၇)…..

Erin Molan က နံပါတ် (၃၅)၊Imogen Anthony ကနံပါတ် (၂၅) တို့ မှာ ရပ်တည်ခဲ့ပါတယ်။

 

View this post on Instagram

 

✨ ~ ~ ✨ ~ ~ ⚜️ ⚜️ ~ ~

A post shared by ᎥᎷᎧᎶᏋᏁ ⛲️ ᏗᏁᏖᏂᎧᏁᎩ (@imogen_anthony) on

 Fox FM radio ရဲ့ host Yvie Jones ကနံပါတ် (၅၅)၊မော်ဒယ် Robyn Lawley ကနံပါတ် (၅၃)…

Nadia Bartel  ကနံပါတ် (၉၁) နဲ့  Dannii Minogue တို့က နံပါတ် (၉၀) တို့မှာ ရှိနေခဲ့ပါတယ်။

Jessika Power နဲ့ Ines Basic တို့ကနံပါတ် (၉၆)၊နိုင်ငံရေးနယ်ပယ်က Jacqui Lambie ကနံပါတ် (၉၈) နဲ့ Abbie Chatfield တို့က နံပါတ် (၈၄)တို့မှာ အသီးသီးရပ်တည်ခဲ့ကြပါတယ်။

READ
ပရိသတ်တွေ မမှတ်မိလောက်အောင် ပုံစံပြောင်းထားတဲ့ ဝင့်ယမုံနိုင်

Source:Dailymail

SHARE