သူမရဲ့ ဘ၀ကို အလှည့်အပြောင်းဖြစ်စေခဲ့တဲ့ ဇာတ်ဝင်ခန်းကို ပြောပြခဲ့တဲ့ Margot Robbie

[email protected]

Harlie Quinn ဆိုရင် Hollywood ရုပ်ရှင်လောကမှာ မသိတဲ့လူ ခပ်ရှားရှားရယ်ပါ။ Joker နဲ့ Harlie Quinn တို့အတွဲဟာ လူငယ်တွေကြိုက်နှစ်သက်ကြတဲ့ အတွဲတစ်တွဲလည်း ဖြစ်ပါတယ်။ Harlie Quinn ရဲ့ Character နေရာမှာ သရုပ်ဆောင်တဲ့ Margot Robbie ဟာဆိုရင်လည်း လက်ရှိမှာတော့ Hollywood ရဲ့ အအောင်မြင်ဆုံးသရုပ်ဆောင်အမျိုးသမီးတစ်ယောက်အဖြစ် ရပ်တည်နေခဲ့ပြီပဲ ဖြစ်ပါတယ်။

View this post on Instagram

Miss me? 💋HQ

A post shared by @ margotrobbie on

ဒီလိုအောင်မြင်လာမှုရဲ့ နောက်ကွယ်မှာတော့ Margot ဟာ သြစတြေးလျနိုင်ငံက ရုပ်သံစီးရီးသရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီလိုသာမန်ရုပ်ရှင်တွေပဲ ရိုက်နေရတဲ့ အပေါ်မှာ Margot ဟာ ကျေနပ်အားရခြင်းမရှိခဲ့တဲ့အတွက် (၂၀၀၉)ခုနှစ်မှာတော့ Hollywood ရုပ်ရှင်လောကထဲကို ခြေစုံပစ် ဝင်လာခဲ့ပါတယ်။ ဒါပေမယ့် ဇာတ်ပို့၊ ဇာတ်ရံနဲ့ ဖြတ်လျှောက်သာသာ နေရာတွေမှာသာ တောက်လျှောက် သရုပ်ဆောင်ခဲ့ရပြီး (၂၀၁၃)ခုနှစ်မှာတော့ နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်တဲ့ The Wolf Of Wall Street ဇာတ်ကားဖြစ်ပြီး မင်းသားကြီး Leonardo ရဲက ဒုတိယဇနီးနေရာက သရုပ်ဆောင်ခဲ့ရပါတယ်။

READ
Aladdin မင်းသားလေးအကြောင်း သိထားသင့်တဲ့ အချက် (၇) ချက်

“ဒီဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတစ်ခုကြောင့် ဟောလိဝုဒ်က ကျွန်မကို သတိထားမိခဲ့တယ် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဇာတ်ကားထဲက Leonardo နောက်မီးလင်းလို့ ကျွန်မနဲ့ ရန်ဖြစ်တဲ့ ဇာတ်ဝင်ခန်းမှာ ဇာတ်ညွှန်းထဲ မပါတဲ့ အရာတစ်ခုကို ကျွန်မ လုပ်မိခဲ့တယ်။ အဲဒါကတော့ Leonardo ရဲ့ မျက်နှာကို ရေနဲ့ပက်လိုက်တာပါ” လို့ Margor က ပြောကြားခဲ့ပါတယ်။

“ ဒီဇာတ်ကားနဲ့ နာမည်ကြီးအောင် ငါတစ်ခုခုလုပ်ရမယ်၊ မဟုတ်ရင် ငါအရင်လျှောက်ခဲ့ရတဲ့ လမ်းကို ပြန်လျှောက်ရတော့မယ်ဆိုတာပါပဲ။ အဲဒီဇာတ်ကားကို ရိုက်တုန်းက အဲ့လိုခံယူချက်မျိုးနဲ့ ကျွန်မ အပြင်းအထန် ကြိုးစားခဲ့ပါတယ်။ ဒါနဲ့ Leonardo ကို နမ်းရမယ့် ဇာတ်ဝင်ခန်းရောက်တဲ့ အချိန်မှာတော့ Leonardo လို မင်းသားမျိုးရဲ့ ပါးကို နမ်းရမယ် .. နောင်ဒါမျိုး အခွင့်အရေး ထပ်ရချင်မှ ရမှာ .. တကယ်ကံကောင်းတဲ့ ငါပါလား ဆိုပြီးတောင် အတွေးနဲ့ ပျော်မိသေးတယ်။

ဒါပေမယ့် ဒုတိယအတွေးတစ်ခု ၀င်လာတာက မိန်းမနဲ့ ကလေး ရှိတာတောင် မူးယစ်ဆေးတွေသုံး၊ ဖောက်ပြန်နေတဲ့ ယောက်ျားတစ်ယောက်ကို သူ့မိန်းမက ဘာလုပ်နိုင်လဲဆိုတာပါပဲ။ အဖြေကတော့ ရှင်းပါတယ်။ မျက်နှာကို ရေနဲ့ပက်ပြီး ဒေါသတကြီး တုံ့ပြန်ခဲ့တာပါပဲ။

READ
သြဂုတ်လကျရင် ကိုလံဘီယာမှာ ရိုက်ကူးရေးပြန်စမယ့် Song Joong Ki

ဒီလိုလုပ်လိုက်လို့ Leonardo ကော၊ အခန်းထဲမှာရှိတဲ့ ဒါရိုက်တာကအစ မီးသမားအဆုံး အကုန်လုံးကြောင်သွားကြတယ်။ အဲဒီရိုက်တဲ့အခန်းပြီးမှ ဒါရိုက်တာက ခုနက ရေနဲ့ပက်လိုက်တဲ့ အခန်းက အရမ်းကို အသက်ပါပြီး ကောင်းလွန်းတယ်လို့ ကျွန်မကိုခေါ်ပြီး ပြောတယ်။

အဲဒီကားရိုက်ပြီး မကြာခင်မှာပဲ မင်းသားကြီး Will Smith နဲ့ Focus ဆိုတဲ့ ဇာတ်ကားမှာ ခေါင်းဆောင်မင်းသမီး နေရာကနေ ရိုက်ကူးခွင့်ခဲ့ရတယ်။ ကျွန်မအရမ်းပျော်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Hollywood က စတင်အသိအမှတ် ပြုခံခဲ့ရတဲ့ ဇာတ်ကားတွေမှာ  နာမည်ကြီး မင်းသားတွေဖြစ်တဲ့ Leonardo တို့၊ Will Smith တို့နဲ့ တွဲဖက်သရုပ်ဆောင်ခွင့် ရခဲ့လို့ပါ” ဆိုပြီး Margot က Queensland ကလေးဆေးရုံက ကလေးငယ်တွေနဲ့ Video Call မှာ ပြောကြားခဲ့ပါတယ်။

JUICED TV – LIVE WITH MARGOT ROBBIE!

Join us as Margot Robbie makes a special ‘virtual visit’ to the Queensland Children's Hospital, with host Katie.

Posted by Juiced TV on Tuesday, May 19, 2020

Pyi Hein Kyaw

SHARE