ဂျပန်ရဲ့နာမည်ကြီးအပြာမင်းသမီးကြောင့် နာမည်ပိုကြီးသွားတဲ့ အင်ဒိုနီးရှားဘောလုံးအသင်း

beritagar

ဂျပန်နိုင်ငံတွင်းက နာမည်ကြီး အပြာဇာတ်ကားသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မာရီယာ အိုဇာဝါ ကတော့ သူမဟာ ဒီနှစ်ဆီးဂိမ်းပြိုင်ပွဲဝင် အင်ဒိုနီးရှားအသင်းကို အားပေးနေသူဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။

မာရီယာ ရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေမှာ သူမက ဆီးဂိမ်းပြိုင်ပွဲဝင် အင်ဒိုနီးရှားအသင်းကို အားပေးနေကြောင်း ပရိသတ်တွေကို အသိပေးလိုက်ပြီး နောက်ထပ် ပို့စ်တစ်ခုမှာလည်း အင်ဒိုနီးရှားအလံကို အနမ်းပေးနေတဲ့ပုံတင်ခဲ့လို့ မာရီယာနဲ့အင်ဒိုနီးရှားတွေ ဘယ်လို ပတ်သက်နေလဲဆိုတာ အားလုံး ဇဝေဇ၀ါ ဖြစ်ကုန်ကြတာပါ။

beritagar

အသက် (၃၃)နှစ်အရွယ် ရှိနေပြီဖြစ်ပေမယ့် လှပနေဆဲဖြစ်တဲ့ မာရီယာ ဆီမှာ ပရိသတ် အခိုင်အမာ ရှိနေလို့ မာရီယာကြောင့် ဆီးဂိမ်းပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ အင်ဒိုနီးရှားအသင်းလည်း ပိုပြီး နာမည်ကြီးသွားခဲ့တာပါ။

တချို့ပရိသတ်တွေကတော့ မာရီယာ တစ်ယောက် အင်ဒိုနီးရှားနိုင်ငံသားအဖြစ်ခံယူတော့မလို့လား ဆိုပြီး မေးခွန်းတွေ ထုတ်နေကြသလို တချို့ကလည်း အင်ဒိုနီးရှား ဘောလုံးသမားတစ်ယောက်ယောက်နဲ့ မာရီယာ တို့ ဇာတ်လမ်းတွေများ ဖြစ်နေကြသလားဆိုပြီး မှတ်ချက်တွေပေးနေကြပါတယ်။

READ
အိမ်ထဲကိုဝင်ပြီး ရန်ရှာဖို့ကြိုးစားတဲ့ သားပိုက်ကောင်ကြောင့် မိသားစုအိမ်ထဲမှာပိတ်မိနေခဲ့
beritagar

Beritagar ၀က်ဆိုက်ရဲ့ ဖော်ပြချက်အရ မာရီယာ ဟာ အင်ဒိုနီးရှားက ထိုင်းအသင်းကို (၀-၂)နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အနိုင်ရမယ့် ရလဒ်ကိုတောင် ကြိုပြီး ခန့်မှန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

မာရီယာ ဟာ ဂျပန်သရုပ်ဆောင်ဆိုပေမယ့် သူမဆီမှာ အင်ဒိုနီးရှား ပရိသတ်တွေလည်း အများကြီး ရှိနေကြလို့ မာရီယာ ကို ပရိသတ်တွေက အင်ဒိုနီးရှားအသင်းရဲ့ လာဘ်ကောင်မဖြစ် သတ်မှတ်ကြတော့မယ်လို့လည်း ဟာသလုပ်မှုတွေ ရှိနေကြပါတယ်။

beritagar

Linn

SHARE