သူမနာမည်ကတော့ Maria Thattil ပါ။ အသက် ၂၇ နှစ်ရှိနေပြီဖြစ်ပြီးတော့ လက်ရှိ သြဇီကိုယ်စားပြု Miss Universe အဖြစ် ရွေးချယ်ခြင်းကို ခံထားရပါတယ်။ Miss မလုပ်ခင်က Maria ဟာ မော်ဒယ်အဖြစ် အချိန်ပိုင်းဝင်ရောက်လုပ်ကိုင်နေသလိုပဲ တစ်ဖက်မှာလည်း ဝါသနာပါတဲ့ fashion blogger အဖြစ် ရပ်တည်လျက်ရှိနေပါတယ်။ ဒီအပြင် စိတ်ပညာနဲ့ လူ့စွမ်းအားအရင်းအမြစ် မေဂျာတို့နဲ့ ဘွဲ့ရရှိထားတဲ့အတွက် အစိုးရဌာနတစ်ခုရဲ့ ဝန်ထမ်းခန့်အပ်ရေးဌာနမှာလည်း အလုပ်လုပ်ကိုင်နေပါသေးတယ်တဲ့။
View this post on Instagram
View this post on Instagram
သူမအနေနဲ့ ရုပ်ရည်ပိုင်းဆိုင်ရာမှာရော၊ ပညာရေးအပြင် လုပ်ငန်းခွင်မှာပါ အပြစ်ပြောစရာမလိုအောင်ဖြစ်နေခဲ့ပေမယ့်လို့ လက်ရှိအလုပ်မှာတော့ အခက်အခဲတွေရှိနေခဲ့တယ်ဆိုပြီး Daily Mail မှာ ဖော်ပြထားခဲ့ပါတယ်။ အကြောင်းကတော့ သူမရဲ့ လှပပြေပြစ်လှတဲ့ ရုပ်ရည်ကြောင့်နဲ့ အချိုးကျလှတဲ့ ခန္ဓာကိုယ်ရယ်၊ အမြဲတမ်း မြင်သူတကာလည်ပြန်ငေးကြည့်ရလောက်အောင် ကြည့်ကောင်းတဲ့ အပြင်အဆင်တွေကြောင့်ပါတဲ့လေ။
View this post on Instagram
သူမစစချင်း အစိုးရဌာနမှာ အလုပ်သင်ဆင်းတဲ့အခါမှာတော့ သူမကို လူတွေကို တခြားဝန်ထမ်းတွေထက် ပိုပြီး ချိုချိုသာသာဆက်ဆံဖို့အတွက ဖိအားပေးခြင်းခံခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူမဟာ တခြားလူတွေထက်ပိုပြီးတော့ လှနေလို့ပါတဲ့။
ဒီအပြင် အတူတူအလုပ်လုပ်တဲ့ လပ်ဖော်ကိုင်ဖက်တွေနဲ့ အထက်အရာရှိတွေရဲ့ စကားပြောချင်သလိုလို၊ မပြောချင်သလိုလိုတွေ၊ သူမကို အလကားနေရင်း အမြင်စောင်းနေတာတွေကိုလည်း ခံနေရပါတယ်တဲ့လေ။ ဒါဟာ သူမလိမ်းထားတဲ့ မိတ်ကပ်က အရမ်းလှနေလို့ဖြစ်ပြီးတော့ အလုပ်ကိုလည်း အလှမယ် fashion blogger တစ်ဦးဖြစ်တာနဲ့အညီ အဝတ်အစားကိုလည်း ကျော့ကျော့ရှင်းရှင်းဝတ်ဆင်တတ်တဲ့အတွက် လူတွေက အလကားနေရင်းနဲ့ သူမကို မခေါ်မပြောနိုင်ဖြစ်နေခဲ့ကြတာပါဆိုပြီး စိတ်ပင်ပမ်းနေရပုံကို ပြောထားခဲ့ပါသေးတယ်။
View this post on Instagram
တချို့ဆိုရင် သူမ ဒီအလုပ်ကိုရတာဟာ အရည်အချင်းကြောင့်မဟုတ်ဘဲ အင်တာဗျူးတဲ့ အမျိုးသားဝန်ထမ်းရဲ့ နှာဗူးကျမှုကြောင့် ခန့်ခဲ့တာဆိုပြီးတောင် ပေါ်တင်လာပြောလာခဲ့သူတွေရှိတောင်ရှိပါသေးတယ်။ ဒါဟာ လုပ်ငန်းခွင်ထဲ မိမိကိုယ်ကိုယ်မိမိ လှအောင်ပြင်ဆင်ချယ်သမှုပိုင်းဟာ ကိုယ့်လွတ်လပ်ခွင့်နဲ့ကိုယ်မလို့ အခုလို ခွဲခြားဆက်ဆံမှုတွေကို ခံနေရတဲ့ သူမလို မိန်းကလေးတွေဖို့တော့ တော်တော်လေးကို အဆင်မပြေပါဘူးဆိုပြီး ထုတ်ပြောလာခဲ့တာပါ။
penny