ကမ္ဘာတစ်ဝန်းက ထူးခြားဆန်းပြားတဲ့ Spa Treatments များ

Spa တွေမှာပုံမှန်တွေ့မြင်နေကျ နှိပ်နယ်ပေးတဲ့ ပုံစံ၊ Treatments  ပုံစံမျိုးနဲ့မ တူပဲ ထူးခြားဆန်းကျယ်တဲ့ ကမ္ဘာတစ်ဝန်းက SpaTreatments  တွေ ကို စုစည်းဖော်ပြပေးလိုက်ပါတယ်။အဲ့ဒီအထဲမှာတော့ အသံကုထုံး၊ဆေးခြောက် မာဆက်(နှိပ်နယ်)၊silent retreat(တိတ်ဆိတ်ကုထုံး)အစရှိတာတွေ ပါဝင်ပါတယ်။

(၁)သွေးအမျိုးအစားအလိုက် ကုထုံး(ထိုင်း)

ဒီကုထုံးကို တော့ ထိုင်းနိုင်ငံ၊ဖူးခက်ကSri Panwa ရှိ  Cool Spa မှာ တွေ့   နိုင်ပါတယ်။လာတဲ့ဧည့်သည်တွေကို သွေးအမျိုးအစားအလိုက် body mask နဲ့မာဆက်(နှိပ်)၀န်ဆောင် မှုပေးတာပါ။ဒီကုထုံးစတိုင်ဟာ ဒေါက်တာPeter D’Adamo ရဲ့blood type diet ကနေဆင်းသက်လာတာပါ။A သွေးပိုင်ရှင် ဆိုရင် အုတ်ဂျုံ၊ ၊ကော်ဖီစေ့၊ပဲပုပ်ပဲနဲ့ body scrubs(ချေးချွတ်)ပေးတာပါ။B ဆိုရင်အသီးအနှံနဲ့ သလင်းကျောက် အင်ဇိုင်းတွေကိုအသုံးပြုကာ၊ O ဆိုရင် လက်ဖက်စိမ်း၊ လာဗင်ဒါ အစရှိသဖြင့် body scrubs လုပ်ပေးတာပါ။

3BE42C7E00000578-4090912-image-a-6_1483695776038

(၂)အိပ်တဲ့ကုထုံး(မော်ဒိုက်၊ဂျာမနီ)

ညအချိန်မှာ သီးသန့်တောအုပ်လေးထဲမှာ လာရောက်သူဧည့်သည်တွေ အနေ နဲ့ ကျောမျက်နှာတွေကို နှိပ်ပေးတာဖြစ်ပါတယ်။ရေချိုးတဲ့စည်ပိုင်းထဲမှာရေစိမ်လို့ရပါတယ်။အထဲမှာတော့ salt crystals၊ စန္ဒာကူးနံ့သာ၊စံပယ်၊နှင်းဆီအစရှိ တာတွေကို ထည့်ပေးထားပါတယ်။အနှိပ်ခံ၊ရေစိမ်ခံပြီးရင်တော့ ပုခက်လို အိပ်ယာမှာ အိပ်စက်နိုင်မှာဖြစ်ပါတယ်။ ဒီလို Spa ကိုတော့ မော်ဒိုက်နဲ့ ဂျာမနီတို့ မှာတွေ့နိုင်ပါတယ်။

READ
သိမှတ်ဖွယ် ဗဟုသုတများ

????????????????????????????????????

(၃)Face Gym (ဗြိတိန်)

ဖုန်း၊ကွန်ပျူတာ၊တက်ဗလက်တိုနဲ့ အမြဲမပြတ်ထိတွေ့နေရသူတွေအတွက် လန်ဒန်မှFace Gym ဖြစ်ပါတယ်။မျက်နှာမှာရှိတဲ့ သွေးလည်ပတ်မှုနဲ့မျက်နှာကို တင်းရင်းစေတဲ့ collagen ကိုထုတ်ပေးအောင် ရည်ရွယ်ဖန်တီးထားတဲ့ မျက်နှာလေ့ ကျင့်ခန်းဖြစ်ပါတယ်။’FaceGym မှာတော့ facial massage treatment ကိုပေးတာဖြစ်ပါတယ်။မျက်လုံး၊မေး၊နဖူးနဲ့လည်ပင်းကြွက် သားတွေကို အဓိကဦးစားပေးနှိပ်နယ်တာပါ။

(၄) Silent retreat(အိန္ဒိယ)

လာရောက်သူဧည့်သည်တွေကအနေနဲ့စိတ်ကို ငြိမ်းအေးအောင်ထားလို့ရတဲ့ တရားစခန်းလို နေရာမျိုးပါ။အထဲမှာဆိုရင်တရားထိုင်တာ၊ယောဂကျင့်တာတွေအပါအ၀င် တခြားနှိပ်နယ်တဲ့ ၀န်ဆောင် မှုတွေလည်းရနိုင်ပါတယ်။အေးချမ်း စိတ် ငြိမ်နေတဲ့ အဲ့ဒီ Spa ၀န်းထဲမှာ လမ်းလျှောက်တာ၊ရေကူးတာ၊ gym ဆော့ တာနဲ့နောက်ဆုံး ရုပ်ရှင်ကြည့်တာတွေလည်းလုပ်လို့ ရပါတယ်။

3BDDE27800000578-4090912-By_tapping_the_body_s_energy_lines_with_a_wooden_hammer_made_fro-a-63_1483634857658

(၅)တုန်ခါမှုကုထုံး( Newcastle )

Newcastle အနီး Seaham ခန်းမ၊Serenity Spa မှာရနိုင်ပါတယ်။ဒါဟာ တုန်ခါမှု ကိုအခြေခံတဲ့ ထိုင်းနိုင်ငံရှေးရိုးရာ ကုထုံးတစ်ခုပါ။လွန်ခဲ့ တဲ့နှစ်ပေါင်း (၅)ထောင်ကျော်လောက် လယ်ကွင်းထဲမှာတနေကုန်အလုပ်လုပ်ခဲ့ရတဲ့ ချင်းမိုင်မှာရှိတဲ့ လယ်သမားတွေအတွက် တီထွင်ပေးထားတဲ့ ကုထုံးလို့သိရပါ တယ်။မန်ကျည်းသားနဲ့လုပ်ထားတဲ့ သစ်သားတူကိုသုံးပြီး တုန်ခါမှုမှတစ်ဆင့် ခန္ဓာကိုယ်နာကျင်မှုတွေကို သက်သာအောင်ကုတာဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံတစ် ၀န်းက Spa တွေမှာ ဒီကုထုံးကို အသုံးပြုနေကြတယ်လို့ သိရပါတယ်။

READ
ပွေ့ဖက်ခြင်း၏ အံ့သြဖွယ်ကောင်းကျိုးများ

75

(၆)တူရိယာသံ ကုထုံး(မက္ကစီကို)

မက္ကစီကို နိုင်ငံ Tulum မြို့မှာရှိတဲ့ Yann Weleness မှာရှိပါတယ်။မောင်း၊ သလင်းကျောက်၊တိဗက်ပန်းကန်လုံး၊ခရုခွံနဲ့နှဲလိုအရာတွေကို အသံထွက်အောင် တီးမှုတ်ကာ ထွက်လာတဲ့ အသံကို ကုထုံးအဖြစ်သုံးတာပါ။ဒီအသံတွေဟာ စိတ်ဖိစီးမှုတွေကို လွင့်ထွက်သွားစေတယ်လို့ သိရပါတယ်။

bdfbe33d0d87a63f1feb9ab0365fac0c_3BDFA8B600000578-4090912-Beauty_brands_are_embracing_the_New_Age_and_creating_treatments_-a-2_1483954349480-456x300

(၇)ဆေးခြောက်မာဆက်၊ရေစိမ်ကန်(အမေရိကန်)

အမေရိကန် Denver မြို့မှာရနိုင်ပါတယ်။ဆေးခြောက်လိုးရှင်းနဲ့ ပက်ပါမင့်ဆီ တို့ကိုသုံးပြီး ခန္ဓာကိုယ်နာကျင်မှုတွေကိုသက်သာအောင်လုပ်တာဖြစ်ပါတယ်။ ဓါတုပစ္စည်းတွေဆိုပေမယ့် ခန္ဓာကိုယ်သွေးကြောထဲကို စိမ့်ဝင်တာမျိုးမဖြစ်စေဘူး လို့ သိရပါတယ်။

Ref;Daily Mail

SHARE