ကာစီနိုဘုရင်သူဌေးကြီးရဲ့ သားက စူပါမော်ဒယ် Ming Xi ကို လက်ထပ်ခွင့်တောင်း

တရုတ်မော်ဒယ် Ming Xi ကတော့ ပုံပြင်ထဲက မင်းသမီးလို အဖြစ်မျိုးနဲ့ လက်တွေ့မှာပါ  ကြုံလိုက်ရပါပြီ။တကယ့် ဒိတ်ဒိတ်ကြဲ သူဌေးကြီးတစ်ယောက်ရဲ့ သားက သူမကို ရိုမန်တစ်ဆန်ဆန်လက်ထပ်ခွင့် တောင်းခဲ့တာပါ။မေလ (၁၃) ရက်နေ့က Ming Xi ကို သူမရဲ့ ချစ်သူ Mario Ho က လက်ထပ်ခွင့်တောင်းခံခဲ့တာပါ။Ming Xi ကတော့ အသက် (၃၀)ဖြစ်ပြီး Mario Ho ကတော့ (၂၄)မို့ မောင်လေးနဲ့ မမ စုံတွဲပါ။Mario Ho ကတော့  မကာ အို ကာစီနိုလောင်း ကစားလောကရဲ့ ဘုရင်တစ်ပါလို့ တောင် တင်စားခံထားရတဲ့ သူဌေးကြီး Stanley Ho ရဲ့ သားပါ။ ဘယ်လောက်ထိ ချမ်းသာသလဲ ဆိုရင်တော့ သူ့ရဲ့ကြွယ်ဝချမ်းသာမှုဟာ မတ်(၂၀၁၈) အထိ စစ်တမ်းအရ အမေရိက န်ဒေါ်လာ(၂.၅) ဘီလီယံရှိပါတယ်။သူဌေးကြီးရဲ့ သမီး Pansy Ho ဟာဆိုရင်တော့ ဟောင်ကောင် ရဲ့ အချမ်းသာဆုံး အမျိုးသမီး စာရင်းမှာ ပါဝင်တဲ့ အထိ ချမ်းသာကြွယ်ဝသူတစ်ယောက်ပါ။

IG
IG
IG
IG

Ming Xi  နဲ့ Mario Ho  တို့ကတော့  ချစ်သူ သက်တမ်းကတော့ နှစ်နှစ်လောက်ရှိနေပါပြီ။ရှန်ဟိုင်းရဲ့ L’Avenue Mall သုံးလွှာကို ကြို တင်ဘို ကင်လုပ် ခဲ့ပါတယ်။အခန်းတစ်ခုလုံးမှာတော့ နှလုံးသားပုံစံအပြင် ပန်းရောင်အဆင်တန် ဆာတွေ နဲ့ အလှဆင်ထားပါတယ်။ချစ်သူရဲ့ ရှေ့မှာ ဒူးထောက်ပြီး ခံစားချက်အပြည့်နဲ့..”မင်းဟာ အရမ်းကို အပြစ် ကင်းစင်တဲ့ ကလေးလေးပါ။ဒါကြောင့်လည်း မင်းနဲ့ အတူရှိချင်တယ်။မင်းနဲ့ အတူရှိနေတဲ့ အချိန်တိုင်း ကိုယ့်ကိုယ်ကို  Safe ဖြစ်တယ်လို့ ခံစားရတယ်။မင်းနဲ့ အတူရှိနေတဲ့ အချိန်တိုင်းက ကိုယ့်ဝဘရဲ့ အပျော်ရွှင်ဆုံးနေ့တွေ ပါပဲ။ဒီလို အချိန်တွေကို ကိုယ်တကယ်ပဲ တန်ဖိုးထားတယ်။ဒီအချစ်နဲ့ အတူ အမြဲတမ်း ထာဝရ အတူရှိသွားဖို့ ကိုယ်မျှော် လင့်တယ်။”Ming Xi ကိုယ့်ကိုယ် လက်ထပ်ပါနော်..” ဆိုပြီး ပြောခဲ့ပါတယ်။Ming Xi  ကလည်း ကိုယ့်ရှေ့မှာ ဒူး ထောက်ပြီး လက်ထပ်ခွင့်တောင်းခံနေတဲ့ ချစ်သူကို Yes အဖြေပြန်ပေးခဲ့ပါတယ်။သူမရဲ့ လက်မှာ Mario က လက်စွပ် လေး စွပ်ပေးခဲ့ပါတယ်။

READ
MODA မဂ္ဂဇင်းအတွက် ဓါတ်ပုံရိုက်ကူးပေးခဲ့တဲ့ နီနီခင်ဇော်
IG
IG
IG

Ming Xi ကတော့ ပြီးခဲ့တဲ့ လတုန်းက ကိုယ်ဝန်ရနေပြီဆိုတဲ့ ကောလာဟလ သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ သတင်းထောက်တချို့ကတော့ Ming Xi  ရဲ့ ဗိုက်စူစူလေးဟာ သူမ စေ့စပ်လိုက်တဲ့ အကြောင်း ကြေညာတဲ့ ပုံမှာတော့ မတွေ့ရတော့ဘူးလို့ ဆိုပါတယ်။Mario ရဲ့ မေမေ သူဌေးကြီးရဲ့ (၄)ယောက်မြောက် ဇနီး Stanley Ho ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ မသိဘူးလို့ ပြောပါတယ်။ကိုယ်ဝန်တကယ်ပဲရှိသည်ဖြစ်စေ၊မရှိသည် ဖြစ်စေ သေချာတာကတော့ မကြာခင်မှာ စူပါမော်ဒယ်နဲ့ ဘီလီယံနာ သူဌေးသားတို့ရဲ့ မင်္ဂလာပွဲကို မြင်ရ အုံးမှာ တော့ အသေအချာပါ။

IG
IG

Source asiaone

SHARE