စမတ်ဖုန်းတွေပေါ်ကို ရောက်လာတော့မယ် Mario Kart ဂိမ်း

Mario Kart ဂိမ်းဟာ ဗွီဒီယိုဂိမ်းအမျိုးအစားဖြစ်ပြီး လူဦးရေ သန်းနဲ့ချီ ဆော့ကစားတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ (၁၉၉၃) ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး Console, Arcade, Mobile ဆိုပြီး အပိုင်း(၃)ခုအထိ ထွက်ခဲ့ပါတယ်။ ဒီအထဲမှာမှ အပိုင်းငယ်လေးတွေများစွာ ပါဝင်ခဲ့ပါတယ်။

အခုအခါမှာတော့ Mario Kart ဂိမ်းကို စမတ်ဖုန်းတွေပေါ်မှာ ကစားနိုင်ဖို့ Nintendo ဂိမ်းကုမ္ပဏီက စီစဉ်နေပြီဖြစ်ပါတယ်။ (၂၀၁၉)ခုနှစ် မတ်လလောက်မှာ ရောက်ရှိနိုင်မယ်ဖြစ်ကြောင်း Nintendo ရဲ့ တရားဝင်စာမျက်နှာမှာ ကြေငြာထားပါတယ်။

တကယ်တော့ Nintendo ဟာ Mario Kart နဲ့ Donkey Kong အစရှိတဲ့ ယင်းတို့ကုမ္ပဏီက ထုတ်လုပ်တဲ့ ဂိမ်းတွေကို ဖုန်းဆော့ဖ်ဝဲပုံစံပြောင်းရေးဖို့ လွန်ခဲ့တဲ့ နှစ်တော်တော်ကြာကြာက ငြင်းပယ်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်ကလည်း ဗွီဒီယိုဂိမ်းဈေးကွက်မှာ အခိုင်အမာ နေရာရရှိထားတယ်လို့ ယူဆခဲ့ပုံပါဘဲ။

သို့ပေမယ့် နှစ်အငယ်အတွင်းမှာ ဂိမ်းသမားတွေဟာ ဖုန်းကိုသာ အသုံးပြုဆော့ကစားခဲ့ကြတော့ပြီး၊ Nintendo ကို ထင်မှတ်မထားဘဲ အရိုက်ကို ထိုးခံခဲ့ရပါတယ်။ အများစုဟာ ဖုန်းနဲ့သာ အချိန်ကုန်နေကြတဲ့အတွက် ဖုန်းအတွက်ရည်ရွယ်ပြီး ထုတ်လုပ်တဲ့ ဂိမ်းတွေဟာ အလွန်အောင်မြင်မှုတွေ ရခဲ့ပါတယ်။

READ
ဓာတ်မီးအဖြစ်လည်းသုံးလို့ရ၊ ဟင်းချက်ရာမှာလည်း သုံးလို့ရတဲ့ FlashTorch

ဒါဟာ Nintendo အတွက် အလွန်နောင်တရစရာ ကိစ္စရပ်ပြီး၊ လက်ရှိအချိန်မှာလည်း စမတ်ဖုန်းတွေပေါ်မှာဆော့ကစားနိုင်အောင်လုပ်ဖို့ အချိန်က လုံလောက်နေပါသေးတယ်။ အချိန်ကျန်နေပါသေးတယ်။ ဒါကြောင့်လည်း Nintendo တာဝန်ရှိသူတွေဟာ Mario Kart ဂိမ်းကို အမြန်မိတ်ဆက်နိုင်ဖို့ စိုင်းပြင်းပြီး ကြိုးစားလာခဲ့တာပါ။

ယမန်နှစ်ကတည်းက Animal Crossing: Pocket Camp, Fire Emblem Heroes, Super Mario Run နဲ့ Miitomo ခေါင်းစဉ်လေးမျိုးနဲ့ ထုတ်လုပ်ဖို့ ကြေငြာခဲ့ပေမယ့် Animal Crossing: Pocket Camp, Fire Emblem Heroes တို့ကိုသာ ထုတ်လုပ်နိုင်ခဲ့ပြီး မှန်းချက်နဲ့ မကိုက်ခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် ဂိမ်းချစ်သူတွေကတော့ Mario Kart ဂိမ်း ဖုန်းတွေပေါ်ကို ဘယ်လိုစွမ်းဆောင်ရည်တွေနဲ့ ရောက်လာလိမ့်မလဲ မျှော်နေကြပါတယ်။

နတ်စည်တော် (Shwemom)

READ
၂၀၁၈နှစ်ကုန်ပိုင်းမှာ 5G စနစ် ဝန်ဆောင်မှု ရရှိစေမယ် ဆိုတဲ့ Verizon

source : 9gag.com

SHARE