Keeping Up With the Kardashians ပရိသတ်တွေ က တော့ Kim Kardashian နဲ့ Kanye West တို့ ကြားက လင်ခန်း မယားခန်း အတွင်းရေးကိစ္စ အိမ် ထောင်ရေး ပြဿနာတွေကို မြင် တွေ့ ခွင့် ရ မှာပါ။လာမယ့် Keeping Up With the Kardashians(‘KUWTK’)နောက်ဆုံး ဖိုင်နယ် Season မှာ တော့ ဒီ အကြောင်း တွေ ကိုပါ ချ ပြ သွားမှာပါ။သူတို့အိမ် ထောင်ရေး ရဲ့ အဆင် ပြေ လိုက် မပြေ လိုက် အခြေ အ နေ တွေ Reality Show ထဲမှာ ပရိသတ်တွေ မြင် အောင် ပြ သ သွားမှာ လို့ Us Weekly မှာ ဖော်ပြခဲ့ပါတယ်။သူတို့ ကြား မှာ ဘာပြဿနာ တွေ ရှိခဲ့ ကြလဲ ဆိုတဲ့ မေးခွန်းက တော့ ပရိသတ် တွေ သိချင် ကြ၊စိတ်ဝင်စားနေကြတဲ့ အရာပါ။
View this post on Instagram
သေချာတာက တော့ KUWTK နောက်ဆုံး ဖိုင်နယ် Season က တော့ သေချာ ပေါက် နာမည်ကြီး လူကြည့် များ အုံး မှာပါ။ စီးရီး တစ် လျောက် လုံး မှာ Kim Kardashian က Kanye West ကို တောက်လျောက် ကာကွယ် ပေးလာခဲ့တာပါ။ October 14, 2007 မှာ စတင် ပြသ ခဲ့တာ ဖြစ်ပြီး မိသားစု အတွင်းရေး Personal အခိုက် အတန့် တွေ က အစ ဒီစီးရီး ထဲမှာ အကုန် ချ ပြ ခဲ့တာပါ။ Kanye West က တော့ သူတို့ အိမ် ထောင်ရေး လင်ခန်း မယားခန်း ကိစ္စ ကို ချ ပြမယ့် အပေါ် သသေဘာ မကျ ဖြစ် နေတယ်လို့ အတွင်းလူ တွေ က တော့ ပြောပါတယ်။ဒီ လ အစော ပိုင်းတုန်းက Kim Kardashian အသက် ၄၃ နှစ် က တော့ အိမ်ထောင်ရေး ကိစ္စ ကို ဘေးချိတ်ပြီး သူမရဲ့ စီးပွားရေးကို ပဲ အာရုံစိုက် တော့ မယ်လို့ လည်း အတွင်းလူ တွေ က ပြော ကြပါတယ်။ သူမဘ၀ ရဲ့လမ်းကြောင်းကို ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ဖို့ ဆွေးနွေးတိုင် ပင်မှုတွေ ကို ပါ လုပ် နေ ပါတယ်။
View this post on Instagram
နှစ်ယောက်ကြား အိမ်ထောင်ရေး ပြဿနာ က ဇူလိုင် လောက် တုန်းက စခဲ့တာပါ။ Kanye West က သမ္မတ ရွေးကောက်ပွဲ ၀င် ပြိုင် မယ်ဆိုတာက စလိုက်ရာ က နေ ဇနီးဖြစ်သူက သူတို့ ပထမဆုံး ကလေး (North )ကို ဖျက် ချ ဖို့ စဉ်းစားခဲ့တယ် ဆိုတာတွေ ပါ ပါလာ ခဲ့တာပါ။ Kardashian က ကွာရှင်းဖို့ ရှေ့နေ တွေနဲ့ တိုင်ပင်တွေ့ဆုံ တာတွေ စ လုပ်လာခဲ့ပါတယ်။အဆင်ပြေ လိုက် မပြေ လိုက် ဖြစ် နေတဲ့ အေ န အထားမှာ ၂၀၂၀ တစ်နှစ်လုံး နီးပါး တစ်ယောက် တစ်ပြည်နယ် ဆီ မှာ ခွဲ နေခဲ့ ကြပါတယ်။ဒီဇင်ဘာ မှာတော့ ရန်ပွဲ ကြီး ဖြစ်ခဲ့ကာ အိမ် ထောင်ရေးကို လုံးဝ အဆုံးသတ် ပစ်ဖို့ အဆင့် ထိ ရောက် လာခဲ့ပါတယ်။
View this post on Instagram
Kim က Kanye ရဲ့ ထင် မှတ် မထားတဲ့ အပြု အမူ တွေ ကို သည်းခံ ပေးနိုင်ဖို့ ကြိုးစား ခဲ့ ကြောင်း၊ခင်ပွန်းရဲ့ စိတ်ကျန်းမာရေးကို ကုသ ပေး နိုင် ဖို့ ကြိုးစား ပေမယ့် သူမ ရဲ့ ကြိုးစားမှု တွေ က မအောင် မြင် ခဲ့တာလို့ အတွင်းလူတွေ က ပြောခဲ့ပါတယ်။ Kardashian မိသားစုရဲ့ KUWTK နောက်ဆုံး ဖိုင်နယ် Season ရိုက်ကူးရေးက တော့ ဇန်န၀ါရီ ၈ ရက် နေ့ မှာ ပြီးခဲ့တာပါ။final episode နဲ့ ပတ်သက်တဲ့ ခံစားချက်မှတ်တမ်းကို တော့ ဆိုရှယ်မီဒီယာက ပြ ခဲ့ပေမယ့် အဲ့အထဲမှာတော့ West မပါ ခဲ့ပါဘူး။
View this post on Instagram
#SHWEMOM