လက်မောင်းမပါလာခဲ့ပေမယ့် သာမန်လူအချို့ထက်တောင် အနုပညာအရည်အချင်းရှိသူ

အသက် (၂၅) ပတ်ဝန်းကျင် Mariusz Kedzierski ဟာ ကိုယ်ရည်သွေးနေတဲ့ အနုပညာရှင် ပန်းချီဆရာတစ်ယောက်ဖြစ်ပါတယ်။ များသောအားဖြင့် လူပုံတူပန်းချီကားတွေကို အသက်ဝင်စွာဖြင့် ရေးဆွဲနိုင်ပါတယ်။

Facebook

သူ့ရဲ့လက်ရာတွေဟာ တကယ့်အကျော်အမော် ဂန္တဝင်ပန်းချီဆရာတွေကို မမှီသေးပေမယ့် မွေးကတည်းက လက်မောင်းတစ်ဆစ်မပါဘဲ မွေးလာသူဖို့ အတွက်ကတော့ တကယ့်ကို ထူးချွန်ပြောင်မြောက်တဲ့ masterpiece လက်ရာတွေပါပဲ။

Facebook
Facebook
Facebook

မသန်ပေမယ့်စွမ်းနိုင်တယ်ဆိုတဲ့စကားကို ကောင်းကောင်းကြီးသက်သေပြခဲ့သူလည်းဖြစ်ပါတယ်။ ကိုယ်အင်္ဂါအစိတ်အပိုင်းချွတ်ယွင်းတယ်ဆိုတိုင်း ကိုယ့်ရဲ့ဘဝကို ကိုယ်တိုင်မဖန်တီးနိုင်တာမဟုတ်သလို သမိုင်းကြောင်းကိုလည်း အကောင်းဆုံးဖြစ်အောင် မရေးနိုင်တာမဟုတ်ပါဘူး။

Facebook
Facebook

Mariusz Kedzierski ဟာ ၂၀ ကျော်သာရှိသေးပေမယ့် သူ့ရဲ့အနုပညာသက်တမ်းကတော့ (၁၀) နှစ်နီးပါးရှိနေခဲ့ပါပြီ။ ပန်းချီကားချပ်ရေပေါင်း (၇၀၀) ကျော်ဆွဲခဲ့ပြီး ၂၀၁၃ ခုနှစ်ဗီယက်နမ်မှာပြုလုပ်ခဲ့တဲ့ “Best Global Artist” မှာ ဒုတိယဆုရရှိခဲ့ပါတယ်။ ဒီအပြင် Cracow, Vienna, Oxford, Wroclaw နဲ့ အခြားမြို့များမှာ ပြုလုပ်ကျင်းပတဲ့ exhibitions တွေမှာလည်း သူ့ရဲ့ပန်းချီလက်ရာတွေကို ဝင်ရောက်ပြသခဲ့ပါတယ်။

READ
မပြောင်းလဲတဲ့ အချစ်စစ်ဆိုတာရှိကြောင်း သက်သေပြနေတဲ့ ဓာတ်ပုံများ
Facebook
Facebook

Europe နိုင်ငံတွေဖြစ်တဲ့ ဘာလင်၊ အမ်စတာဒမ်၊ လန်ဒန်၊ ပဲရစ်၊ ဘာစီလိုးနား၊ မာဆယ်လီ၊ ရောမ၊ အေသင်နဲ့ အခြားဒေသများရဲ့ လမ်းမများထက်မှာ “Mariusz Draws” ဆိုတဲ့ နာမည်နဲ့ သူလိုမပြည့်စုံတဲ့လူမျိုးတွေကို inspire ဖြစ်စေရန်အတွက် လူမြင်ကွင်းမှာ ပန်းချီတွေလိုက်ဆွဲပြခဲ့ပါတယ်။

Facebook
Facebook

ဒီဇင်ဘာလ (၂၁) ရက်နေ့မှာတော့ သူ့ရဲ့ အနုပညာသက်တမ်းဟာ (၁၀) နှစ်ပြည့်တင်းခဲ့ပါပြီ။ ခြေလှမ်းစခဲ့တဲ့ ပထမဦးဆုံးပန်းချီလက်ရာနဲ့ အခုသူ့မှာပိုင်ဆိုင်ထားတဲ့ ပန်းချီလက်ရာတို့ကို ယှဉ်တွဲပြပြီး Facebook ပေါ်မှာ တင်ခဲ့ပြီး တိုးတက်မှုကို နှိုင်းယှဉ်ပြသခဲ့ပါတယ်။

Posted by Mariusz Kędzierski on Sunday, May 13, 2018

Source: Elite Readers, Boredpanda, Facebook

Penny

SHARE